အားဆေး၊ အိမ်သုံးဆေးကနေ ဆီးချိုသွေးချိုကျဆေးအထိ ဆေးဝါးအမျိုးမျိုးကိုအိမ်တိုင်ရာရောက်ဝန်ဆောင်မှုပေးနေတဲ့ ဆေးဆိုင်တွေကိုဖော်ပြပေးလိုက်ပါတယ်။ တချို့ဆေးဆိုင်တွေကအရောင်းကိုယ်စားလှယ်ရုံးတွေကတဆင့် နယ်မြို့တွေအထိဝန်ဆောင်မှုပေးလျက်ရှိပါတယ်။
(၁) Pacific AA Online Shop
AA Medical Products Limited ရဲ့ online store ပါ။ ခြင်ပြေးကပ်ခွာကနေ ဆီးချိုဆေးအထိအမျိုးအစားတော်တော်စုံတယ်။ Website ကနေတဆင့် register လုပ်ပြီးမှာယူနိုင်သလို Facebook messenger ကနေလည်းလိုချင်တဲ့ဆေးကိုမေးပြီး နေရပ်လိပ်စာ ဖုန်းနံပါတ်အပြည့်အစုံပေးရင်း မှာယူနိုင်ပါတယ်။ Free delivery ပါ။ ရန်ကုန်အပြင် ကိုယ်စားလှယ်ရုံးရှိတဲ့မြို့တွေဖြစ်တဲ့ မြစ်ကြီးနား ၊ မုံရွာ ၊ မန္တလေး ၊ တောင်ကြီး ၊ လားရှိုး ၊ မကွေး ၊ နေပြည်တော် ၊ ပြည် ၊ ပုသိမ်၊ မော်လမြိုင် ၊ မြိတ် တို့ကနေလည်း မှာယူနိုင်ပါတယ်။
Website: www.onlineshop.aa.com.mm (မြန်မာ-အင်္ဂလိပ် ၂ဘာသာ)
Facebook: https://www.facebook.com/PacificAAOnlineShop/
Hotline: 09 762 244441, 09 762 255551
(၂) Medicare Myanmar
ဆေးဝါးနဲ့တကိုယ်ရည်သန့်ရှင်းရေးပစ္စည်းတွေကိုစုံစုံလင်လင်ရနိုင်တဲ့ online store ပါ။ ကြားရက်တွေမှာ ညနေ ၄ နာရီမတိုင်ခင်အော်ဒါတင်ရမှာဖြစ်ပြီး ရန်ကုန်မြို့တွင်းဆိုမနက်ဖြန်လာပို့ပေးပါတယ်။ ရန်ကုန်မြို့ပြင်ဆိုရင်တော့ သန်ဘက်ခါလာပို့ပေးမှာပါ။ ပိတ်ရက်မှာအော်ဒါတင်ရင်တော့ ၂ရက်အတွင်းလာပို့ပေးမှာဖြစ်ပါတယ်။ Deivery ခ ၁၀၀၀ ကျပ်ပါ။
Website: http://medicarehb.com.mm/ (မြန်မာ-အင်္ဂလိပ် ၂ဘာသာ)
Facebook: https://www.facebook.com/medicaremyanmar
Phone: 09 797 145500
(၃) ရွှေအိုးဆေးဆိုင်
ရန်ကုန်မြို့တွင်းနယ်မြေကန့်သတ်ထားတဲ့နေရာတချို့ကလွဲရင် မြို့နယ်တော်တော်များများပို့ပေးပါတယ်။ ဘယ်နေရာဖြစ်ဖြစ်ပို့ခ ၂၅၀၀ကျပ်ကျသင့်မှာဖြစ်ပြီး ၄၈နာရီအတွင်းပို့ပေးတယ်။ လိုချင်တဲ့ဆေးကို မနက် ၁၀နာရီမှ ညနေ ၅နာရီအတွင်း Viber ကတဆင့်မှာယူရမှာပါ။မြို့နယ်အလိုက် Viber ဖုန်းနံပါတ်တွေကိုအောက်မှာကြည့်ပါ။
ဗဟန်း၊ ရန်ကင်း၊ မရမ်းကုန်း
09 755 9000 96, 09 755 9000 98
စမ်းချောင်း၊ ကြည့်မြင်တိုင်
09 755 9000 77
ကမာရွတ်၊ လှိုင်၊ သမိုင်း၊ မရန်းကုန်း
09 755 9000 92, 09 755 9000 95
အင်းစိန်၊ ရွှေပြည်သာ*
09 755 9000 89
သင်္ဃန်းကျွန်း၊ သုဝဏ္ဏ
09 755 9000 80
ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ဒေါပုံ၊ သာကေတ
09 755 9000 86
လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဒဂုံ၊ အလုံ
09 755 9000 97, 09 755 9000 93
တာမွေ၊ မင်္ဂလာတောင်ညွန့်
09 755 9000 94
တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ*
09 755 9000 88
မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ*
09 755 9000 87
နယ်မြေအကန့်အသတ်ဖြင့်ပါဝင်တဲ့မြို့နယ် ၃ ခုကတော့-
– မြောက်ဥက္ကလာပ (အောင်မင်္ဂလာအဝေးပြေးဝင်း ပတ်ဝန်းကျင်ထိ)
– အရှေ့ဒဂုံ (အရှေ့ဘက်တွင် ကျန်စစ်သားလမ်းထိသာ)
– ရွှေပြည်သာ (မြောက်ဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အရှေ့ဘက်တွင် အောက်မင်္ဂလာဒုံလမ်းမကြီးထိ) ဖြစ်ပါတယ်။
Facebook: https://www.facebook.com/shweohhpharmacy
(၄) မင်္ဂလာဆေးဆိုင်
အိမ်သုံးဆေး၊ အားဆေးနဲ့လက်သန့်ဆေးတွေအပြင် ဆီးချိုတိုင်းစက်၊ သွေးတိုးတိုင်းစက်တွေကိုလည်းရနိုင်တယ်။ Facebook နဲ့ Viber ကတဆင့် order တင်ရမှာပါ။ ရန်ကုန်မြို့နယ်အလိုက် ပို့ခ ၁၀၀၀ ကနေ ၁၅၀၀ကျပ်လောက်ပဲကျသင့်တယ်။ ပစ္စည်းအလေးချိန်နဲ့ အကွာအဝေးပေါ်မူတည်ပြီးပို့ခအပြောင်းအလဲရှိနိုင်ပါတယ်။
Facebook: https://www.facebook.com/MingalarPharmacy/
Phone: 09 790 141747
(၅) သစ်ခွဆေးဆိုင်
ဆေးနဲ့ဖြည့်စွက်စာအမျိုးမျိုးကို Facebook ကနေကြည့်ပြီး Messenger နဲ့ Viber ကနေမှာပါ။ ပို့ခက ၂၀၀၀ကျပ်ကျသင့်မှာဖြစ်ပါတယ်။
Facebook: https://www.facebook.com/Orchid-Pharmacy-Beauty-120912128447186/
Phone: 09 770 619 222