ဆူရှီကိုအဆာပြေသွားရည်စာအဖြစ်စားကြတဲ့သူတွေရှိသလို fine dining ဆန်ဆန်အမြတ်တနိုးစားကြတဲ့သူတွေလည်းရှိတယ်။ ကိုယ်သုံးချင်တဲ့ဘတ်ဂျက်ပမာဏအလိုက် မြည်းစမ်းကြည့်သင့်တဲ့ရန်ကုန်ကဆူရှီဆိုင် ၉ဆိုင်အကြောင်းပြောပြချင်ပါတယ်။ အခုမှဆူရှီကိုစမ်းစားကြည့်မယ့်သူတွေရော ဆူရှီပုံမှန်စားတဲ့သူတွေရော အကြိုက်တွေ့မယ်ထင်ပါတယ်။
Ichiban Sushi

အခုမှဆူရှီစစားကြည့်ချင်လို့ဈေးအရမ်းမကြီးတဲ့ဆိုင်ရှာနေတဲ့သူတွေအတွက်ဒီဆိုင်လေးကိုညွှန်းပါတယ်။ အရေအတွက်နဲ့အသားပေါ်မူတည်ပြီး တပွဲ ၂၀၀၀ကျပ်လောက်ကစတဲ့အတွက် ရွေးချယ်စရာတော်တော်များတယ်။ ငါးအစိမ်းမကြိုက်ရင်လည်း cooked option ရှိပါတယ်။
No.148, Anawrahta Road, Between 47th Street and 48th Street, Botataung Township, Yangon
09 252 365 139 | Delivery available
9:00 AM – 10:00 PM
Oishii Sushi

ရန်ကုန်မှာအစောဆုံးဖွင့်တဲ့ဆူရှီဆိုင်တွေထဲကတခု။ လူများလို့စောင့်ပြီးစားရတဲ့ဆိုင်လေး။ ဆူရှီတွေကအရွယ်အစားကြီးလို့ ၄-၅ခုစားလိုက်ရုံနဲ့ ဗိုက်ပြည့်တဲ့အပြင် အကင်နဲ့ set menu တွေလည်းရပါသေးတယ်။
No.98, Latha Road, Latha Township, Yangon
09 255 825 731 | Delivery available
10:00 AM – 9:00 PM
Shabushi

ဒီဆိုင်ကကျတော့ ဆူရှီနဲ့ဟော့ပေါ့ကိုဘူဖေးပုံစံနဲ့ရောင်းတာ။ ကျပ် ၁၅၀၀၀ နဲ့အချိန်တနာရီခွဲအတွင်း ကြိုက်သလောက်စားလို့ရတော့အဆင်ပြေတယ်။ ဆူရှီမကြိုက်လည်းဟော့ပေါ့ကိုအဝစွဲလို့ရတာပေါ့။
Ground Floor, Ocean Shwe Gone Daing, corner of Shwe Gone Daing Road and Banyadala Road, Bahan Township, Yangon
01 860 3869 Ext 210
10:00 AM – 8:00 PM
Gekko

ဆူရှီစားနေကျသူတွေဆိုသိလိမ့်မယ်။ ဆူရှီကိုအအေးခံထားတဲ့လက်ဖက်ရည်ကြမ်းသောက်ရင်း စားလေ့ရှိပါတယ်။ ဒါပေမယ့် Gekko မှာတော့ကော့တေးသောက်ရင်းဆူရှီစားတဲ့ experience ကိုမြည်းစမ်းကြည့်ပါ။
No.535, Merchant Road, Kyauktada Township, 4th Quarter, Yangon
01 254 041
Wednesday – Sunday (12:00 PM -10:00 PM)
Ietsu

Ietsu က ဂျပန်ရိုးရာခေါက်ဆွဲ soba ကြောင့်နာမည်ကြီးပေမယ့် ဆူရှီနဲ့ဆာရှိမိတွေကလည်း စားကြည့်သင့်တဲ့အထဲပါပါတယ်။ ဆာကေးတွေလည်းရှိတာမို့ ဆူရှီစားရင်းဆာကေးပါသောက်ခဲ့နော်။
Urban Asia Center, corner of 48th Street and Mahabandula Road, Botahtaung Township, Yangon
11:00 AM – 3:00 PM・ 5:00 PM – 10:00 PM
09 887 667 668
Sushi Tei

သူ့ menu မှာဂျပန်ရိုးရာအစားအစာတွေပါသလို အာရှအစားအသောက်တွေနဲ့ရောစပ်တီထွင်ထားတဲ့ ဟင်းလျာသစ်တွေလည်းရှိတယ်။ ဇူလိုင် ၂၄ကနေ သြဂုတ် ၃၁အထိ ဆယ်မွန်ဟင်းလျာတွေအကုန် ၂၀ရာခိုင်နှုန်း discount ပေးနေတယ်ဆိုတော့ ဆယ်မွန်ချစ်သူတွေအတွက်သတင်းကောင်းပေါ့။
No.126, Dhammazedi Road, Bahan Township, Yangon
11:00 AM – 9:00 PM
09 44411 5662
The Sushi Bar

Bar ပုံစံနဲ့ဆူရှီဆိုင်လေး။ Facebook ပေါ်မှာတော့ ဆယ်လီတွေကြားနာမည်ကြီးနေပါပြီ။ တခြားဆိုင်တွေထက်နည်းနည်းဈေးများတယ်လို့ထင်ရပေမယ့် တခုစားပြီးသွားတာနဲ့ပေးရတာတန်တယ်လို့တွေးမိပါလိမ့်မယ်။ Monsoon Promotion မှာသြဂုတ်တလလုံး မနက် ၁၁နာရီကနေ ညနေ ၃နာရီအထိ ၃၀ရာခိုင်နှုန်း discount ရှိပါတယ်။
No.144, Dhammazedi Road, Bahan Township, Yangon
11:30 AM – 11:00 PM
09 886 188678
The Emporia

ချက်ထရီယံလိုဟိုတယ်မှာ ဆူရှီနဲ့ဆာရှိမိဘူဖေးစားရတာထင်သလောက်ဈေးမကြီးပါဘူး။ တယောက်ကို US$39 နဲ့ ၂နာရီတိတိဆူရှီနဲ့ဆာရှိမိကြိုက်သလောက်စား၊ ဝိုင်၊ ဘီယာ၊ အချိုရည်ကြိုက်သလောက်သောက်ပါ။ ကလေးတွေဆို $20 ပဲပေးရပါတယ်။ Alcohol တော့မပါဘူးပေါ့နော်။
No.40, Natmauk Road, Tamwe Township, Yangon
01 954 4500
Every day from 12:00 PM – 9:00 PM
Cho Japanese

ဆီဒိုးနားမြေညီထပ်က fine dining ဂျပန်စားသောက်ဆိုင်မှာ sushi counter သက်သက်ရှိပါတယ်။ ပိုပြီး premium ဆန်ဆန်စားချင်တယ်ဆိုရင် လစဉ်လုပ်လေ့ရှိတဲ့ Omakase Week ကို join ပါ။ အဲ့ဒီမှာ ဂျပန်က Toyosu Fish Market ကတိုက်ရိုက်တင်သွင်းတဲ့ပင်လယ်စာတွေကိုလတ်လတ်ဆတ်ဆတ်စားရမယ်။ ဈေးကတော့တယောက်ကို ဒေါ်လာ ၈၀ကစပြီး ၂၀၀ အထိရှိပါတယ်။
Level 1, Sedona Hotel Yangon, No.1, Kaba Aye Pagoda Road, Yankin Township, Yangon
11:30 AM – 10:30 PM
09 258 223 223 (Omakase Hot Line Number: 09 440 859 572, 09 2583 22223)