Covid-19 ဖြစ်ပွားနေချိန်မှာ quarantine centre တွေမှာရောက်နေတဲ့အမျိုးသမီးတွေဟာ လစဉ်သုံးပစ္စည်းတွေမလောက်ငှတဲ့ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်။
နိုင်ငံတဝှမ်းကစေတနာရှင်တွေဟာ အစားအသောက်၊ ဆပ်ပြာ၊ သွားတိုက်တံစတဲ့လှူဖွယ်ပစ္စည်းတွေကို ပေးပို့ပေးခဲ့ကြပေမယ့် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေတော့လှူဒါန်းမှုမရှိသေးကြောင်း အမျိုးသမီးအခွင့်အရေးတောင်းဆိုလှုပ်ရှားသူတွေကထောက်ပြခဲ့ပါတယ်။ အမျိုးသမီးအများစု အထူးသဖြင့်ကျေးလတ်ကလာတဲ့အမျိုးသမီးတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ လစဉ်သုံးပစ္စည်းလိုလာတဲ့အခါထုတ်ဖော်ပြောဆိုဖို့ရှက်ရွံ့လေ့ရှိကြတယ်။
ဒီလိုနဲ့စေတနာရှင်တချို့ဟာ Rotary Club of Central Yangon နဲ့အတူလစဉ်သုံးပစ္စည်းတွေဝယ်ယူလှူဒါန်းဖို့ ရန်ပုံငွေတရပ်မတည်လျက်ရှိပါတယ်။ ဒီစီမံကိန်းရဲ့ပဲ့ကိုင်ရှင်တယောက်ဖြစ်တဲ့ မခင်စုဟာ Facebook page (Covid-19 Fundraising for Sanitary Pads) တခုဖွင့်ပြီး အလှူရှင်စာရင်းနဲ့ လှုပ်ရှားမှုတွေအားလုံးကိုပွင့်လင်းမြင်သာမှုရှိစွာဖော်ပြထားပါတယ်။
ရန်ကုန်နဲ့ ရခိုင်က quarantine centre တွေနဲ့ ရခိုင်ကရွှေ့ပြောင်းဒုက္ခသည်စခန်းတွေမှာရောက်နေတဲ့ အမျိုးသမီး ၃၃၀၀၀ အတွက် ၃လစာလစဉ်သုံးပစ္စည်းတွေထောက်ပံ့ဖို့ ရန်ပုံငွေစုစုပေါင်း ကျပ် ၇၂,၅၈၈,၆၇၂ ရရှိဖို့ရည်မှန်းထားတယ်လို့သိရပါတယ်။
Myanmore Plus ပရိသတ်များလည်းတတ်နိုင်သလောက်ပါဝင်လှူဒါန်းနိုင်ဖို့ ဆော်သြလိုက်ရပါတယ်ခင်ဗျား။
