Advertisement

Jennie, Jisoo, Rosé နဲ့ Lisa တို့ရဲ့ Blackpink အဖွဲ့ဟာ ခုဆိုရင် Kpop လောကကို ကျော်လွန်ပြီး ကမ္ဘာ့ဂီတလောကမှာပါ နာမည်ကြီးနေပါပြီ။Youtube မှာ အမာခံပရိသတ် ၁ ဘီလျံရှိတဲ့ ပထမဆုံး အမျိုးသမီးပေါ့ပ်အဖွဲ့ ဖြစ်သလို Subscriber အများဆုံး အဖွဲ့လည်းဖြစ်ပါတယ်။ သူတို့ရဲ့ Youtube MTV တွေဟာ ကမ္ဘာ့အဆင့် ၃ နေရာမှာ ရှိနေပါတယ်။ ခုဆိုရင် Blackpink ရဲ့ MTV တွေဟာ PSY ပြီးရင် ဒုတိယလူကြည့်အများဆုံး MTV တွေဖြစ်နေပါပြီ။

၂၀၁၉ ခုနှစ်က Spotify မှာ Black Pink ရဲ့ Kill the Love သီချင်းကို နားထောင်သူ ၃၁၂ သန်းနဲ့ ဂရင်းနစ်စံချိန်တင်ခဲ့သလို Youtube မှာလည်း ၈၂၄ သန်း ကြည့်ရှုသူစံချိန်တင်ခဲ့ပါတယ်။ ဒါ့အပြင် Samsung, KIA, Adidas, Kbank, Channel, Puma, LV, Dior ကုမ္ပဏီကြီးတွေက စပွန်ဆာပေးလို့ အာရှဝင်ငွေအကောင်းဆုံး ပေါ့ပ်အဖွဲ့ဖြစ်ခဲ့ရပါတယ်။ ဒီလိုအောင်မြင်မှုတွေက လွယ်လွယ်နဲ့ရခဲ့တာတော့ မဟုတ်ပါဘူး။ အတိုက်အခိုက်တွေကြားထဲက ၄ နှစ်ကြိုးစားပြီး ရရှိလာခဲ့တာဖြစ်ပါတယ်။ ကိုရီးယားနာမည်ကြီး YG Entertainment အနေနဲ့ Bigbang, 2NE1, PSY တို့ နောက်ပိုင်း နာမည်ကြီးဂီတအဖွဲ့ မဖွဲ့နိုင်ခဲ့တာ ၇ နှစ်ရှိခဲ့ပါပြီ။ YG ရဲ့ လိုအပ်နေတဲ့ နေရာကို Blackpink က ဖြည့်ဆည်းပေးနိုင်တယ်လို့ ပြောရင်ရပါတယ်။ အထူးသဖြင့် 2NE1 ခြေရာကို အပြည့်အဝနင်းနိုင်တယ်လို့ ပြောရင်ရပါတယ်။

ခုတော့ 2NE1 ကို ကျော်ဖြတ်သွားပါပြီ။ အထူးသဖြင့် Kpop ကို Edm နဲ့ တွဲစပ်ထားတဲ့ Blackpink သီချင်းတွေက Kpop ပရိသတ်ကို အပြည့်အဝ စွဲဆောင်နိုင်ပါတယ်။ သူတို့ပထမဆုံးစထွက်ခဲ့တဲ့ Square One Album ထဲက Whistle နဲ့ Boombayah သီချင်းတွေ လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားခဲ့ပါတယ်။ ၂၀၁၆ မှာ ဒုတိယမြောက် Album Square Two ကို ထပ်မံထုတ်ခဲ့ပြီး Playing With Fire သီချင်းနဲ့ Top Ten စာရင်းဝင်ခဲ့ပါတယ်။ အဲဒီ့သီချင်းကြောင့်ပဲ နိုင်ငံတကာမှာ Blackpink နာမည်ရခဲ့ပါတယ်။ စစချင်းတော့ သူတို့ရဲ့ အောင်မြင်မှုကို ဒုတိယ 2NE1 လို့ပဲသတ်မှတ်ကြပါတယ်။

Blackpink က သူတို့ရဲ့ ပရိသတ်တွေအတွက် Blink ဆိုတဲ့ နာမည်ကိုပေးထားပါတယ်။ Blink တွေဟာ Blackpink ရဲ့ အသက်သွေးကြောတွေလို့ ပြောရင်လည်းရပါတယ်။ ၂၀၁၉ မှာ Coachella ဂီတပွဲတော်မှာ ပထမဆုံးအမျိုးသမီး Kpop Band အနေနဲ့ပါဝင်ခွင့်ရခဲ့ပါတယ်။ဒါ့ကြောင့် Blackpink ဟာ ကိုယ်ပိုင်လမ်းကြောင်း အတိုင်း ရအောင်ထိုးဖောက်ခဲ့ပါတယ်။ Blackpink ဟာဂီတာအပြင် သူတို့ရဲ့အားသာချက် အလှတရားတွေနဲ့ ပရိသတ်ကိုဖမ်းစားခဲ့ပါတယ်။

Blackpink အဆိုရှင် Jisoo ဆိုရင် မျက်နှာလေးလှတာကြောင့် Kiss Me နဲ့ Dior ရဲ့ သံတမန်ဖြစ်ခဲ့ပါတယ်။ Rap အဆိုရှင် Jennie, နယူးဇီလန်ဖွား Rose နဲ့ ထိုင်းနိုင်ငံဖွား အကပညာရှင် Lisa တို့ကြောင့် ပရိသတ်စိတ်ဝင်စားမှု မြင့်တက်လာပါတယ်။ မတူကွဲပြားတဲ့ စွမ်းဆောင်ရည်၊ ဗီဇပါရမီတွေ ရှိကြပေမယ့် Blackpink ရဲ့ ဟာမိုနီဖြစ်မှုကို အားလုံးသိပြီးကြပြီ ဖြစ်မှာပါ။

၂၀၂၀ ကတော့ Blackpink ရဲ့ နှစ်လို့ပြောရင်ရပါတယ်။ ဧပြီလလမှာ Lady Gaga နဲ့ပေါင်းပြီး Sour Candy ကို ထုတ်လွှင့်ခဲ့သလို ဇူလိုင်လမှာလည်း Ice Cream MTV ကို Selena Gomez နဲ့ ရိုက်ကူးခဲ့ပါတယ်။ ထွက်သမျှ MTV တိုင်း အကုန်ပေါက်ပါတယ်။ ခုဆိုရင် Blackpink ဟာ Kpop ဘုရင်မ ဘွဲ့ကို ယူထားတဲ့အပြင် နိုင်ငံတကာမှာလည်း နေရာတစ်ခု ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here