Covid-19 ကြောင့်နိုင်ငံခြားခရီးထွက်ဖို့မဖြစ်နိုင်သေးတဲ့အချိန်မှာ အိမ်ထဲကနေပဲကမ္ဘာတဝှမ်းကပြတိုက်၊ ပန်းချီပြခန်းနဲ့ ရှုခင်းတွေကိုကြည့်ရှုနိုင်မယ့် Google virtual tour ၁၀ခုကိုဖော်ပြပေးလိုက်ပါတယ်။
အမ်စတာဒမ်က ဗင်ဂိုးပြတိုက်

ဗင်ဂိုးရဲ့ပန်းချီကားတွေကိုအနီးကပ်ကြည့်ချင်တယ်ဆိုရင်တော့ဒီ website ကအကောင်းဆုံးပဲ။ ပန်းချီကားတွေသာမကဘဲ ဗင်ဂိုးဖတ်လေ့ရှိတဲ့စာတွေ၊ သူ့ဘဝအကြောင်းအရာတွေကိုပါလေ့လာနိုင်ပါတယ်။
https://artsandculture.google.com/partner/van-gogh-museum?hl=en
မက္ကဆီကိုကမနုဿဗေဒပြတိုက်

ဒီပြတိုက်မှာမက္ကဆီကိုလို့အခုသိကြတဲ့နိုင်ငံနယ်နိမိတ်ကို စပိန်တွေမကျူးကျော်ခင်ကနေထိုင်ခဲ့တဲ့လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုကိုလေ့လာနိုင်တယ်။ ပြခန်းပေါင်း ၂၃ခန်းရှိပြီး ရှေးခေတ်အသုံးအဆောင်တွေ၊ ကိုးကွယ်ယုံကြည်မှုနဲ့သက်ဆိုင်တဲ့ရုပ်တုတွေအပြင် လက်မှုအနုပညာပစ္စည်းတွေလည်းရှိပါတယ်။
https://artsandculture.google.com/partner/museo-nacional-de-antropologia-mexico?hl=en
အလာစကာက Kenai Fjords အမျိုးသားဥယျာဉ်

ဒီဥယျာဉ်ထဲမှာတော့ရေခဲတောင်တွေ၊ ရေခဲမြစ်တွေ၊ တောရိုင်းတိရိစ္ဆာန်တွေနဲ့ အလာစကာရဲ့အရိုင်းဆန်တဲ့အလှကိုတွေ့ရမယ်။ Kenai Fjords မှာရေခဲတောင် ၄၀ရှိတယ်ဆိုတာသင်သိပါသလား။
https://artsandculture.withgoogle.com/en-us/national-parks-service/kenai-fjords/exit-glacier-tour
ဟာဝိုင်ရီကမီးတောင်ဥယျာဉ်

ဟာဝိုင်ရီရဲ့အကျော်ကြားဆုံးမီးတောင်တွေကို online ကနေကြည့်ရှုနိုင်ပါပြီ။ ချော်ရည်တွေကြောင့်ဖြစ်ပေါ်လာတဲ့ Nahuku Lava Tube ထဲဝင်ကြည့်လို့ရမယ့်အပြင် မီးတောင်တွေအပေါ်ကနေကြည့်ရှုနိုင်တဲ့ aerial view တွေလည်းပါဝင်ပါတယ်။
LA က J. Paul Getty အနုပညာပြတိုက်

ဥရောပတခွင်ကရှေးဟောင်းအနုပညာလက်ရာတွေကိုတနေရာတည်းကြည့်ရှုနိုင်တဲ့ပြခန်းပါ။ ပန်းချီ၊ ပန်းပု၊ လက်ရေးစာမူတွေအပြင်ဓာတ်ပုံဟောင်းတွေကိုပါလေ့လာနိုင်တယ်။ တချို့လက်ရာတွေဆို ၈ရာစုလောက်ကတည်းကပါ။
https://artsandculture.google.com/partner/the-j-paul-getty-museum?hl=en
ဘာလင်က Pergamon ပြတိုက်

အနုပညာလက်ရာတခုတည်းမဟုတ်ဘဲ ရှေးခေတ်ကအသုံးအဆောင်တွေကိုပါကြည့်နိုင်တဲ့ပြတိုက်ဖြစ်တယ်။ ဘေဘီလုံက Ishtar မုခ်ဦး၊ Pergamon ပလ္လင်စတဲ့ယဉ်ကျေးမှုအဆောက်အအုံတွေကို မူလလက်ရာအတိုင်းပြန်လည်တည်ဆောက်ထားတဲ့လက်ရာတွေလည်းရှိပါတယ်။
https://artsandculture.google.com/entity/pergamon/m05tcm?hl=en
ဆောပိုလိုက အနုပညာပြတိုက်

ဘရာဇီးနိုင်ငံဆောပိုလိုမြို့က Museu de Arte de São Paulo (MASP) ပြတိုက်ဟာဘရာဇီးရဲ့အတိတ်နဲ့ပစ္စုပန် အနုပညာသမိုင်းတွေတွေ့ဆုံတဲ့နေရာဖြစ်ပါတယ်။
https://artsandculture.google.com/partner/masp?hl=en
ကိုရီးယားက ခေတ်ပြိုင်အနုပညာပြတိုက်

ဒီပြတိုက်ဟာ ၆လွှာရှိပြီး တောင်ကိုရီးယားအပြင် ကမ္ဘာတဝှမ်းကခေတ်ပြိုင်အနုပညာလက်ရာတွေကိုစုံစုံလင်လင် ပြသထားပါတယ်။
https://artsandculture.google.com/partner/national-museum-of-modern-and-contemporary-art-korea?hl=en
မက္ကဆီကိုက လှိုဏ်ဂူများ

နယူးမက္ကဆီကိုတောင်ပိုင်း ချီဟွာဟွမ်သဲကန္တာရထဲမှာ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့လှိုဏ်ဂူ ၁၀၀ကျော်ရှိပါတယ်။ အရည်အသွေးမြင့် Virtual reality နည်းပညာကြောင့် ဂူထဲမှာကိုယ်ကိုယ်တိုင်လင်းနို့တကောင်ဖြစ်သွားသလိုမြင်ကွင်းမျိုးခံစားရမှာပါ။
https://artsandculture.withgoogle.com/en-us/national-parks-service/carlsbad-caverns/bat-cave
အမေရိကက Bryce ချိုင့်ဝှမ်း

ခြောက်သွေ့တဲ့ကန္တာရနယ်မြေဖြစ်တဲ့ Bryce ချိုင့်ဝှမ်းဟာ Utah ပြည်နယ်မှာရှိတယ်။ အဝါရောင်သဲမြေ၊ လိမ္မော်ရောင်တောင်ကုန်းတွေနဲ့ တမျိုးလှပတဲ့ရှုခင်းတွေကိုမြင်ရပါလိမ့်မယ်။
https://artsandculture.withgoogle.com/en-us/national-parks-service/bryce-canyon/sunset-point-tour