Advertisement

ဒီအပတ်မှာ ပိတ်ရက်က သောကြာနေ့ကနေ တနင်္လာနေ့အထိ ၄ရက်ကြီးများတောင်ဆိုတော့ အိမ်မှာထိုင်နေမယ့်အစား လေကောင်းလေသန့်ရှူရင်း road trip ထွက်ချင်တယ်ဆိုတဲ့သူတွေအတွက် guide လေးပါ။

နေပြည်တော်ကလွဲရင် တခြားနေရာတွေမှာ Covid-19 စစ်ဆေးရေးဂိတ်တွေလည်းမရှိတော့ သူငယ်ချင်းတွေစုပြီးခရီးသွားလို့အကောင်းဆုံးအချိန်ပေါ့။

အရင်ဆုံးလူများများစီးလို့ရတဲ့ကားတစီးလောက်ငှားမယ်ဆိုရင် https://www.yomacarshare.com/ မှာ ကိုယ်လိုအပ်တဲ့လူပမာဏအလိုက်အိမ်စီးကားအမျိုးမျိုးကိုငှားရမ်းနိုင်ပါတယ်။ အာမခံနဲ့ဓာတ်ဆီလည်းပါပြီးသားဆိုတော့အဆင်ပြေတာပေါ့နော်။

ကိုယ်မမောင်းဖူးတဲ့လမ်းတွေမို့သွားရမှာစိတ်ပူနေတာလား။ အဲ့ဒါဆိုရင်တော့ Khiri Travel ရဲ့ခရီးသွားအစီအစဉ်တွေကိုစုံစမ်းကြည့်ပါ။ လုံခြုံမြန်ဆန်တဲ့ကားလမ်း၊ ဟိုတယ်ဘွတ်ကင်နဲ့ နယ်ခံလမ်းပြတွေပါပြီးသားခရီးစဉ်တွေရှိပါတယ်။ အသေးစိတ်ကိုဒီ link မှာဖတ်လို့ရသလို email ပို့စုံစမ်းနိုင်ပါတယ်။
နိုင်ငံခြားသားမိတ်ဆွေတွေနဲ့ခရီးသွားမယ်ဆိုရင် အင်္ဂလိပ်စကားပြောလမ်းပြတွေရှိမရှိမေးကြည့်ပါ။

ဆိုင်ကယ်စီးခရီးသွားရတာနှစ်သက်တဲ့သူတွေအတွက်ကတော့ http://myanmarmotorbikes.com မှာ အုပ်စုလိုက်ခရီးသွားတဲ့အစီအစဉ်တွေရှိပါတယ်။

လုံခြုံစိတ်ချရပြီး ပျော်စရာခရီးစဉ်လေးဖြစ်ပါစေဗျား…။

Photos: Khiri Travel Myanmar

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here