Advertisement

မြန်မာအစားအစာတွေဟာ နိုင်ငံခြားဧည့်သည်တွေကြားမှာ သိပ်ပြီးနာမည်မကြီးပေမယ့် ကြိုက်နှစ်သက်သူတွေရှိပါတယ်။ မြန်မာအစားအစာအများစုက အိန္ဒိယအစားအစာတွေနဲ့တူပါတယ်။ ထင်ရှားတဲ့ ဘန်ကောက်လမ်းဘေးဆိုင်တွေလို ရန်ကုန်နဲ့မန္တလေးမှာလည်း လမ်းဘေးဆိုင်ကောင်းတွေ ရှိပါတယ်။ မြန်မာအစားအစာတွေထဲက နိုင်ငံခြားသားတွေ သဘောကျတဲ့ အစားအစာ (၁၃) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မုန့်ဟင်းခါး

နိုင်ငံခြားသားတွေက မုန့်ဟင်းခါးကို ငါးစွပ်ပြုတ်ရည်နဲ့ မုန့်ဖတ်ရောစားရတဲ့ အစားအစာလို့ မြင်ပါတယ်။ မွှေးကြိုင်တဲ့ရနံ့ရှိတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ အကောင်းဆုံးမနက်စာက မုန့်ဟင်းခါးလို့ ညွှန်းကြပါတယ်။

(၂) ဒံပေါက်

အိန္ဒိယအစားအစာဖြစ်ပေမယ့် မြန်မာမှုပြုထားတဲ့ ဒံပေါက်ကို နိုင်ငံခြားဧည့်သည်တွေ သဘောကျပါတယ်။ သူတို့ကတော့ Ambrosia Biryani လို့ ခေါ်ပါတယ်။ အရမ်းအရသာရှိတဲ့ အစားအစာလို့ ပြောပါတယ်။

(၃) နံပြားနဲ့ပဲပြုတ်

နံပြားက အိန္ဒိယအစားအစာဖြစ်ပေမယ့် မြန်မာနံပြားလည်း နာမည်ကြီးပါတယ်။ ဂျုံပါတဲ့ နံပြားကို ပရိုတင်းဓာတ်အများကြီးပါတဲ့ ပဲနဲ့စားတာ ကျန်းမာရေးအတွက် သင့်တော်တယ်လို့ နိုင်ငံခြားသားတွေက သုံးသပ်ပါတယ်။ ပဲပြုတ်နဲ့ နံပြားကို လိပ်ပြီး စားရတာ အလွန်သဘောကျတယ်လို့ ပြောပါတယ်။

(၄) ထမင်းနဲ့ဟင်း

မြန်မာနိုင်ငံမှာ လူတိုင်းစားတဲ့အစားအစာပါ။ မြန်မာဟင်းတချို့မှာ အသီးအရွက်ကို သီးသန့်ချက်ပြုတ်ထားတယ်လို့ ဆိုပါတယ်။ ထမင်းစားရင် အနည်းဆုံး ပန်းကန်လေး၊ ငါးပန်းကန်ချထားတာတွေ့တယ်လို့ ပြောပါတယ်။

(၅) ပဲနှပ်၊ ရွှေဖရုံသီးနှပ်

ပဲ၊ အားလူး၊ ရွှေဖရုံးသီးနှပ်တွေစားရတာ အရမ်းအရသာရှိတယ်လို့ နိုင်ငံခြားဧည့်သည်တွေက ပြောပါတယ်။

(၆) ငါးဟင်းဆီပြန်

ဆီအများကြီးသုံးထားတဲ့ မြန်မာငါးဟင်းကို နိုင်ငံခြားဧည့်သည်တချို့သဘောကျပါတယ်။ သူတို့က ဆီများတာထက် ဆီပြန်တာကို သဘောကျတာပါ။

(၇) ငါးပိရည်နဲ့တို့စရာ

နိုင်ငံခြားသားတွေကတော့ ငါးပိရည်ကို ငါးနဲ့လုပ်ထားတဲ့အရည်လို့ ပြောပါတယ်။ ငါးပိရည်ကို အသီးအရွက်တွေနဲ့တို့စားရတာ အရသာတစ်မျိုးလို့ မြင်ကြပါတယ်။

(၈) ခေါက်ဆွဲသုပ်

ခေါက်ဆွဲကို အချည်ရည်၊ ငရုတ်သီးနဲ့နယ်ထားတာ အရမ်းသဘောကျတယ်လို့ ပြောကြပါတယ်။

(၉) ပဲပြားအစာသွပ်

နိုင်ငံခြားသားတွေက ပဲပြားကို တို့ဖူးလို့ ထင်ကြပါတယ်။ ပဲပြားထဲကို အစာတွေထည့်ပြီး တစ်ကိုက်ကိုက်ကြည့်တာ အရမ်းအရသာရှိတာပဲလို့ မှတ်ချက်ပေးပါတယ်။

(၁၀) အုန်းသီးနဲ့ ကောက်ညှင်းပေါင်း

ကောက်ညှင်းပေါင်းကို ဆန်စေးလို့ ခေါ်တဲ့သူတွေရှိပါတယ်။ မြန်မာနိုင်ငံမှာ မနက်စာကို ကောက်ညှင်းပေါင်းနဲ့ အုန်းသီးမှုန့်စားရတာ အရမ်းအရသာရှိတာပဲလို့ပြောပါတယ်။

(၁၁) အသုပ်စုံ

လက်ဖက်သုပ်၊ ဂျင်းသုပ်၊ မြင်းခွာရွက်သုပ်စတဲ့ အသုပ်စုံတွေကိုလည်း ကြိုက်နှစ်သက်သူတွေရှိပါတယ်။ အထူးသဖြင့် လက်ဖက်စိမ်းရွက်ကို ပဲတွေနဲ့ ထည့်ပြီးသုပ်တာ အရမ်းစားလို့ကောင်းတယ်လို့ ပြောပါတယ်။ ကမ္ဘာပေါ်မှာ လက်ဖက်ကို စားပြီးရေနွေးလုပ်သောက်တဲ့ နိုင်ငံအနည်းအငယ်ထဲမှာ မြန်မာပါတယ်လို့ဆိုပါတယ်။

(၁၂) ချစ်တီးထမင်း

ကမ္ဘာ့နိုင်ငံအများစုမှာ အစားအစာတစ်မျိုးကို တန်ကြေးတစ်ခုနဲ့ အဝစားလို့မရပါဘူး။ မြန်မာမှာ စားရတဲ့ ချစ်တီးထမင်းက စျေးတစ်မျိုးတည်းနဲ့ ဖောက်သည်ကို အဝကျွေးလို့ အံ့အားသင့်နေကြပါတယ်။

(၁၃) တိုရှည်

အိန္ဒိယလို ဒိုဆာလို့ ခေါ်တဲ့ တိုရှည်ကို နိုင်ငံခြားသားတွေ သဘောကျပါတယ်။ တချို့ဆိုရင် ကိတ်မုန့်ထက်ပိုကြိုက်တယ်လို့ပြောပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here