Advertisement

သြဂုတ်လထဲမှာထုတ်လွှင့်မယ့် Netflix ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေထဲက စိတ်ဝင်စားစရာကောင်းတာတချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။

Lucifer (Aug 21)

Season 5 (A) မှာ Lucifer ရဲ့အဖေ God ပါဝင်လာမှာဖြစ်ပြီး မင်းသားကြီး Dennis Haysbert ကသရုပ်ဆောင်မှာပါ။ ရိုက်ကွင်းဓာတ်ပုံတပုံအရ ဧဒင်ဥယျာဉ်နဲ့ နတ်ပြည်အကြောင်းမြင်ရလိမ့်မယ်လို့ တချို့ကသုံးသပ်တယ်။ Season 5 မှာ အပိုင်း ၁၆ပိုင်းပါဝင်မှာဖြစ်ပြီး တကြိမ်ကို ၈ပိုင်းစီနဲ့ ၂ကြိမ်ခွဲပြီးထုတ်လွှင့်သွားမှာပါ။ ဒါဟာ Covid-19 ကြောင့်ရိုက်ကူးရေးတွေနှောင့်နှေးသွားတဲ့အတွက် ရိုက်ကူးပြီးသားအပိုင်း ၈ပိုင်းကိုအရင်ထုတ်လွှင့်တာဖြစ်နိုင်ပါတယ်။ Season 6 ကိုဆက်လက်ရိုက်ကူးသွားဖို့ Netflix ကမီးစိမ်းပြလိုက်ပါပြီ။

Project Power (Aug 14)

Jamie Foxx နဲ့ Joseph Gordon-Levitt တို့အပြိုင်ကြဲထားတဲ့ဒီရုပ်ရှင်ကတော့ superhero ဇာတ်လမ်းနှစ်သက်သူတွေအကြိုက်တွေ့မှာပါ။ ၅မိနစ်စာ တန်ခိုးစွမ်းအင်တခုခုပေးနိုင်တဲ့ဆေးတမျိုးအကြောင်း အခြေခံထားတယ်။ Foxx ရဲ့ဇာတ်ကောင်ဟာ အဲ့ဒီဆေးထုတ်လုပ်နေတဲ့လူဆိုးဂိုဏ်းရဲ့ဖမ်းဆီးခြင်းခံထားရတဲ့ သမီးဖြစ်သူကိုကယ်တင်ဖို့ကြိုးစားတဲ့အကြောင်းတင်ဆက်ထားပါတယ်။ Rapper Machine Gun Kelly လည်းပါဝင်သရုပ်ဆောင်ထားပါတယ်။

World’s Most Wanted (Aug 5)

ဖြစ်ရပ်မှန်မှုခင်းဇာတ်လမ်းကြိုက်တဲ့သူတွေအတွက်တော့ World’s Most Wanted ကိုညွှန်းချင်တယ်။ Docudrama ပုံစံရိုက်ထားတဲ့ဒီဇာတ်လမ်းတွဲက ကမ္ဘာအနှံ့မှာထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တဲ့ရာဇဝတ်ကောင်တွေအကြောင်းနဲ့ ဒီလိုရာဇဝတ်သားတွေကိုထောက်လှမ်းစစ်ဆေးတဲ့နည်းလမ်းတွေအကြောင်းဖြစ်ပါတယ်။ ဒီအထဲမှာ ၇၊ ၇၊ ၂၀၀၅ ခုနှစ်ကလန်ဒန်ဗုံးဖောက်ခွဲမှုမှာပူးပေါင်းကြံစည်သူတဦးဖြစ်သူ Samantha Lewthwaite (White Widow)၊ ရဝမ်ဒါလူသတ်ပွဲတွေမှာပါဝင်ခဲ့သူလုပ်ငန်းရှင် Félicien Kabuga တို့လိုပုဂ္ဂိုလ်တွေအကြောင်းပါဝင်ပါတယ်။

Do Do Sol Sol La La Sol (Aug 26)

Netflix ရဲ့ K Drama series သစ်ဖြစ်တဲ့ Do Do Sol Sol La La Sol ကတော့ တေးဂီတဇာတ်မြူးလေးပါ။ အကြောင်းအမျိုးမျိုးကြောင့်စီးပွားပျက်သွားတဲ့စန္ဒရားပညာရှင်ကောင်မလေး Goo Ra-Ra (Go Ara) နဲ့ အလုပ်မျိုးစုံလုပ်ရင်းဘဝကိုလက်တွေ့ကျကျဖြတ်သန်းနေတဲ့ Sun Woo-Joon (Lee Jae-Wook) တို့ဟာရွာလေးတရွာက တေးဂီတသင်တန်းကျောင်းမှာမတော်တဆတွေ့မိကြပါတယ်။ ဘဝအခြေခံချင်းမတူတဲ့ သူတို့ ၂ယောက်ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ Crush Landing on You တို့ The World of the Married တို့လိုလူကြိုက်များလာမလားဆိုတာကိုတော့စောင့်ကြည့်ရဦးမှာပါ။

Legend of Korra (Aug 14)

Animation ကြိုက်တဲ့သူတွေအတွက်တော့သတင်းကောင်းပဲ။ ၁၄ရက်နေ့ကစပြီး The Legend of Korra အစအဆုံး Netflix မှာကြည့်နိုင်ပါပြီ။ ဓာတ်ကြီး ၄ပါးကိုထိန်းချုပ်နိုင်တဲ့ Avatar ဖြစ်သူ Korra ရဲ့စွန့်စားခန်းတွေနဲ့ ဘဝဇာတ်လမ်းကိုအခြေခံထားပြီး အရင် The Last Air Bender ထဲကဇာတ်ကောင်တချို့လည်းပါဝင်ထားတယ်။ ကြည့်ဖူးတဲ့သူတွေကတော့ပြန်ကြည့်ရင်း ငယ်ဘဝကိုလွမ်းမိမယ်။ မကြည့်ရသေးဖူးဆိုရင်လည်းကြည့်ကြည့်ဖို့ညွှန်းပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here