Advertisement

Krispy Kreme Myanmar နဲ့ Tree Food တို့ collaboration လုပ်တယ်ဆိုတဲ့ teaser ကို Facebook မှာဖတ်လိုက်ရတော့ စိတ်ဝင်စားသွားတယ်။

မြန်မာ့ရိုးရာသွားရည်စာတွေနဲ့ပတ်သက်တာဆိုတော့ ထန်းလျက်တော့ပါရမယ်လို့တွေးမိတယ်။ ကိုယ်ကနိုင်ငံခြားသားမိတ်ဆွေတွေနဲ့အစားအသောက်အကြောင်းစကားစပ်မိတိုင်း ထန်းလျက်ကိုမြန်မာ့ချောကလက်ဆိုပြီးမြည်းခိုင်းနေကျဆိုတော့လေ။

အုန်းသီးခြစ်လေးတွေဖြူးထားပြီး ထန်းလျက်ရည်သုပ်ထားတဲ့ အုန်းမွှေးဒိုးနပ်လေးကို လက်ဆောင်လာပို့ပေးတဲ့အတွက် တရားဝင်မရောင်းသေးခင်ကြိုပြီးမြည်းစမ်းခွင့်ရလိုက်ပါတယ်။

Krispy Kreme ဒိုးနပ်ဆိုအရမ်းချိုလို့သိပ်မစားဖြစ်ဘူး။ ဒါပေမယ့် အုန်းမွှေးဒိုးနပ်ကျတော့အချိုကအနေတော်လေးပဲ။ အုန်းသီးနံ့လေးသင်းနေပြီး မုန့်သားကတော့ Krispy Kreme ရဲ့ထုံးစံအတိုင်းအိစက်နေတာပေါ့။ ပုံမှန်ဆို တခုစားပြီးအီသွားပေမယ့် သူ့ကျတော့တထိုင်တည်း ၂ခုတွယ်ပစ်လိုက်တယ်။ 😁

ဆိုတော့ သြဂုတ် ၁ရက်နေ့မှာစရောင်းတဲ့အချိန်ကျရင် မြည်းကြည့်ပါလို့။ မြန်မာ့ရိုးရာထန်းလျက်နဲ့ ကမ္ဘာကျော်ဒိုးနပ်တို့ရဲ့ပေါင်းစပ်မှုဟာ ကော်ဖီပူပူလေးနဲ့ပဲစားစား၊ ထမင်းစားပြီးအချိုပွဲအဖြစ်ပဲစားစား အဆင်ပြေနေမှာပါ။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here