သူငယ်ချင်းတွေနဲ့အုပ်စုလိုက်ဆိုင်ထိုင်မယ်ဆိုရင် ၁၉လမ်းနဲ့ စမ်းချောင်းတဝိုက်ကိုပဲ စဉ်းစားမိလေ့ရှိတယ်။ ကမ်းနားလမ်းပေါ်က Yangon Night Market ကလည်းအခုဆိုရင်ဘားတွေစားသောက်ဆိုင်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်လာပြီး လေတဖြူးဖြူးနဲ့ထိုင်လို့ကောင်းပါတယ်။ TGIF လုပ်ဖို့ ကမ်းနားလမ်းပေါ်က ဘား ၈ခုအကြောင်းပြောပြချင်ပါတယ်။
Hiso Heaven

Bardubai ကဖွင့်တဲ့ဆိုင်လေးပါ။ ဥရောပ၊ အာရပ်၊ မက္ကဆီကို အစားအသောက်တွေရလို့ အစားတလိုင်းတွေလည်းအကြိုက်တွေ့မယ်။ ကော့တေးတွေအပြင် ရှီရှားလည်းရပါတယ်။
09 754 270 758
4:00 PM – 11:00 PM
Night Life Bar

ကော့တေး၊ ဘီယာနဲ့ BBQ တွေရနိုင်တဲ့ဒီဘားက လေတဖြူးဖြူးနဲ့ထိုင်လို့ကောင်းတဲ့နေရာလေးပါ။
09 662 601717
4:00 PM – 10:00 PM
Cocky Bar

Rosewood Hotel ရှေ့မှာရှိတာမို့ view ကတော့မိုက်တယ်။ Night market မှာအစောဆုံးဖွင့်တဲ့ဘားတွေထဲက တခုဖြစ်ပြီး drink တွေအပြင်ရှီရှားလည်းရပါတယ်။
09 796 150633
4:00 PM – 10:00 PM
Street Bar

ပေ ၄၀ရှည်တဲ့ container bar ကြီးဖြစ်ပြီး အစားအသောက်တွေကဈေးသက်သာတယ်။ လေညှင်းခံရင်း အပန်းဖြေလို့ကောင်းတဲ့နေရာလေးပါ။
09 687 980888
4:00 PM – 10:00 PM
Jazz Bar

ကော်ဖီကော ဘီယာနဲ့သောက်စရာလေးတွေပါရတဲ့ Jazz Cafe & Bar ပါ။ Menu က snack နဲ့ main course ခွဲထားပြီး အစားအသောက်တော်တော်များများက fusion dish တွေကိုတီထွင်ဆန်းသစ်ထားတယ်။
09 44488 8646
4:00 PM – 10:00 PM
My Bar

Promotion တွေ VIP ခံစားခွင့်တွေနဲ့သီးသီးသန့်သန့်လေးအပန်းဖြေလို့ရတဲ့ဘားပါ။ သူတို့ကိုယ်တိုင်တီထွင်ထားတဲ့ drink နဲ့ ကော့တေးတွေကိုလည်းသုံးဆောင်နိုင်ပါတယ်။
09787822221
4:00 PM – 10:00 PM
The Box

စည်ပိုင်းခုံတွေ မီးအိမ်လေးတွေနဲ့အပြင်အဆင်တော်တော်လန်းတယ်။ အစားအသောက်တွေကလည်းအရသာရှိပါတယ်။
09 696 829267
4:00 PM – 10:00 PM
Bar Angel

ဘီယာလား ကော့တေးလား အပျော့လား အပြင်းလား အကုန်ရပါတယ်။
09892871920
3:00 PM – 10:00 PM
ရဲရင့်ဘုန်းရေးသားသော 8 Bars to Try at Yangon Night Market အားဘာသာပြန်ဆိုဖော်ပြအပ်ပါသည်။