Advertisement

ကိုဗစ်ကာလမှာ လေကြောင်းလိုင်းတွေ အဆင်မပြေဖြစ်နေပေမယ့် စင်္ကာပူလေကြောင်းလိုင်းကုမ္ပဏီကတော့ သူတို့ရဲ့ Airbus A380 ကို စားသောက်ဆိုင်ပုံစံပြောင်းပြီး စီးပွားရေးအိုင်ဒီယာအသစ်ချပြခဲ့ပါတယ်။ ဆိုင်နာမည်ကို “Restaurant A380 @Changi”လို့ အမည်ပေးထားပြီး ကိုယ်ပိုင်လေယာဥ်ထဲက စားသောက်ဆိုင်လို ခံစားစေရမယ်လို့ ညွှန်းထားပါတယ်။

A380 လေယာဥ်စားသောက်ဆိုင်မှာ စားသုံးသူတွေအနေနဲ့ အခန်းရွေးချယ်မှုကို စျေးနှုန်းအမျိုးအစားအလိုက်ရွေးချယ်နိုင်ပါတယ်။ အစားသောက်အတွေကို စင်္ကာပူဝါရင့်စားဖိုမှူး ရှန်မေလီးလ်က ချက်ပြုတ်ပေးမှာပါ။ အစားအစာတွေအနေနဲ့ ပင်လယ်စာရနိုင်မယ့်အပြင် အထူးဟင်းလျာတွေလည်း ရနိုင်ပါတယ်။

ခုလို Airbus စားသောက်ဆိုင်အိုင်ဒီယာကို ဖောက်သည်တွေရဲ့တောင်းဆိုချက်ကြောင့် လုပ်ရတာပါလို့ လေကြောင်းလိုင်းအမှုဆောင်အရာရှိချုပ် ဂိုချောင်ပန်ကပြောပါတယ်။ “ကိုဗစ်ကာလအတွင်းမှာ လေကြောင်းခရီးစဥ်အများကြီး ဖျက်သိမ်းခဲ့ရပါတယ်။ ဖောက်သည်တွေနဲ့ ပုံမှန်ဆက်သွယ်ရေးမျိုးတည်ဆောက်ချင်လို့ ခုလိုဖွင့်လှစ်ခဲ့တာပါ”လို့ ၄င်းကဆိုပါတယ်။

A380 လေယာဥ် စားသောက်ဆိုင်ကို အောက်တိုဘာ ၂၄၊ ၂၅ မှာ စတင်ဖွင့်လှစ်မှာဖြစ်ပေမယ့် ကြိုတင်မှာယူမှုတွေကြောင့် နေရာတွေအားလုံးပြည့်သွားပြီလို့ သိရပါတယ်။ စျေးနှုန်းလေယာဥ်စားသောက်ဆိုင်အတွက် ကြိုတင် Booking တွေကို အောက်တိုဘာ ၁၂ ကတည်းက လက်ခံပေးခဲ့တာဖြစ်ပါတယ်။ Economy Class အတွက် S$ 50 ၊ Premium Econony အတွက် S$ 90 ၊ Business Class အတွက် S$ 300 ၊ Suite အတွက် S$ 600 သတ်မှတ်ထားပါတယ်။ Suite နဲ့ Business Class အတွက် ကျောက်ပုစွန်ဟင်း၊ အမဲသားနှပ်ဟင်းအပါအဝင် ထူးရှယ်ဟင်းပွဲလေးပွဲရရှိမှာ ဖြစ်ပါတယ်။ Premium Economy နဲ့ Economy တွေအတွက် ညစာမှာတော့ ထူးရှယ်ဟင်း သုံးပွဲပါဝင်မှာဖြစ်ပါတယ်။

လူငယ်တွေအတွက် S$ 30၊ သုံးနှစ်အထက် ကလေးငယ်တွေ အတွက် S$15 ကောက်ခံပေးမှာဖြစ်ပါတယ်။ လူငယ်နဲ့ကလေးတွေအတွက် အစားအစာအခမဲ့ သတ်မှတ်ထားပါတယ်။ လေယာဥ်ထိုင်ခုံမှာ မဟုတ်ဘဲ မိသားစုစားပွဲဝိုင်းနဲ့ စားသုံးချင်သူတွေအတွက် စားပွဲဝိုင်း ၂၂ ဝိုင်း ရှိပါတယ်။ စားပွဲဝိုင်းနဲ့စားချင်သူတွေအတွက် သီးသန့်နှုန်းထား သတ်မှတ်ထားပါတယ်။ အခြားအစီအစဥ်များနိုဝင်ဘာလကုန်ပိုင်းလောက်မှာ လေယာဥ်စီးပြီး စားချင်သူတွေအတွက် လေ့ကျင့်ရေးကွင်းမှာ မောင်းနှင်ပေးမှာဖြစ်ပါတယ်။ လေယာဥ်ပတ်စီးချင်တဲ့ ခရီးသည်တွေကတော့ S$500 ထပ်ပေးရမှာပါ။

လေယာဥ်ပေါ်မှာ စားသောက် ဆိုင်အပြင် အသုံးအဆောင်နဲ့ အဝတ်အထည်ရောင်းချတဲ့ ဆိုင်တွေကိုလည်း ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။ စားသောက်ဆိုင်ဖွင့်လှစ်ခြင်းကနေ ဖောက်သည်တွေရဲ့ စားသောက်မှုပုံစံ၊ အလေ့အကျင့်ကောင်းတွေကိုလေ့လာနိုင်မယ်လို့ စင်္ကာပူလေကြောင်းလိုင်းဘက်က ယုံကြည်နေပါတယ်။ ကောင်းကင်ပေါ်မှာ မပျံရပေမယ့် အထူးလေယာဥ်စီးတဲ့အတွေ့အကြုံကို အပြည့်အဝပေးစွမ်းနိုင်မှာလို့ တာဝန်ရှိသူတွေကပြောပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here