Advertisement

စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုနဲ့ ခေါင်းကိုက်တာတွေက လူတိုင်းကို အဆင်မပြေဖြစ်စေပါတယ်။ အဲဒီ့ အဆင်မပြေမှုတွေကို နားနှိပ်ပြီး ဖြေရှင်းပေးနိုင်ပါတယ်။ နားမှာ ဦးနှောက်ပိုင်းဆိုင်ရာ သွေးကြောတွေရှိတယ်လို့ တရုတ်ဆေးကျမ်းတွေမှာ ဖော်ပြထားပါတယ်။ နားရွက်ကို သေသေချာချာနှိပ်ပေးရင် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတချို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ နားရွက်နှိပ်တာက အချိန်မရွေး နေရာမရွေးလုပ်နိုင်လို့ လူတိုင်းအတွက် အဆင်ပြေမှာဖြစ်ပါတယ်။

နားရွက်နှိပ်နည်း

(၁) နားအပေါ်ဘက်ကို လက်မနဲ့လက်ညိုး ဖိပြီး အသာအယာပိတ်ဆွဲပေးပါ။

(၂) နားရဲ့အောက်ခြေကို လက်ချောင်းလေးတွေနဲ့ အသာအယာပွတ်ဆွဲပေးပါ။ ဆွဲရင်းနဲ့ အနည်းငယ်ပွတ်ချေပေးပါ။

(၃) လက်ချောင်းလေးတွေနဲ့ နားရွက်အတွင်းပိုင်းကို နှိပ်နယ်ပေးပါ။ စက်ဝိုင်းပုံသဏ္ဍာန်နှိပ်ပေးရင် ပိုပြီး အကျိုးထူးစေပါတယ်။

(၄) နားရွက်မှာ ရှိတဲ့ အဖုအထစ်လေးတွေကို ဖိပေးပါ။ မနက်အိပ်ယာထချိန်နဲ့ ညအိပ်ယာဝင်ခါနီး အချိန်တွေမှာ နားရွက်ကိုပုံမှန် နှိပ်ပေးသင့်ပါတယ်။

အကျိုးကျေးဇူး

စမ်းသပ်မှုတွေအရ နားရွက်ကို သေချာနှိပ်ပေးရင် နာကျင်ကိုက်ခဲတာတွေကို သက်သာစေပါတယ်။ အထူးသဖြင့် ခါးနာတာတွေကို သက်သာစေပါတယ်။ နားရွက်ကို နှိပ်တဲ့အခါ ပူထူလာပြီး အဲဒီအပူတွေက ဦးနှောက်ရဲ့ နာကျင်စေတဲ့ အသိကို လျော့ချပေးပါတယ်။ သွေးလည်ပတ်မှုကို အထူးကောင်းမွန်စေပြီး ပေါ့ပါးစေပါတယ်။

အထူးသဖြင့် နားရွက်အောက်ပိုင်းက စိတ်ပိုင်းဆိုင်ရာ သွေးကြောတွေကို နှိပ်ပေးရင် စိတ်ပူပန်တာတွေ၊ စိတ်ဖိစီးမှုတွေကိုလည်း သက်သာစေပါတယ်။ နားသီးမှာ ဦးနှောက်နဲ့ မျက်လုံးသွေးကြောတွေရှိပါတယ်။ နှိပ်ပြီးရင် နားထဲက အပူတွေထွက်သွားပြီး ခေါင်းမှာ ပေါ့ပါး လန်းဆန်းစေပါတယ်။ ခေါင်းကိုက်ပျောက်ဆေးတွေဟာ အမှန်တော့ ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ နားရွက်နှိပ်ပြီး လက်ဖက်စိမ်းရည် သောက်ပေးရင် ပိုပြီးအကျိုးထူးပါတယ်။ ထူးခြားတာတစ်ခုက နားရွက်ပုံမှန်နှိပ်ပေးရင် ကိုယ်ခန္ဓာအလေးချိန်လျော့ကျတယ်ဆိုတာပါပဲ။ ဒါကြောင့် အားကစားသမားတွေ နားရွက်ဆွဲပြီး ထိုင်ထလုပ်ကြတာဖြစ်ပါတယ်။ ညမအိပ်ခင် နားရွက်ကို နှိပ်ပြီးအိပ်ရင် အလွယ်တကူ အိပ်ပျော်စေပါတယ်။ အိပ်ဆေးတွေထက်ပိုပြီး အကျိုးရှိမှာ သေချာပါတယ်။ ဒါကြောင့် အကျိုးများပြီး လုပ်ရလွယ်တဲ့ နားနှိပ်တာကို လုပ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။

Ko Wai Lin

Reference: Bright Side

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here