Advertisement

သီတင်းကျွတ်ကန်တော့ဖို့ မုန့်တွေဝယ်တော့မယ်ဆိုရင်စားနေကျကိတ်မုန့်တွေနဲ့မတူတဲ့ မုန့်အသစ်အဆန်းတွေရနိုင်တဲ့ online ပေါ်က homemade bakery တွေနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ Delivery နဲ့ပို့ပေးတော့ အိမ်ကနေအေးအေးဆေးဆေးဝယ်ယူနိုင်တာပေါ့။

Wave Desserts

အပြင်အဆင်လှလွန်းလို့မစားဘဲအလှထိုင်ကြည့်နေချင်စရာကောင်းတဲ့မုန့်လေးတွေပါ။ ပုံထဲမှာပြထားတာက Millie Feuille လို့ခေါ်တဲ့ပြင်သစ်ရိုးရာမုန့်ဖြစ်ပါတယ်။ ကြွပ်ရွတဲ့အောက်ခံမုန့်သားပေါ်မှာ မွှေးပျံ့နူးညံ့တဲ့ဗယ်နီလာခရင်မ်ဆမ်းထားလို့ တခုစားပြီးတာနဲ့နောက်တခါထပ်စားချင်သွားမယ်။ ၆ခုပါတဘူးကို ၉၀၀၀ပါ။ Millie Feuille အပြင်တခြားဥရောပရိုးရာမုန့်တွေလည်းရှိပါသေးတယ်။

FB: Wavedesserts

Cravery

Brownie, Flowery Brownie, Berry Burnt Cheesecake စတဲ့မုန့်တွေကိုကြိုက်ရာရွေးပြီး Thadingyut Special Box တခုပြင်ဆင်လိုက်ပါ။ ခုတလောအရမ်းရောင်းရနေတာမို့မြန်မြန်မှာထားမှစိတ်ချရမယ်နော်။ အရသာ ၃မျိုးကို ၃ခုစီပါပြီး တဘူး ၁၈၀၀၀ ကျပ်ကျသင့်ပါတယ်။

FB: Cravery

es.cake

ပြင်သစ်ရိုးရာမုန့်တွေကို specialise လုပ်တဲ့ဆိုင်လေးပါ။ သီတင်းကျွတ်အတွက် madeleine ကိတ်ကလေးတွေကိုရနိုင်ပါတယ်။ Medeliene ဆိုတာပြင်သစ်ရိုးရာ sponge ကိတ်လေးတွေဖြစ်ပြီး မုန့်ဖုတ်သမားတွေက ခရုခွံပုံလေးတွေပြုလုပ်လေ့ရှိပါတယ်။ အရသာ ၁၀မျိုးထဲကကိုယ်နှစ်သက်ရာရွေးချယ်နိုင်တယ်။ ၆ခုပါတဘူးကို ၁၀၀၀၀၊ ၁၀ခုပါတဘူးကို ၁၅၀၀၀ ကျသင့်ပါလိမ့်မယ်။

FB: es.cake

The Cookie Jar

ဒါကတော့အဆာပြေကော်ဖီနဲ့တွဲစားလို့လည်းရ၊ သူ့ချည်းပဲစားရင်လည်းအရသာရှိတဲ့ homemade cookie လေးတွေပါ။ လူကြီးမိဘတွေအနေနဲ့ကိုယ့်ကိုလာကန်တော့တဲ့သားသားမီးမီးလေးတွေကို ကျွေးလို့လည်းရတာပေါ့။ Classic နဲ့ Premium ဆိုပြီး အရသာ ၄မျိုးခွဲထားပါတယ်။ အရသာ ၃မျိုးနဲ့ကွတ်ကီး ၆ခုပါတဘူးကို ၈၄၀၀ ကျသင့်ပါတယ်။ ဈေးကအရေအတွက်နဲ့အရသာပေါ်မူတည်ပြီးကွဲပြားနိုင်ပါတယ်။

FB: The Cookie Jar

Dirty Little Secret

ခရင်မ်များများနဲ့ အချိုကြိုက်တဲ့သူတွေအတွက်တော့ DLS ကမုန့်တွေကစားချင်စရာတွေချည်းပဲ။ သီတင်းကျွတ် Hamper Promotion ပေးနေပါတယ်။ Cupcake ၆ခု၊ Dessert Loaf ၁ခု၊ Cookie bag တခု ပါတဲ့ ကန်တော့ခြင်းကို ကျပ် ၄၅၀၀၀ ကျသင့်မှာပါ။

FB: Dirty Little Secret

Cake & Bake

ဒီဇိုင်းလှလှလေးလုပ်ထားတဲ့ကိတ်မုန့်နဲ့ကန်တော့မယ်ဆိုရင် Cake & Bake ရှိတယ်။ ၇လက်မဆိုဒ်ကိတ်တလုံးကို ၁၅၀၀၀ ကျသင့်ပါလိမ့်မယ်။ တခြားကိတ်မုန့်တွေထဲကဆိုရင်တော့ Burnt Cheesecake ကိုမြည်းစမ်းကြည့်သင့်ပါတယ်။

FB: Cake & Bake

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here