အပိုင်း ၄ပိုင်းထွက်ထားပြီးပြီဖြစ်တဲ့ Amazon Prime ရဲ့ The Boys Season 2 ဟာ Season 1 တုန်းကထက်ပိုသွက်လာသလို အသတ်အဖြတ်ခန်းတွေကလည်းပိုပြီးကြမ်းကြမ်းရမ်းရမ်းဖြစ်လာပါတယ်။ Comic book ကိုအခြေခံထားတဲ့ The Boys ဟာ Superhero တွေရဲ့ dark side ကိုပြရင်းလူတွေရဲ့ သူရဲကောင်းကိုးကွယ်မှုကိုပါလှောင်ပြောင်ထားတဲ့ ဒီဇာတ်လမ်းတွဲဟာ Marvel နဲ့ DC က superhero တော်တော်များများကိုသရော်ထားတယ်။ ဒီဆောင်းပါးကိုတော့ဇာတ်လမ်းအညွှန်းမဟုတ်ဘဲ character analysis ပုံစံရေးထားပါတယ်။ ပြီးတော့ Season 3 မှာပါလာမယ့် Jensen Ackles ရဲ့ဇာတ်ကောင်အကြောင်းကိုလည်းပြောပြချင်ပါတယ်။ Spoiler ပါတဲ့အတွက် အားလုံးကြည့်ပြီးမှဖတ်ပါ။
Homelander

The Boys ထဲက superhero အဖွဲ့ The Seven ရဲ့ခေါင်းဆောင်ဖြစ်ပြီး သူ့မှာ Superman လိုပါဝါတွေအကုန်ရှိတယ်။ ဇာတ်ကောင်စရိုက်ပိုင်းမှာတော့ အပြင်ပန်းမျက်နှာချိုပေမယ့် စိတ်ထဲကအကောက်ကြံတတ်သူအဖြစ်ပုံဖော်ထားပါတယ်။
သဘောထားကြီးချင်ယောင်ဆောင်နေပေမယ့် တကယ်တော့အထိမခံရွှေပန်းကန် narcissus တဦးဖြစ်ပြီး ဝေဖန်မခံနိုင်သူလည်းဖြစ်တယ်။ ငယ်ငယ်ကတည်းက မိမရှိဖမရှိကြီးပြင်းခဲ့ရသူမို့ mommy issue လည်းရှိပါတယ်။ (ပြာရီမှိုင်းကာမို့မို့…) XD
Queen Maeve

Homelander ရဲ့ရည်းစားဖြစ်ပေမယ့် တကယ်တော့လိင်တူချစ်သူတယောက်ပါ။ ဝန်တိုစိတ်ကြီးတဲ့ Homelander ကသူမရဲ့ချစ်သူကိုဒုက္ခပေးမှာစိုးလို့ဟန်ဆောင်ရတယ်။
သူကတော့ Wonder Woman လိုပဲသန်မာမှုလျှင်မြန်မှုတွေရှိတဲ့အပြင် သူမရဲ့ခန္ဒာကိုယ်ကလည်းကျည်ဆံဒဏ်တွေခံနိုင်တယ်။ The Seven မှာ Homelander ရဲ့အတွင်းစိတ်ကို အနားလည်ဆုံးသူဖြစ်ပြီး superhero ဘဝကိုငြီးငွေ့နေသူလည်းဖြစ်ပါတယ်။
A-Train

သူကတော့ The Seven ရဲ့ speedster ပေါ့။ The Flash လိုလျှင်မြန်စွာပြေးနိုင်ပေမယ့် သူ့ရဲ့ potential ကိုအပြည့်အဝမမြင်ရသေးပါဘူး။ သေချာတာကတော့သူ့ရဲ့လျှင်မြန်မှုဟာ အကန့်အသတ်ရှိပါတယ်။
ငွေကြေးနဲ့အောင်မြင်မှုကိုမက်မောတဲ့လူပေါ့လူသွမ်းတယောက်အဖြစ်ပုံဖော်ထားတယ်။
The Deep

Aquaman ကို scale ချုံ့လိုက်ရင် The Deep ဖြစ်လာပါတယ်။ Aquaman လိုရေထဲအသက်ရှူနိုင်၊ ရေသတ္တဝါတွေနဲ့စိတ်ချင်းဆက်သွယ်နိုင်၊ စကားပြောနိုင်ပေမယ့် The Seven မှာအရေးပါအရာရောက်တဲ့နေရာမရဘဲ လိုသုံးပုံစံဖြစ်နေတယ်။
သူ့ရဲ့ပါးဟပ်တွေကိုအရုပ်ဆိုးတယ်လို့ထင်ပြီး သိမ်ငယ်စိတ်ဝင်နေသူပါ။ အမျိုးသမီးတွေကိုလိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားပြီး သူ့သိမ်ငယ်စိတ်ကိုဖြေဖျောက်ဖို့ကြိုးစားတယ်။ Season 2 မှာသူ့အကြောင်းပိုပြီး ထဲထဲဝင်ဝင်သိလာရပါတယ်။
Starlight

သူ့ကိုတော့ Season 2 မှာ The Seven နဲ့ superhero တွေကိုပိုင်တဲ့ကုမ္ပဏီ Vought ရဲ့အတွင်းရေးတွေကိုစုံစမ်းနေသူအဖြစ်မြင်ရမယ်။ သူငယ်ငယ်က superhero တွေကိုအရမ်းအထင်ကြီးခဲ့ပေမယ့် သူတို့ရဲ့တကယ့်စိတ်နေသဘောထားကိုအတွင်းကျကျသိလိုက်ရတဲ့အခါမှာတော့ သူတို့ရဲ့သရုပ်မှန်ကိုအများပြည်သူသိအောင်ထုတ်ပြဖို့ကြိုးစားနေသူပါ။
Starlight ဟာ Supergirl နဲ့ Stargirl ပေါင်းထားတာနဲ့တူပါတယ်။ လျှပ်စစ်စွမ်းအင်ကိုစုပ်ယူထိန်းချုပ်နိုင်စွမ်းရှိပြီး အလင်းတန်းတွေပစ်လွှတ်နိုင်တယ်။ သန်မာမှုနဲ့ ကြံ့ခိုင်မှုတွေလည်းရှိပါတယ်။
Black Noir

သူကျတော့ Batman ပုံစံလုပ်ထားပေမယ့် တထစ်ချတော့မတူပါဘူး။ Deathstroke နဲ့ Batman နည်းနည်းစီတွဲစပ်ပုံစံဆိုပါတော့။ စကားတလုံးမှမပြောတဲ့ hero ဖြစ်ပြီး ဓားရေးကျွမ်းကျင်သလို လျှင်မြန်စွာတိုက်ခိုက်နိုင်တယ်။ သူ့အကြောင်းမပြောနဲ့ သူ့မျက်နှာကိုတောင်မမြင်ရသေးပါဘူး။
Translucent

ကိုယ်ပျောက်နိုင်တဲ့ပါဝါရှိလို့ Fantastic Four ထဲက Sue Storm နဲ့နီးစပ်တယ်။ ဒါပေမယ့် Sue လို force field တွေထုတ်နိုင်စွမ်းတော့မရှိဘူး။ Comic မှာမပါဘဲ TV Show အတွက်သီးသန့်ဖန်တီးထားတဲ့ဇာတ်ကောင်ပါ။
Stormfront

Season 2 မှပါလာတဲ့ The Seven အဖွဲ့ဝင်သစ်ဖြစ်ပြီး X-Men ထဲက Storm လိုလျှပ်စစ်ကိုထိန်းချုပ်နိုင်တယ်။ ရာသီဥတုတခုလုံးကိုထိန်းချုပ်နိုင်တဲ့စွမ်းအားရှိမရှိမတွေ့ရသေးဘူး။ Social media အသုံးပြုရင်း fan တွေစုစည်းတဲ့နေရာမှာကျွမ်းကျင်သူဖြစ်ပြီး Vought ရဲ့မူဝါဒတွေကို အတိအလင်းဝေဖန်သူတယောက်ပါ။ ဒါ့အပြင်လူမျိုးရေခွဲခြားသူ လူဖြူမဟုတ်တဲ့သူတွေကိုမုန်းတီးသူအဖြစ် ပုံဖော်ထားပါတယ်။
Comic ထဲမှာတော့ Stormfront ကအမျိုးသားဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းကနာဇီဂျာမနီစစ်တပ်က Super Soldier တယောက်ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲထဲမှာသူပါလာတာတွေ့ရတော့ လူတွေကိုအစွမ်းသတ္တိထူးတွေပေးနိုင်တဲ့ Super Serum Compound V စတင်ဖြစ်ပေါ်လာပုံကိုတွေ့ရလိမ့်မယ်ထင်ပါတယ်။
Soldier Boy

Supernatural ပြီးနောက် Jensen Ackles ရဲ့ project သစ်က The Boys Season 3 ပါ။
Comic ထဲမှာတော့ Soldier Boy ဟာ ဒုတိယကမ္ဘာစစ်မှာအမေရိကန်တွေဘက်ကတိုက်ခိုက်ခဲ့တဲ့ Super Soldier ဖြစ်ပြီး Captain America ကိုလှောင်ထားတဲ့ဇာတ်ကောင်ပါ။ Soldier Boy ဆိုတာလူတယောက်တည်းကိုပြောတာမဟုတ်ဘဲ သူနဲ့စွမ်းအင်သတ္တိတူတဲ့ Super Soldier တွေကိုပေးတဲ့ဘွဲ့နာမည်ဖြစ်တာမို့ Ackles အနေနဲ့ ဒုတိယကမ္ဘာစစ်က Soldier Boy ဇာတ်ရုပ်နဲ့ပါလာမလား၊ ခေတ်ပေါ်ဇာတ်ရုပ်နဲ့ပါလာမလား မသိရသေးပါဘူး။