Advertisement

းအခုလိုမိုးရာသီနဲ့ အလိုက်ဖက်ဆုံး မွှေးရနံ့သင်းပျံ့နေတဲ့ ကော်ဖီပါ။ ကမ္ဘာပေါ်မှာ ကော်ဖီနဲ့ပတ်သက်ပြီး အမျိုးအစားများစွာရှိပါတယ်။ အဲဒီထဲက လူကြိုက်အများဆုံး ကော်ဖီ ၆ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Cappuccino

က်ာဖီအမျိုးအစားများစွာထဲမှာ Cappuccino က လူကြိုက်များတဲ့ ကော်ဖီ အမျိုးအစားဖြစ်ပါတယ်။ ကြယ်ငါးပွင့်ဟိုတယ်ကနေ လမ်းဘေးကော်ဖီဆိုင်အထိ Cappuccino ရနိုင်ပါတယ်။ အနံ့အရသာ ကြွယ်ဝတဲ့ ကော်ဖီကို နို့ပျစ်ပျစ်နဲ့ ဖျော်စပ်ရတဲ့ ကော်ဖီအမျိုးအစားဖြစ်ပါတယ်။ အခြားကော်ဖီတွေထက် အမြှုပ်နဲ့ ချောမွေ့မှုကို တွေ့နိုင်ပါတယ်။ Cappuccino ရဲ့အဓိကအရသာက အပေါ်ယံခရင် တွေဖြစ်ပါတယ်။

Espresso

ကော်ဖီအမျိုးအစားများစွာထဲမှာ အလွယ်ဆုံးဖျော်နည်းက Espresso ကော်ဖီဖျော်နည်းပါ။ ကော်ဖီအနှစ်ပျစ်ပျစ်ကို နို့နည်းနည်းနဲ့ အဆင်ပြေသလို စပ်သောက်ရတာပါ။ အခါးဘက်ကို ဦးစားပေးတဲ့ ကော်ဖီအမျိုးအစားဖြစ်ပါတယ်။ Espresso သီးသန့်ဖျော်ပေးတဲ့စက်တွေရှိပါတယ်။ Espresso နှစ်ဆရင် Dippio ကော်ဖီဖြစ်ပါတယ်။

Café Latte

Latte က Cappuccino နဲ့ပုံစံဆင်ပါတယ်။ နည်းနည်းကွာခြားသွားတာက နို့နဲ့အမြှုပ်များတာပါ။ ကော်ဖီနည်းနည်း နို့များများသောက်ချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ အမျိုးအစားဖြစ်ပါတယ်။

Americano

မြန်မာလို ပလိန်းကော်ဖီလို့ပြောရင်ရပါတယ်။ ကော်ဖီနဲ့ရေနွေးစပ်ဖျော်ရတာဖြစ်ပါတယ်။ တချို့လူတွေကတော့ သကြားနည်းနည်းထည့်ပြီး သောက်ပါတယ်။ မြန်မာမှာတော့သံပရာသီးထည့်သောက်ပါတယ်။

Mocha

ချောကလက်ကော်ဖီဆိုရင် Mocha ကို ပြောတာပါ။ ကော်ဖီ၊ ချောကလက်မှုန့်၊ နွားနို့ နဲ့ ခရင်စပ်ဖျော်ရင် Mocha ရပါတယ်။ ချောကလက်ကြိုက်တဲ့သူက ချောကလက်မှုန့်ပိုထည့်လို့ရပါတယ်။

Caramel Macchiato

ကော်ဖီနဲ့ခရင်ပဲထည့်ဖျော်ရတဲ့ကော်ဖီအမျိုးအစားဖြစ်ပါတယ်။ နို့မထည့်ရပါဘူး။ အချိုကြိုက်တဲ့သူဆိုရင် သကြားထည့်သောက်လို့ရပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here