Advertisement

မိုးတွေသည်းလို့ဘယ်သွားရမှန်းမသိဖြစ်နေတယ်၊ အိမ်ထဲမှာလည်းမနေချင်ဘူးဆိုရင် မိုးလုံလေလုံစိတ်အပန်းဖြေလို့ရမယ့် activity ၇မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

Grit မှာကိုယ်လက်ဘယ်လောက်တည့်လဲစမ်းကြည့်မယ်

ဗိုက်ကင်းတွေလိုပုဆိန်ပေါက်တမ်းကစားလို့ရသလို old fashioned dart throwing ကစားနည်းတွေလည်းရှိတဲ့ The Grit Myanmar ကပိတ်ရက်မှာသူငယ်ချင်းတွေနဲ့အပန်းဖြေလို့အကောင်းဆုံးနေရာတခုပါ။ VR games နဲ့ PS4 တွေလည်းရှိတယ်နော်။ တယောက်ချင်းနဲ့အုပ်စုလိုက်ဈေးနှုန်းတွေအမျိုးမျိုးရှိတာမို့ သူတို့ Facebook (The Grit Myanmar) မှာကြည့်ပါ။

In front of the Chin Ngan Sat restaurant, Kandawgyi, Myaw Zin Kyun, Yangon
1pm – 8pm (Closed on Tuesdays)
09 951 64616 (Booking only)

Royal Sportainment မှာ bowling ကစားမယ်

Bowling ကစားဖူးတဲ့သူတိုင်းတခါသွားပြီးထပ်သွားချင်တဲ့နေရာလေး။ မကစားတတ်ရင်လည်းမပူပါနဲ့ staff တွေကပြောပြသွားမှာပါ။ Monsoon promotion အနေနဲ့ ကြားရက်တွေမှာ တယောက် ၅၀၀၀ကျပ်၊ ပိတ်ရက်တွေမှာ ၆၀၀၀ကျပ်အထိလျှော့ချထားလို့ promotion ရှိတုန်းမြန်မြန်သွားထားနော်။

In front of Victoria Hospital, Taw Win Road, 9 Mile, Mayangone Township, Yangon
10am – 9pm
09 6 777 888 93

လေဟုန်မှာဝဲမလား Indoor Skydiving ကိုသွား

လေထဲပျံဝဲနေရသလိုစိတ်လှုပ်ရှားမှုမျိုးကိုတောင့်တခဲ့ဖူးပါသလား။ Indoor Skydiving Yangon မှာ ၂မိနစ်ကို ၃၅၀၀၀ကျပ်နဲ့ လေမှာပျံဝဲနိုင်ပြီနော်။ အသက် ၁၀နှစ်အထက်ဖြစ်ဖို့တော့လိုပါတယ်။ နှလုံးရောဂါရှိတဲ့သူ၊ မကြာခင်ကမှခွဲစိတ်မှုခံယူထားရသူ၊ ရင်ကျပ်ရှိသူ၊ ပေါင် ၂၅၀အထက်ရှိသူတွေကတော့ ကစားလို့မသင့်လျော်ပါဘူး။

Taw Win Road, Mayangon Township, Yangon
9am – 8pm
09 3400 62000

Yangon Waterboom မှာဖူဆယ်ကစားမယ်

ချွေးလေးထွက်သွားအောင် သူငယ်ချင်းတွေနဲ့မိုးလုံလေလုံဘောလုံးကန်ကြမယ်။ Yangon Waterboom ကမဖွင့်သေးပေမယ့် ဖူဆယ်ကွင်းကတော့ဖွင့်နေပါပြီ။ အခုပဲသူငယ်ချင်းတွေနဲ့စုပြီး booking လုပ်တော့လေ။

Weekday prices: Ks10,000 (7am – 3pm), Ks15,000 (3pm – 9pm) per hour
Weekend and holiday prices: Ks15,000 (7am – 3pm), Ks20,000 (3pm – 9pm) per hour

Yangon Waterboom, Yamonar Road, Dawbon Township, Yangon
7am – 9pm
09 421 085 685

Urban Cue မှာအေးအေးဆေးဆေးဘိလိယက်ထိုးမယ်

စိတ်ရဲ့တည်ငြိမ်မှု၊ လက်ရဲ့သေချာမှုတွေကိုလေ့ကျင့်ဖို့ ဘိလိယက်ထိုးကြစို့။ ဘိလိယက်နဲ့စနူကာဆိုတာ ဘီယာအေးအေးလေးသောက်ရင်းအပန်းဖြေဖို့အကောင်းဆုံးအားကစားနည်းတခုပါ။ ဈေးနှုန်းတွေအနေနဲ့ တနာရီ ၅၀၀၀ကျပ်ကစပါတယ်။

Shwe Baho Plaza, Near Shwe Baho Hospital, Tamwe, Yangon
09 778 835 412

SOHO Diamond Tower, Behind BMW Showroom, Kamayut, Yangon
09 963 569 567

2nd floor, Urban Asia Center, corner of 48th street and Maha Bandula Road, Botataung, Yangon
09 952 014 700

11am -11pm

Alibaba မှာဂိမ်းကစားမယ်

ဂိမ်းဆော့မလား၊ အရုပ်ကောက်မလား Alibaba ကတော့ထူးထူးထွေထွေမိတ်ဆက်ပေးစရာမလိုတဲ့ amusement park တခုပါ။ ဂိမ်းဆော့ပြီးရတဲ့ point တွေကို လက်ဆောင်တွေနဲ့လဲယူလို့လည်းရသေးတယ်နော်။

(Pansodan) Pansodan Street (Middle Block), Kyauktada Township, Yangon | 11am – 8pm
(Theingyizay) Bldg 2, C Shed, Ground Floor, Thein Gyi Market, Pabedan Township, Yangon | 11am – 8pm
(Myanmar Plaza) Room 206-E, 2nd Floor, Myanmar Plaza, Bahan Township, Yangon | 9am-9pm
(Arcade Hero) No-62, 3rd Floor, Ocean Pazundaung, Mahabandoola Street, Pazundaung Township, Yangon | 9am-9pm
(Junction City) 3rd Floor, Junction City, Bogyoke Road, Yangon | 9am-9pm
(San Yeik Nyein) 3rd Floor, Gamone Pwint Shopping Mall, Insein Road, Yangon | 10am – 6pm
09 696 996623

ဘေဘီလေးတွေအတွက် Momoplay

တနေ့တနေ့အိမ်မှာနေပြီးစာဖတ်ရ ရုပ်ရှင်ကြည့်ရတာကို ငြီးငွေ့လာတဲ့သားသားမီးမီးတွေကို အလုပ်ပိတ်ရက်မှာ Momoplay ဆီခေါ်သွားလိုက်ပါ။ Momoplay ရဲ့ကစားနည်းတွေက အပန်းပြေရုံသာမကဘဲ ကလေးတွေရဲ့တွေးခေါ်ပုံနဲ့ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေဖို့ရည်ရွယ်ပါတယ်။ ဝင်ကြေးကကလေးတယောက်ကိုတနာရီ ၃၀၀၀ကျပ်ဖြစ်ပြီး လူကြီးတွေအတွက်ကတော့ ၂၀၀၀ကျပ်ပါ။ Social distancing အတွက် တနာရီ လူ ၃၀ ပဲကန့်သတ်ထားလို့ booking တင်ဖို့လိုပါတယ်။

Momoplay @ StJohn
Level 3, City Mall St John, Behind Food Court
No. 6B, Corner of Pyay Road & Min Ye Kyaw Swar Road, Lanmadaw Township, Yangon
9am – 7pm
09 775 587 727

Momoplay @ Myanmar Plaza
Level 3, Myanmar Plaza, Next to Black Canyon Coffee, Kabar Aye Pagoda Road, Bahan Township
9am – 9pm
09 775 587 717

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here