Advertisement

ကမ်းနားလမ်းပေါ်ကဘားတွေထဲမှာ ကော်ဖီကော ဘီယာနဲ့သောက်စရာလေးတွေပါရတဲ့ Jazz Cafe & Bar ကိုရုံးဆင်းချိန်တရက်သွားဖြစ်ခဲ့တယ်။

Jazz ကဇွန်လလောက်ကမှဖွင့်ထားတာဖြစ်ပေမယ့် လူကတော့တော်တော်စည်နေပြီရှင့်။ Rosewood Hotel နဲ့မျက်နှာချင်းဆိုင်ဆိုတော့ view ကတော့လှတယ်။ ကော်ဖီနဲ့ဘားပေါင်းထားတာဆိုတော့ လူကတော့အစုံပဲ။ လူငယ်တွေပါသလို သက်လတ်ပိုင်းတွေလည်းရှိတယ်။ တယောက်တည်းထိုင်နေတဲ့သူတွေရှိသလို အပေါင်းအသင်းတွေနဲ့စုဝေးထိုင်နေသူတွေလည်းရှိပါတယ်။

နေ့စဉ် ညနေ ၄နာရီကနေ ၇နာရီအထိ happy hour ဖြစ်ပြီး ဒီအချိန်အတွင်း Heineken တခွက် ၁၀၀၀၊ ဝိုင်တခွက် ၂၀၀၀၊ gin & tonic တခွက် ၂၅၀၀ နဲ့ရနိုင်ပါတယ်။ ကော်ဖီနဲ့မုန့်တွေရပေမယ့် ရောက်သွားတဲ့အချိန်ကကော်ဖီသောက်ရမယ့်အချိန်မဟုတ်တော့ drink နဲ့ အမြည်းလေးတွေပဲမှာဖြစ်ခဲ့တယ်။

Menu က snack နဲ့ main course ခွဲထားပြီး အစားအသောက်တော်တော်များများက fusion dish တွေကိုတီထွင်ဆန်းသစ်ထားတာပါ။ ဆိုပါတော့ penne pasta နဲ့ Cajun-style salmon ကိုတွဲဖက်ထားတာမျိုး၊ tandoori style ကြက်ကင်ကိုသုပ်ထားတာမျိုး။ သက်သတ်လွတ်သမားတွေအတွက်ရွေးစရာဟင်းပွဲတွေလည်း တော်တော်များပါတယ်။ ဥပမာ pita ပေါင်မုန့်နဲ့ hummus၊ သက်သတ်လွတ်ဘာဂါတွေရနိုင်တယ်။

ကျမတို့ကတော့ ငါးအသားချောင်းကြော်တပွဲ အကြော်စုံတပွဲမှာလိုက်ပါတယ်။ တပွဲကို ၅၀၀၀ပါ။ အကြော်စုံမှာဆို တန်ပူရာ၊ ကော်ပြန့်ကြော်နဲ့ စမူဆာတွေအများကြီးပါတယ်။ တို့စားဖို့မန်ကျည်းသီးအချဉ်ချပေးထားပြီး ဘီယာနဲ့ဆိုတော်တော်လိုက်ပါတယ်။

ငါးအသားချောင်းကြော်က ပြုပြင်ထားတဲ့ငါးမဟုတ်ဘဲ တကယ့်ငါးအသားနဲ့ကြော်ထားတာ။ တပွဲမှာ ၆ခုပါပြီး မရောနိစ်ဆော့စ်၊ အချဉ်တည်ထားတဲ့အသီးအရွက်တွေနဲ့တွဲဖက်ပေးပါတယ်။

ဆိုင်အတွင်းဘက်မှာတော့ ဂျက်ဇ်တေးသွားတွေဖွင့်ထားတယ်။ ကျမတို့ကအပြင်မှာထိုင်နေတော့ လူသံတွေကားသံတွေဆူနေတာနဲ့ သိပ်တော့မကြားရဘူး။ ဆိုင်က ၂ထပ်ဖြစ်ပြီး အပေါ်ထပ်လေဟာပြင်မှာလေတဖြူးုဖြူးနဲ့ပိုထိုင်လို့ကောင်းပါတယ်။ နေဝင်ချိန်ကိုကြည့်ပြီး အောက်ထပ်ဆင်းထိုင်ကြည့်ခဲ့သေးတယ်။ အပေါ်ထပ်လောက်အသံတွေမဆူတော့ နားအေးပါးအေးထိုင်ချင်တဲ့သူတွေဆို အောက်ထပ်မှာပိုအဆင်ပြေပါလိမ့်မယ်။

No. CB-8 & CB-9, Yangon Night Market, ကမ်းနားလမ်းနှင့်မဟာဗန္ဓုလလမ်းထောင့်၊ ရန်ကုန်။

09 44488 8646

4:00 PM – 10:00 PM

Susan Bailey ရေးသားသော JAZZ CAFÉ & BAR: Drinking and Dining at the Yangon Night Market အားဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here