Advertisement

Mobile ဂိမ်းဈေးကွက်ထဲမှာ နာမည်ရနေတဲ့ Mobile Legends, PUBG ဂိမ်းတွေကို ယှဉ်ပြိုင်ဖို့ Riots Game က League Of Legends (LOL) Mobile Version ထုတ်ပြလိုက်ပါတယ်။ League Of Legends ကို ၂၀၀၉ ခုနှစ်ကတည်း PC ဂိမ်းတွေအတွက် စတင်ထုတ်လုပ်ခဲ့တာပါ။ PC Esports ဈေးကွက်မှာတော့ League Of Legends က နာမည်ရပြီးသားပါ။ LOL ရဲ့ နာမည်ကျော်ကြားမှုက ၂၀၁၂ မှာစတင်ခဲ့ပြီး ဥရောပနဲ့ အမေရိကားမှာ လူကြိုက်များတဲ့ဂိမ်းဖြစ်ခဲ့ပါတယ်။

ဂိမ်းကစားပုံကတော့ တစ်ဖက်ငါးယောက်ဆီ တာဝါတိုင်တွေချိုးပြီး ရန်သူ့စာခန်းကို သိမ်းပိုက်ရတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ LOL ကစားတဲ့သူ ၃၃ သန်းကျော်ရှိပြီး Live ကြည့်သူ သန်း ၁၀၀ လောက်ရှိပါပြီ။ LOL မှာ Player တွေကို Fighter, Tank, Slayer, Mage, Controller နဲ့ Maskmenဆိုပြီးခွဲထားပါတယ်။ ဒီဇိုင်းနဲ့ အိုင်ဒီယာက တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ War Craft ဆီက အိုင်ဒီယာယူထားတာဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ခေတ်စားနေတဲ့ Mobile Legends ဂိမ်းက League Of Legends ဆီက အိုင်ဒီယာပြန်ယူထားတာပါ။ League Of Legends ပိုင်ရှင် Riot နဲ့ Mobile Legends (ML) ပိုင်ရှင် Moonton တို့အမှုဖြစ်ကြတဲ့အထိ ပြင်းထန်ခဲ့ပါတယ်။ အမှုမှာ Riot ဘက်က အနိုင်ရလို့ Moonton ဘက်ကလျော်ကြေး 2.9 သန်းပေးခဲ့ရပါတယ်။

ML နဲ့ LOL ကြားမှာ အဓိကကွားခြားချက်က မြေပုံပါ။ LOL ရဲ့ မြေပုံက ML ထက်ပိုကြီးပါတယ်။ ML မှာ ရန်သူတွေကို အလွယ်တကူမြင်နိုင်ပေမယ့် LOL မှာ Dark Mode လုပ်ထားလို့ အလွယ်တကူမတွေ့နိုင်ပါဘူး။ ချုံခိုကစားတဲ့သူတွေက LOL ကိုပိုသဘောကျမယ်ထင်ပါတယ်။ လင်းလင်းထင်ထင်ကစားတာကြိုက်တဲ့သူတွေကတော့ ML ပဲကစားပါလိမ့်မယ်။ Item ဝယ်တဲ့အခါ ML မှာကြိုက်တဲ့နေရာဝယ်လို့ရပေမယ့် LOL မှာတော့ Base မှာပဲ ဝယ်ရပါမယ်။ Recall မှာ LOL က သက်ဆိုင်ရာ ဟီးရိုးအလိုက် Recall ပုံစံတွေရှိပါတယ်။ ML မှာတော့ Recall ကို ဝယ်ခိုင်းတာတွေရှိပါတယ်။ ပွဲချိန်မှာ LOL မြေပုံကြီးတာကြောင့် ML ထက် နည်းနည်းပိုကြာပါတယ်။ တစ်ပွဲကို အနည်းဆုံး မိနစ် ၂၀ ရှိပါမယ်။

Riot အနေနဲ့ League Of Legends Mobile ဗားရှင်းအတွက် ပြင်ဆင်နေတာ တစ်နှစ်လောက်ရှိပါပြီ။ LOL ရဲ့ Mobile ဗားရှင်းနာမည်ကိုတော့ LOL Wild Rift လို့အမည်ပေးထားပါတယ်။ Beta ဗားရှင်းကို အောက်တိုဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး iOS နဲ့ Andriod မှာ ပထမဆုံး ထုတ်ပြခဲ့ပါတယ်။ စစချင်းတော့ တစ်ကမ္ဘာလုံးကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ အာရှတိုက်အနေနဲ့ ထိုင်း၊ အင်ဒို၊ မလေး၊ ဂျပန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယားနဲ့ စင်္ကာပူနိုင်ငံတွေမှာ စတင်ကစားခွင့်ရမှာဖြစ်ပါတယ်။ ဥရောပနဲ့ အမေရိကားမှာတော့ ၂၀၂၁ နှစ်ဆန်းပိုင်းမှ ကစားခွင့်ရမှာဖြစ်ပါတယ်။ iPhone 12 မှာ LOL Full Version ပါမယ်လို့ Apple က ကြေညာထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၂၁ ရောက်မှ တရားဝင်ကစားလို့ရမယ်ထင်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here