Rain Café က Bingsu menu သစ်ထွက်တယ်ဆိုလို့သွားမြည့်ကြည့်ဖြစ်ခဲ့တာလေး Myanmore Plus ပရိသတ်ကြီးကို ပြန်ဖောက်သည်ချချင်လို့။
Bingsu ဆိုတာကတော့ရေခဲမှုန်လေးတွေနဲ့လုပ်ထားတဲ့ကိုရီးယားစတိုင်အချိုပွဲပေါ့။ Mango Cheesecake, Choco Brownie, Matcha Green Tea နဲ့ Milk Tea ဆိုပြီး ၄မျိုးရှိတယ်။ Myanmore Plus ကသွားဖြစ်ခဲ့တာကတော့ Junction City ၃လွှာကဆိုင်ခွဲပါ။
ဆိုင်လေးကဥယျာဉ်လေးလိုလိုပန်းလေးတွေနဲ့အလှဆင်ထားတယ်။ ဓာတ်ပုံရိုက်လို့လှတာကတော့တဆိုင်လုံးပဲ။ ဒါပေမယ့်အကြိုက်ဆုံးနေရာလေးကတော့ ပန်းလေးတွေအပြည့်ကပ်ထားတဲ့နံရံပေါ့။ ဓာတ်ပုံတွေအများကြီးရိုက်ခဲ့ပေမယ့် restaurant review မို့လို့ selfie တွေတော့မတင်တော့ဘူးနော်။
Milk Tea Matcha Green Tea
New menu ထဲက Matcha Green Tea နဲ့ Milk Tea ၂မျိုးမှာလိုက်တယ်။ Milk Tea ကတော့ ရေခဲမှုန်လေးတွေပေါ်ကို cream cheese နဲ့ almond လေးတွေဆမ်းထားတာ။ Vanilla ice-cream တလုံးပါတယ်။ ပြီးတော့ ရေခဲမှုန်ထဲမှာကျောက်ကျောနဲ့ဖရုံစေ့လေးတွေထည့်ထားသေးတယ်။ Milk Tea အရသာရေခဲမှုန်နဲ့တွဲစားလိုက်တော့ အီအီဆိမ့်ဆိမ့်နဲ့။ အအီအဆိမ့်ကြိုက်တဲ့သူတွေအတွက် ပိုအဆင်ပြေပါလိမ့်မယ်။ သူ့ကို 6/10 ပေးပါတယ်။
Matcha Green Tea Bingsu ကတော့ matcha အရသာရေခဲမှုန်ပေါ်ကို black beans တွေနဲ့ mochi လေးတွေဖြူးထားတာ။ Black bean ကသူ့အတိုင်းစားကြည့်ရင်မကောင်းပေမယ့် ရေခဲမှုန်လေးတွေနဲ့တော့ လိုက်ဖက်တယ်။ Matcha အရသာ mochi လေးတွေကိုတော့အကြိုက်ဆုံးပဲ။ ဝါးလိုက်ရင်အိအိလေးနဲ့ matcha နံ့လေးသင်းနေတာပဲ။ အထဲမှာ green tea ice-cream တလုံးပါသေးတယ်။ ရေခဲမှုန်တွေရဲ့အောက်ကို သစ်ကြားသီးလေးတွေအုပ်ထားတာ။ သူကလည်းဒီအတိုင်းစားတာထက် တခြား ingredient တွဲစားရင် ပိုကောင်းပါတယ်။ Matcha Green Tea ကိုတော့ပိုကြိုက်တယ်။ 8/10 ပါ။
ဝန်ထမ်းတွေကဖော်ရွေတယ်။ ဆိုင်ခန်းအပြင်အဆင်လေးလည်းလှတယ်။ Bingsu လေးတွေကလည်းစားကောင်းပါတယ်။
Overall score: 3.5 out of 5
No. 026, 3rd floor, Junction City, Pabedan Tsp, Yangon.
01 820 3955
9:00 AM – 9:00 PM