Will နဲ့ Jada Pinkett Smith ဆိုတာ Hollywood ရဲ့ golden couple လို့ပြောလို့ရပါတယ်။ အိမ်ထောင်သက် ၂၃နှစ်ကြာရှိခဲ့တဲ့ငယ်လင်ငယ်မယားတွေဆိုလည်း မမှားပါဘူး။ ဒါပေမယ့်ဒီဆက်ဆံရေးဟာ လူတွေထင်သလိုအမြဲအဆင်ပြေချောမွေ့နေခဲ့တာမဟုတ်ကြောင်း Smith စုံတွဲက ဇူလိုင် ၁၀ရက်နေ့မှာ ဖွင့်ဟခဲ့ပါတယ်။
Facebook ပေါ်မှာထုတ်လွှင့်တဲ့ Red Table Talk Show မှာ Jada ဟာလွန်ခဲ့တဲ့ ၄နှစ်လောက်က ရက်ပ်အဆိုတော် August Alsina နဲ့ပတ်သက်ခဲ့ဖူးကြောင်းထုတ်ပြောခဲ့တယ်။
Autoimmune ရောဂါကြောင့်အသည်းမကောင်းတဲ့ဝေဒနာခံစားနေရတဲ့ Alsina ကို အားပေးနှစ်သိမ့်ရင်း သံယောဇဉ်တွယ်ခဲ့တာဖြစ်ကြောင်းလည်း Jada ကရှင်းပြပါတယ်။ အဲ့ဒီတုန်းကသူမနဲ့ Will ဟာခဏပြတ်စဲခဲ့ကြကြောင်းဆိုတယ်။

“အဲ့ဒီအဖြစ်ကြောင့်ကျမဟာကိုယ့်ကိုယ်ကိုယ်ပိုနားလည်လာခဲ့တယ်။ စိတ်ပိုင်းဆိုင်ရာမရင့်ကျက်မှုတွေ၊ မလုံခြုံမှုတွေကိုဖြတ်ကျော်ရင်း ကိုယ့်ကိုယ်ကိုယ်ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်” လို့ Jada ကပြောပါတယ်။
အခုတော့လည်း Smith စုံတွဲဟာပြန်အဆင်ပြေသွားကြပြီဖြစ်ပြီး တယောက်နဲ့တယောက် အကန့်အသတ်မရှိချစ်တဲ့အဆင့်ကိုရောက်သွားပြီလို့ Jada ကဆိုတယ်။ စကားဝိုင်းအဆုံးသတ်ခါနီးမှာ Will က “ငါမင်းကိုပြန်ပိုင်ဆိုင်နိုင်ဖို့ကြိုးစားမှာပါ” လို့ဆိုခဲ့ပြီး Jada ကရယ်ရင်း “အခုကျမကိုရှင်ပြန်ရပါပြီ။ ကျမတို့အဆင်ပြေသွားပါပြီ” လို့ပြန်ပြောပါတယ်။
၂၄နာရီအတွင်းမှာ လူ ၁၅သန်းလောက်ကြည့်ရှုခဲ့ကြတဲ့ ၁၂မိနစ်ကြာစကားဝိုင်းဟာ Red Table Talk ရဲ့အအောင်မြင်ဆုံး episode ဖြစ်လာခဲ့ပါတယ်။
Ref: Elle, ETOnline