House of Bread ဆိုတာဖွင့်တာမကြာသေးတဲ့ပြင်သစ်စတိုင်မုန့်ဆိုင်ကလေးပါ။ ဥရောပပေါင်မုန့်အမျိုးမျိုးအပြင် လတ်လတ်ဆတ်ဆတ်ကြိတ်ထားတဲ့ကော်ဖီမှုန့်တွေနဲ့ဖျော်တဲ့ကော်ဖီကိုပါရနိုင်တယ်။
ဆိုင်အပြင်အဆင်ကတော့ခေတ်မီပုံစံနဲ့ မိရိုးဖလာပြင်သစ်ပေါင်မုန့်ဆိုင်တွေရဲ့အခင်းအကျင်းကို ရောမွှေထားတယ်။ ဆိုင်ထဲဝင်လိုက်တာနဲ့ပေါင်မုန့်ဖုတ်တဲ့ရနံ့သင်းသင်းနဲ့ ကော်ဖီနံ့မွှေးမွှေးလေးက သင့်ကိုဗိုက်ဆာသွားစေမှာပါ။
ဆိုင်ကမုန့်ဖုတ်သမားတွေဟာဂျပန်မုန့်ဖုတ်ပညာကိုသင်ယူထားပြီး စက်ပစ္စည်းတွေကိုလည်းနိုင်ငံခြားကတင်သွင်းတယ်လို့ ဆိုင်တာဝန်ရှိသူကဆိုပါတယ်။ ဥရောပနိုင်ငံစုံမရောက်ဖူးတော့ အဲ့ဒီမှာရောင်းတဲ့မုန့်တွေနဲ့ တထေရာတည်းတူမတူအာမမခံနိုင်ပေမယ့် အရသာကတော့စားဖူးနေကျပေါင်မုန့်တွေနဲ့မတူတာတော့သတိထားမိတယ်။
Baguette ကတော့မစားမဖြစ်စားရမယ့်အထဲပါတယ်။ ထမင်းလွတ်စားချင်ရင်တော့ ham & egg sandwich သာမှာလိုက်ပါ။ အသီးအရွက်တွေနဲ့ အသားကော ကြက်ဥကောပါတဲ့အတွက် အရသာလည်းရှိသလို အာဟာရလည်းဖြစ်ပါတယ်။

Croque Monsieur လို့ခေါ်တဲ့ဆင်းဒွစ်ချ်ကိုလည်းမြည်းကြည့်ခဲ့ပါတယ်။ သူကအထဲမှာပျားရည်နဲ့ဖုတ်ထားတဲ့ဝက်သားနဲ့ မိုဇွဲလားချိစ်ညှပ်ထားပြီး ချိစ်တွေတော်တော်များတော့အီတယ်။ ချိစ်မကြိုက်တဲ့သူတွေကတော့သိပ်သဘောတွေ့မှာမဟုတ်ဘူး။ ဆင်းဒွစ်ချ်ဆော့စ်ကိုဆိုင်ကကိုယ်တိုင်လုပ်တာလို့သိရပါတယ်။
ခြုံပြောရရင်တော့အဆာပြေစားဖို့ထက် ဗိုက်အပြည့်စားချင်တဲ့သူတွေအတွက်ပိုသင့်တော်တယ်။ မုန့်တွေကလည်း ၂၀၀၀၀န်းကျင်ကနေ ၆၀၀၀-၇၀၀၀ အထိရှိပါတယ်။
အမှတ် ၁၂၁၊ မြေညီထပ်၊ PKBC Building၊ အလုံလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ အလုံမြို့နယ်၊ ရန်ကုန်။
09 892 892 020
10:00 AM – 8:00 PM
ယဉ်မေဖူးရေးသားသော HOUSE OF BREAD – French Bread in Yangon အားဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။