ဆောင်းတွင်းရောက်လာပြီဆိုတာနဲ့ဈေးထဲမှာထောပတ်သီးတွေတွေ့လာရပါပြီ။ ထောပတ်သီးကို ရှမ်းပြည်နဲ့ ပြင်ဦးလွင်မှာအဓိကစိုက်ပြီး သူ့ရာသီက အောက်တိုဘာလောက်ကနေ ဇန်နဝါရီအထိပါ။ နိုဝင်ဘာဆိုပိုပြီးပေါပေါများများတွေ့ရတတ်တာမို့ ခဏလောက်စောင့်ပြီးမှဝယ်ဖို့အကြံပေးချင်ပါတယ်။ ထောပတ်သီးကြိုက်ပေမယ့် လူထူထူဈေးထဲသွားပြီးမဝယ်ချင်ဘူးဆိုရင် online ကနေမှာလို့ရတဲ့ဆိုင်တွေအကြောင်းပြောပြမယ်နော်။

Go Green Myanmar
ရှမ်းပြည်ကလာတဲ့ထောပတ်သီးတွေကိုအဓိကရောင်းပါတယ်။ ဈေးကတော့ ၁ကီလို ၃၅၀၀ကျပ်ပါ။
Call: 09 799 995650
FB: Go Green Myanmar
OrganicValley
အင်းလေးဘက်ကထောပတ်သီးတွေကိုလိုချင်ရင်တော့ဒီကမှာဗျ။ ဈေးကတော့ ၁ကီလို ၃၅၀၀ကျပ်ပါ။
Call: 09 761 066802
FB: OrganicValley
Kokkoya Organics
ဒီမှာတော့တောင်ကြီးကလာတဲ့ထောပတ်သီးတွေအဓိကရနိုင်တယ်။ ၂လုံးကို ၂၅၀၀ကျပ်ကျသင့်ပါမယ်။
Website: https://kokkoyaorganics.com/collections/fruit-1
FB: Kokkoya Organics
စိမ်းစိုငြိမ်းအေးအော်ဂဲနစ်ဈေး
တလုံး ၅၀၀နဲ့ကြိုက်သလောက်မှာယူနိုင်ပါတယ်။
Call: 09 252 503 197
FB: စိမ်းစိုငြိမ်းအေး သြဂဲနစ်ဈေး
Modern Farmers
ရွာငံဘက်ကလာတဲ့ထောပတ်သီးတွေကို တလုံး ၅၀၀နဲ့ရနိုင်တယ်။ ပြင်ဦးလွင်ထွက်ထောပတ်သီးတွေလည်းရှိပြီး အရွယ်အစားပေါ်မူတည်လို့ ၅၀၀ကနေ ၁၀၀၀ အထိကျသင့်နိုင်ပါတယ်။
Call: 09 794 444107
FB: Modern Farmers
ထောပတ်သီးကြက်ဥမုန့်

ထောပတ်သီးကိုဒီအတိုင်းစားရတာနဲ့ ဖျော်သောက်ရတာရိုးလာပြီဆိုရင် အပြောင်းအလဲဖြစ်အောင် မုန့်ပုံစံလုပ်စားကြည့်ပါလား။ OrganicValley ကမကြေးမုံလွင်ရဲ့ ထောပတ်သီးကြက်ဥမုန့်လုပ်နည်းကို ပြောပြမယ်နော်။ ရိုးရှင်းပြီး Oven ရှိရုံနဲ့လုပ်လို့ရပါတယ်။
လိုအပ်သောပစ္စည်းများ
• ထောပတ်သီး ၁လုံး
• ကြက်ဥ ၂လုံး
• ဆား အနည်းငယ် (မကြေးကတော့ Himalayan pink salt သုံးပါတယ်)
• ငရုတ်ကောင်းနက် အနည်းငယ်
• ကြက်သွန်မြိတ်၊ ချိစ်၊ လိုသလောက်
ခရမ်းချဉ်သီး
ပြုလုပ်နည်း
1. Oven ကို ၄၂၅ ဒီဂရီဖာရင်ဟိုက်အထိအပူပေးထားပါ။ မုန့်ဖုတ်ရာမှာသုံးတဲ့သတ္တုပြား (baking sheet) ကိုဆီအနည်းငယ်သုတ်လိမ်းပါ။ (Nonstick spray တွေရှိရင်လည်းသုံးလို့ရပါတယ်)
2. ထောပတ်သီးကိုအစေ့ထုတ်ပြီး ထပ်ခြမ်းလှီးပါ။ ပြီးရင်တခြမ်းစီကအသားတွေကို ထမင်းစားဇွန်းနဲ့ ၂ကော် ၃ကော်လောက်လိုသလောက်ခြစ်ထုတ်ပါ။ ထောပတ်သီးအလုံးမပျက်စေဘဲအလယ်မှာအလယ်မှာချိုင့်ကလေးဖြစ်သွားအောင်လုပ်ပါ။
3. ထောပတ်သီးအလယ်ကချိုင့်ထဲ ကြက်ဥဖောက်ထည့်ပါ။ ကြက်ဥအနှစ်ပုံမပျက်ဖို့သတိပြုပါ။ ပြီးရင်ဆားနဲ့ငရုတ်ကောင်းနက် ထည့်ပါ။
4. ကြက်သွန်မြိတ်၊ ခပ်သေးသေးလှီးထားတဲ့ခရမ်းချဉ်သီးနဲ့ ခြစ်ထားတဲ့ချိစ်ကိုရောနယ်ပါ။ ပြီးရင်ထမင်းစားဇွန်း ၂ဇွန်းစာထောပတ်သီးခွက်ကလေးထဲထည့်ပါ။
5. ပြီးသွားပြီဆိုရင်တော့ Oven ထဲထည့်ပြီး ၁၅-၁၈ မိနစ်လောက်ဖုတ်ပါ။ ကြက်ဥအကာတွေကျက်ပြီး အနှစ်ရွှဲရွှဲလေးဖြစ်ရုံဆိုရပါပြီ။
ပူပူနွေးနွေးသုံးဆောင်ဖို့မမေ့နဲ့နော်။ အစပ်ကြိုက်တယ်ဆိုရင်ငရုတ်သီးထည့်နိုင်ပါတယ်။
ထောပတ်သီးသုပ်

ဒီတခါတော့အရန်ဟင်းအနေနဲ့ပဲဖြစ်ဖြစ် ညစာအနေနဲ့ပဲဖြစ်ဖြစ်လွယ်လွယ်ကူကူလုပ်လို့ရတဲ့ထောပတ်သီးသုပ်အကြောင်းပြောပြလိုက်ပါတယ်။ Kokkoya Organics ရဲ့ပဲ့ကိုင်ရှင်တယောက်ဖြစ်တဲ့ Caity ရဲ့နည်းလေးပါ။
လိုအပ်သောပစ္စည်းများ
• ထောပတ်သီး ၁လုံး
• ခရမ်းချဉ်သီး ၁လုံး
• ကြက်သွန်နီ ၁ခြမ်း
• ပဲဆီ ထမင်းစားဇွန်း ၁ဇွန်း
• သံပရာသီး ၁လုံး
• ဆားနဲ့ငရုတ်ကောင်း အနည်းငယ်
ပြုလုပ်နည်း
1. ထောပတ်သီးနဲ့ခရမ်းချဉ်သီးကိုအတုံးသေးသေးလေးတွေတုံးပါ။
2. ကြက်သွန်နီတခြမ်းကိုပါးပါးလှီးပါ။
3. ပြီးရင်ပါဝင်ပစ္စည်းအားလုံးကိုပန်းကန်လုံးထဲထည့်နယ်ပါ။
4. သံပရာသီးကိုလိုသလောက်ညှစ်ထည့်ပါ။ ဆားနဲ့ငရုတ်ကောင်းဆန္ဒရှိသလောက်ထည့်ပါ။ အနံ့ပိုမွှေးအောင်စားခါနီး နှမ်းနက်လေးတွေဖြူးပေးနိုင်ပါတယ်။
Admin ကတော့ထောပတ်သီးဆိုနို့နဲ့ဖျော်သောက်ရင်သောက်၊ ဒါမှမဟုတ် ထပ်ခြမ်းလှီးပြီးဇွန်းနဲ့ကော်စားလိုက်တာပဲ။ Myanmore Plus ပရိသတ်ကြီးတွေကော ထောပတ်သီးကိုဘယ်လိုစားရတာကြိုက်လဲ comment မှာပြောပြသွားပါဦး။