Advertisement

Facebook ဟာက၎င်းရဲ့ဝန်ဆောင်မှု ၂ခုဖြစ်တဲ့ Messenger နဲ့ Instagram ကိုပေါင်းစပ်လိုက်ပါတယ်။ ဒါဟာကျနော်တို့ရဲ့ social media account တွေအပေါ်ဘယ်လိုသက်ရောက်နိုင်ပါသလဲ။ ဖတ်ကြည့်ရအောင်ပါ။

Instagram ရဲ့ messaging service Instagram Direct နေရာမှာ Messenger ကိုအစားထိုးလိုက်ပါပြီ။ ဒါကြောင့်မို့ အသုံးပြုသူတွေဟာ Messenger ကနေတဆင့် Instagram ကမိတ်ဆွေတွေနဲ့ စကားပြောနိုင်တော့မှာဖြစ်ပြီး ဓာတ်ပုံတွေ video တွေကိုလည်းမျှဝေနိုင်တော့မှာဖြစ်ပါတယ်။

Facebook ဟာအသုံးပြုသူတွေအနေနဲ့ ဒီ app ၂ခုကိုပေါင်းစည်းချင်စိတ်ဖြစ်လာအောင် message ပို့တဲ့အခါ selfie sticker တွေပို့နိုင်တဲ့ feature၊ သူငယ်ချင်းတွေနဲ့ video call ပြောနေတုန်း Instagram video တွေကိုတပြိုင်နက်ကြည့်နိုင်တဲ့ feature နဲ့ ပို့ပြီးတာနဲ့စက္ကန့်ပိုင်းအတွင်းပျောက်သွားမယ့် message feature တွေကိုမိတ်ဆက်လာပါတယ်။

လတ်တလောမှာတော့နိုင်ငံတချို့မှာသာအသုံးပြုနိုင်ဦးမှာဖြစ်ပြီး တဖြည်းဖြည်းတကမ္ဘာလုံးက user တွေအသုံးပြုနိုင်အောင်ချဲ့ထွင်သွားမယ်လို့ဆိုပါတယ်။ ဒါပေမယ့်အချိန်ကာလအတိအကျကိုတော့မပြောခဲ့ပါဘူး။တကယ်တော့ လွန်ခဲ့တဲ့ ၁၈လလောက်ကတည်းက Facebook CEO Mark Zuckerberg ဟာဒီဝန်ဆောင်မှု ၂ခုကိုတပေါင်းတည်းအသုံးပြုနိုင်အောင်လုပ်ဖို့စီစဉ်နေကြောင်းပြောခဲ့ပါတယ်။

Instagram နဲ့ Messenger အပြင် Facebook ရဲ့နောက်ထပ်ဝန်ဆောင်မှုဖြစ်တဲ့ WhatsApp ကိုပါပေါင်းစည်းဖို့စီစဉ်နေတာပါ။ ဒီပေါင်းစပ်မှုသာအဆင်ပြေခဲ့ရင်တော့ စာတွေပို့ရာမှာ WhatsApp ရဲ့ end-to-end encryption ကို platform ၃ခုလုံးမှာသုံးနိုင်မှာဖြစ်ပါတယ်။ ရလဒ်ကတော့ အသုံးပြုသူအချင်းချင်းပေးပို့လိုက်တဲ့စာတွေကို အပြင်လူတွေခိုးယူဖတ်ရှုနိုင်တော့မှာမဟုတ်လို့ ကိုယ်ရေးအချက်အလက်တွေပိုမိုလုံခြုံမှုရှိလာပါလိမ့်မယ်။ လတ်တလောမှာတော့စမ်းသပ်ဆဲအဆင့်သာရှိပါသေးတယ်။

လေ့လာသူတွေကတော့ Facebook ဟာစီးပွားရေးလက်ဝါးကြီးအုပ်မှုဆိုင်ရာတရားစွဲဆိုမှုတွေကိုရှောင်နိုင်ဖို့ အခုလိုသူ့ဝန်ဆောင်မှုတွေကိုတပေါင်းတည်းဖြစ်အောင်လုပ်နေတာဖြစ်ကြောင်းဝေဖန်ကြတယ်။ Zuckerberg ကတော့ အသုံးပြုသူတွေရဲ့ကိုယ်ရေးအချက်အလက်တွေပိုမိုလုံခြုံမှုရှိဖို့ ဆောင်ရွက်ရတာဖြစ်ကြောင်းတုံ့ပြန်ပါတယ်။

Myanmore Plus ပရိသတ်တွေအနေနဲ့ကော အခုပေါင်းစပ်မှုကိုဘယ်လိုမြင်ပါသလဲခင်ဗျာ။ မိမိထင်မြင်ချက်တွေကို comment မှာပြောပြနိုင်ပါတယ်။

Ref: The Guardian

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here