ကော်ဖီဆိုင်ထိုင်တယ်ဆိုတာ ကော်ဖီသောက်ချင်တယ်ဆိုတာထက်ပိုပါတယ်။ တခါတလေ တယောက်တည်းတိတ်တိတ်ဆိတ်ဆိတ်စာဖတ်ချင်လို့၊ ချစ်သူနဲ့တွေ့ဖို့၊ သူငယ်ချင်းတွေအတူဆုံဖို့ စသဖြင့်ရည်ရွယ်ချက်အမျိုးမျိုးနဲ့ထိုင်ကြတယ်။ မကြာခင်ကမှဖွင့်တဲ့ကော်ဖီဆိုင်လေး ၅ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။
W Bistro

ဆိုင်နာမည်ကတိုတိုရှင်းရှင်းနဲ့မှတ်ရလွယ်တဲ့ဒီဆိုင်လေးကအပြင်အဆင်တော်တော်လှတယ်။ ကော်ဖီအပြင် မုန့်တွေနဲ့ မြန်မာဟင်းတွေလည်းရပါတယ်။
Winner Inn, 42, Than Lwin Rd., Yangon
01 524 387
7:00 AM- 10:00 PM
Café Deja Brew II

လွန်ခဲ့တဲ့ ၁နှစ်ကျော်လောက်ကမြို့ထဲမှာဖွင့်ခဲ့တဲ့ Deja Brew ဟာ vintage အပြင်အဆင်နဲ့ specialty coffee တွေကြောင့်ရန်ကုန်ကကော်ဖီချစ်သူတွေကြားမှာနာမည်ကြီးတယ်။ Deja II ဖွင့်တာတလလောက်ပဲရှိပါသေးတယ်။ အပြင်ထုတ်ထားတဲ့ခုံလေးတွေမှာထိုင်ပြီး မိုးရွာတာကိုကြည့်ရင်း ကော်ဖီပူပူကိုတစိမ့်စိမ့်သောက်ပါ။
No.42, Ground Floor, Corner of Ma Po Street and Thu Kha Street, Myaynigone Township, Yangon
09 430 52489
9:00 AM – 8:00 PM
Thae Lay Coffee

နာမည်လေးကချစ်စရာကောင်းသလို ဆိုင်လေးကလည်းချစ်စရာကောင်းတယ်။ Cream များများ ကော်ဖီပျော့ပျော့ကြိုက်သူတွေအတွက်အဆင်ပြေတယ်။ သဲလေးမှာ သဲလေးနဲ့ဒိတ်လိုက်တော့နော်။
No. 192 Kabar Aye Pagoda Rd, Level 1, Myanmar Plaza, across from Marketplace & Seasons’ Bakery, Bahan Township, Yangon
09264274284
9:00 AM – 8:00 PM
Cofree Coffee

ဘားနဲ့ကဖေးတွဲထားတဲ့ ဒီဆိုင်လေးကကော်ဖီနဲ့မုန့်တွေအပြင် ပါစတာလိုအနောက်တိုင်းအစားအစာတွေပါရပါတယ်။
No.6, Shin Sawpu Pagoda Street, Sanchaung Township, Yangon
09 889 600011
9:00 AM – 8:00 PM
Art Cafe Yangon

Art Café ကကော်ဖီဆိုင်သက်သက်ဆိုတာထက် ဥရောပနဲ့မြေထဲပင်လယ်စာတွေရတဲ့ brasserie လို့ပြောရင်ပိုမှန်လိမ့်မယ်။ နေမပူ မိုးမရွာတဲ့နေ့မျိုးဆိုရင်တော့ ခြံဝင်းထဲကခုံလေးတွေကလေတဖြူဖြူးနဲ့ တော်တော်ထိုင်လို့ကောင်းပါတယ်။
35E, Khaing Shwe Wah Street, Insein Road, Hledan, Kamayut Township
09 776 465138
8:30 AM – 11:00 PM