Advertisement

အစ္စရေးမှာရှိတဲ့ တော်ဝင်စတိုင်ခမ်းနားတဲ့ အိမ်ကြီးကို အမေရိကန် ဒေါ်လာသန်း ၂၅၀ နဲ့ ရောင်းချမယ်လို့ အိမ်ပိုင်ရှင် ရုရှားသူဌေးကြီးက ကြေညာလိုက်ပါတယ်။ ဒီအိမ်ကြီးဟာ အစ္စရေးနိုင်ငံရဲ့ အခမ်းနားဆုံးအိမ်ကြီးဖြစ်ပြီး လူတိုင်း မက်မောရတဲ့ အိမ်ကြီးဖြစ်ပါတယ်။

အိမ်ပိုင်ရှင်ကတော့ ရုရှားဘီလျံနာသူဌေးကြီး ဗလာရီကိုဂန်ဖြစ်ပြီး သူရဲ့ကြွယ်ဝမှုက ဒေါ်လာ ၂.၅ ဘီလျံရှိပါတယ်။ သူဟာ ရုရှားနဲ့ အစ္စရေးမှာ စီးပွားရေးလုပ်ငန်းများစွာပိုင်ဆိုင်ပြီး ရုရှားနိုင်ငံက လေဆိပ်တစ်ခုကိုလည်း ပိုင်ဆိုင်သူဖြစ်ပါတယ်။ အစ္စရေးမှာ ရှိတဲ့ အိမ်က အပန်းဖြေဖို့ဆောက်ထားတဲ့အိမ်ဖြစ်ပါတယ်။ အစ္စရေးနိုင်ငံ မြေထဲပင်လယ်ကမ်းခြေက ကေဆယ်လာမြို့မှာ တည်ဆောက်ထားတာဖြစ်ပြီး Sea View အပြည့်ယူထားတာပါ။

အိမ်တစ်ခုလုံးရဲ့ ဒီဇိုင်းအတွက် ဘိုရိုကွစ်နဲ့ ရိုကိုကို ဗိသုကာကုမ္ပဏီက အလှဆင်ထားပေးတာ ဖြစ်ပါတယ်။ အိမ်အတွင်းဘက်မှာ ခန်းမတစ်ခုပါပြီး ၆၉၀၀၀ စတုရန်းပေ ကျယ်ပါတယ်။ ခန်းမတစ်ခုလုံးကို တန်ဖိုးကြီး စကျင်ကျောက်တွေနဲ့ အလှဆင်ထားပါတယ်။

မြေညီထပ်မှာ ၂၁၅၂ ပေကျယ်ဝန်းတဲ့ ဧည့်ခန်းတစ်ခန်း၊ ထမင်းစားခန်း၊ မီးဖိုချောင်တစ်ခန်း ပါရှိပါတယ်။ နှစ်ထပ်အိမ်ကြီးဖြစ်ပြီး ​လှေကားတွေကို အထူးလှပအောင် ပြုလုပ်ထားပါတယ်။ အိပ်ခန်းလေးခန်းပါပြီး Master အခန်းတစ်ခန်း၊ Deluxe အခန်းသုံးခန်းပါ ရှိပါတယ်။ အိပ်ခန်းတွေထဲမှာ အဝတ်လဲခန်း သီးသန့်ထည့်ပေးထားပါတယ်။ Spa ခန်း၊ Gym နဲ့ ရေကူးကန်တွေလည်းပါ ပါတယ်။ အိမ်ထဲမှာ ဝိုင်ခန်း၊ ဘိလိယက်အခန်း၊ ဓာတ်လှေကားနဲ့ ဘဲလေးခန်းမတွေလည်းပါရှိပါတယ်။ ရုပ်ရှင်ကြည့်ဖို့ အိမ်တွင်း ရုပ်ရှင်ရုံ အသေးစားလေးလည်းရှိပါတယ်။ 

အိမ်တွင်းမှာ အလှအပတွေ ဆင်ထားတဲ့အပြင် အိမ်အပြင်ဘက်ကိုလည်း အထူးဂရုစိုက်အလှဆင်ထားတာ တွေ့ရပါတယ်။ အိမ်အပြင်ဘက်မှာ  ရေပန်းနှစ်ခုပါတဲ့ ပန်းခြံနှစ်ခုရှိပါတယ်။ အိမ်အပြင်မှာ ရေကူးကန်တစ်ခုပါပြီး Pool Party အတွက် အသံစနစ်နဲ့ Projecter တွေ တပ်ဆင်ပေးထားပါတယ်။

အိမ်ပိုင်ရှင် ရုရှားဘီလျံနာက သိုသိုသိပ်သိပ်နေတတ်ပြီး ၂၀၁၃ ထိ မီဒီယာတွေကို ​ရှောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။သူရဲ့ စီးပွားရေးသက်တမ်း ၂၅ နှစ်အတွင်း အင်တာဗျူးတစ်ခုမှ မလုပ်ဖူးတဲ့သူပါ။ အစ္စရေးနိုင်ငံရဲ့ အကောင်းဆုံး Sea View မှာ မြေဝယ်ပြီး အိမ်အတွက် သီးသန့် တည်ဆောက်စရိတ် ဒေါ်လာသန်း ၁၀၀ သုံးစွဲခဲ့သူဖြစ်ပါတယ်။ တကယ်လို့ သူ့အိမ်သာ ရောင်းထွက်ခဲ့ရင် ဒေါ်လာ ၁၅၈ သန်း မြတ်မှာဖြစ်ပါတယ်။

Wai Lin

Ref – Daily Mirror

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here