Advertisement

စင်္ကာပူနိုင်ငံက ကင်နမ် နဲ့ ဝင်ဒီတို့ရဲ့ သမီး​​လေး​တွေဖြစ်တဲ့ ၁၇ နှစ်အရွယ် အမန်ဒါ နဲ့ ၁၄ နှစ်အရွယ် အမ်မလီယာတို့ ညီအစ်မနှစ်​ယောက်ရဲ့ သံ​ယောဇဥ်က​တော့ လူအများဩချရ​လောက်​အောင် ကြီးမားလှပါတယ်။

အမ်မလီယာ​လေး တနှစ်ခွဲအရွယ်လောက်ကစပြီး အစာစွမ်းအင်ထုတ်ယူမှုဆဲ​လ်ပျက်စီးတဲ့​ရောဂါ (Degenerative Mitochondrial Disorder)ကို စတင်ခံစားလာရပါတာ်။ အဲဒီ့အချိန်ကစပြီး သူ့ကျန်းမာ​​ရေးဟာ တဖြည်း ဖြည်း ဆုတ်ယုတ်စပြုလာပါ​တော့တယ်။

အမ်မလီယာ​လေးဟာ မထိုင်နိုင်၊ မထနိုင်၊ စကားမ​ပြောနိုင်၊ မစားမ​သောက်နိုင် နဲ့ အ​ပေါ့အ​လေးစွန့်ဖို့​တောင် ခက်ခဲတဲ့အ​နေအထား​တွေရှိလာပြီး နောက်ဆုံးမှာ အိပ်ရာထဲလှဲ​​နေရတဲ့ ဘဝကို ရောက်ခဲ့ရပါ​တော့တယ်။ အသက် လေးနှစ်အရွယ်​လောက်မှာ ဝက်ရူးပြန်​ရောဂါကို ထပ်မံခံစားခဲ့ရပါ​သေးတယ်။

အမ်မလီယာ​လေး ဒီလို​ဝေဒနာ​တွေကို စတင်ခံစား​နေရချိန်မှာ အမန်ဒါဟာ ၅နှစ်သမီးသာ ရှိပါ​သေးတယ်။ “အတန်း​ဖော်သူငယ်ချင်း​တွေ သူတို့ရဲ့ ညီငယ်၊ ညီမငယ်​တွေကို ကျောင်း​ခေါ်လာတဲ့အချိန်မှာ သမီးရဲ့ ညီမ​လေးက သမီးနဲ့အတူ လိုက်မလာနိုင်တာကို သိရ​တော့ ဝမ်းနည်းမိမှတာပေါ့။ ဘယ်သူမဆို ကိုယ့်ရဲ့ မောင်နှမသားချင်း​တွေနဲ့ အတူကစားချင်ကြတာပဲ​လေ” လို့ အမန်ဒါက ပြောပါတယ်။

အမ်မလီယာ​လေးကို တခုခု​ ဆက်သွယ်ချင်တဲ့အခါ လက်ဟန်​ခြေဟန်အမူအရာ​တွေနဲ့ ပြောဆိုရပါတယ်။ အမ်မလီယာ​လေးရဲ့မျက်လုံးလှုပ်ရှားမှုကို ထောက်လှမ်းတဲ့ ကိရိယာကိုတပ်ဆင်ထားပြီး သူ့ရဲ့ပြန်လည်တုံ့ပြန်မှု​တွေကို သိရှိနိုင်​အောင်ဖန်တီးထားပါတယ်။ အမ်မလီယာ​လေးဟာ သူ့ရဲ့မျက်လုံးလှုပ်ရှားမှုကိုသုံးပြီး သီချင်းတွေလည်း ဖွင့်တတ်ပါ​သေးတယ်။

“ဘုရားသခင်ဆီမှာ တရားမျှတမှုရှိပါတယ်။ ညီမ​လေးက ဒုက္ခိတ ဖြစ်နေ​ပေမယ့် အရမ်း​တော်ပါတယ်”လို့ အမန်ဒါက ပြောပါတယ်။ အမန်ဒါ အလယ်တန်းဒုတိယနှစ်အ​ရောက်မှာ ကျောင်းနားပြီး အိမ်တွင်းပညာ​ရေးကို ရွေးချယ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ မိဘ​တွေက အမန်ဒါရဲ့ ရှေ့​ရေးကိုစဥ်းစားပြီး ကျောင်းဆက်တက်ဖို့ တိုက်တွန်းခဲ့​​ပေမယ့် အမန်ဒါက သူ့ညီမ​လေးနဲ့ အမြဲအတူရှိနိုင်ဖို့ကိုပဲ ဦးစား​ပေး​ခဲ့ပါတယ်။

သူတို့ညီအစ်မဟာ TVကြည့်ကြ၊ ကစားကြ၊ စကား​တွေ​ပြောကြနဲ့ အချိန်​တွေကို အတူတူကုန်ဆုံး​နေကြတာ သုံးနှစ်ကြာခဲ့ပါပြီ။ မိဘ​တွေကလည်း သူတို့ရဲ့သမီး​တွေကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မပြတ်ရ​လေ​အောင် နိုင်ငံရပ်ခြားတိုင်းပြည်​တွေကို အလည်အပတ်လိုက်ပို့​ပေးတာမျိုး​တွေ ပြုလုပ်​ပေးပါတယ်။

အမ်မလီယာ​လေးရဲ့ နိစ္စဓူဝကိစ္စ​​တွေကို လုပ်ကိုင်​ပေးရတာ သိပ်​တော့မလွယ်ကူလှပါဘူး။ သူဟာအလိုလိုအ​ပေါ့အ​လေးမသွားနိုင်တဲ့အတွက် သန့်ရှင်းရေး ပုံမှန်လုပ်​ပေးရပါတယ်။ အစာမစားနိုင်တဲ့အတွက်လည်း တ​နေ့ငါးကြိမ် ပြွန်နဲ့ သွင်း​ပေး​​နေရတာပါ။

သူတို့အမြဲစိတ်ပူ​​နေရတာက​တော့ အမ်မလီယာ​လေးရဲ့ အ​ခြေအ​နေရုတ်တရက် ဆိုးရွားလာမှာကိုပါပဲ။ ဒါ​ပေမယ့် အမ်မလီယာ​လေးလို က​လေးမျိုး​တွေကို အဓိကထားကူညီ နေတဲ့ HCAအဖွဲ့နဲ့ ဆက်သွယ်မိခဲ့တာဟာ သူတို့မိသားစုကို စိတ်သက်သာရာ ရ​စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက အမ်မလီယာ​လေးဟာ သေး​ပေါင်ချိန်​တွေတအားကျပြီး နှလုံးခုန်ရပ်လုနီးပါး ဖြစ်ခဲ့ပါတယ်။ ဆရာဝန်​တွေလက်​လျှော့ရတဲ့ အ​ခြေအ​နေထိ ရောက်ခဲ့​ပေမယ့် သူဟာ ပြန်လည်လွန်​မြောက်လာနိုင်ခဲ့ပါတယ်။ “သူ့ရဲ့စိတ်ဓါတ်ကြံခိုင်မှု​တွေကြောင့် ဒီလိုအ​ခြေအ​နေဆိုး​တွေကို ကျော်လွှားနိုင်ခဲ့တာပါ။ သူက သမီးတို့နဲ့ အချိန်အကြာကြီး အတူရှိသွားနိုင်မယ်ဆိုတာ သမီးယုံတယ်” လို့ အမန်ဒါက​ပြောပါတယ်။

အမန်ဒါဟာ လာမယ့်နှစ်မှာ တက္ကသိုလ်တက်ခွင့်ရှိပေမယ့် သူ့ညီမ​လေးနဲ့ မခွဲနိုင်တာ​ကြောင့် တက်ဖြစ်မယ်မထင်ဘူးလို့ သူက​ပြောပါတယ်။ အမန်ဒါရဲ့ သူ့ညီမ​လေးအ​ပေါ်မှာထားရှိတဲ့ သံ​ယောဇဥ်က​တော့ လက်ဖျားခါ​လောက်စရာပါပဲ။ တကယ်​တော့ ကျွန်​​တော်တို့ရဲ့ ကမ္ဘာကြီးဟာ ချစ်ခြင်း​မေတ္တာ​တွေ​ကြောင့်သာ အရာရာ လှပ​နေခဲ့တာပါ။

Wai Lin, Nine Thuwun

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here