Advertisement

စောင့်နေလို့ပဲဖြစ်ဖြစ်၊ ပူလို့ပဲ ဖြစ်ဖြစ် ကားအဲကွန်းဖွင့်ပြီး အိပ်တဲ့သူတွေရှိပါတယ်။ ဒါဟာ အသက်အန္တရာယ်ရှိတဲ့ အပြုအမူဖြစ်ပါတယ်။ ကားပေါ်မှာ အဲကွန်းဖွင့်ပြီး အိပ်ရင် အခန့်မသင့် အသက်ဆုံးရှုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။

၁။ ကားထဲမှာ အိပ်​​နေရင်း သေဆုံး​စေတဲ့ အဓိကအကြောင်းရင်းက ဘာလဲ

ဓါတ်ဆီ​တွေ လောင်ကျွမ်းရာက​နေ ထွက်​ပေါ်လာတဲ့ ကာဗွန်မို​နောက်ဆိုဒ်ဓါတ်​ငွေ့ဟာ ပြင်ပလေထုနဲ့ထိ​တွေ့​နေချိန်မှာ ပျောက်ကွယ်ဖို့လွယ်​ပေမယ့်အလုံပိတ်ခန်း​တွေထဲမှာ​တော့ အချိန်အကြာကြီး တည်ရှိ​နေနိုင်ပါတယ်။ ၎င်းဓါတ်​ငွေ့ဟာ အောက်ဆီဂျင်နေရာမှာ အစားထိုးဝင်​​ရောက်လာပြီး ရှူသွင်းမိတာများတဲ့အခါ သွေးနီဥ​တွေကို ခဲ​စေပြီး အသက်ရှူရပ်တန့်တဲ့အထိဖြစ်နိုင်တာပါ။ အ​​ရောင်အနံ့မရှိတဲ့ ကာဗွန်မို​နောက်ဆိုဒ်ဓါတ်​ငွေ့ဟာ တကယ်​ကြောက်စရာ​ကောင်းတဲ့ အသံတိတ်လူသတ်သမားပါပဲ။

၂။ ကာမွန်မို​နောက်ဆိုဒ်အဆိပ်သင့်​နေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ

ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ မူး​နောက်​နေခြင်း၊ ပျို့အန်ခြင်း၊ ရင်ဘတ်​အောင့်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ ဇ​ဝေဇဝါဖြစ်ခြင်း၊ လေသင်တုန်းဖြတ်ခြင်း၊ အားအင်ကုန်ခမ်း​ခြင်းစတာ​တွေဖြစ်​နေပြီဆိုရင် သတိထားသင့်ပါပြီ။ ရှူသွင်းမိတဲ့ ပမာဏများ​လေ​လေ အဆိုပါလက္ခဏာ​တွေ ပိုပြီး ပြ​လေ​လေပါပဲ။လေထုထဲမှာ ကာဗွန်မို​နောက်ဆိုဒ်ပမာဏတအားများ​နေမယ်ဆိုရင် သတိလစ်​မေ့​မြောတဲ့အထိ ဖြစ်နိုင်ပါတယ်။ ကားထဲမှာ အိပ်​နေရင်း ဘာလက္ခဏာမှ မပြဘဲ သေဆုံးသွားတာမျိုးလည်း ရှိတတ်ပါတယ်။

၃။ ယာဥ်​ကြောပိတ်​နေချိန်မှာရော ဓါတ်​​ငွေ့ဆိပ်သင့်နိုင်လား?

ယာဥ်​ကြောပိတ်​နေ​ပေမယ့် ကားဟာ အနည်းနဲ့အများ​တော့ ရွေ့လျား​နေမှာပါ။ ကာဗွန်မို​နောက်ဆိုဒ်ဓါတ်​ငွေ့ဟာ ပျံ့နှံ့ဖို့ အချိန်ယူရပါတယ်။ ကားထဲမှာ ပမာဏအနည်းငယ်​တော့ ရှိ​နေနိုင်ပါတယ်။သက်ကြီးရွယ်အိုတွေ၊ က​လေးငယ်​တွေ၊အသက်ရှူပြသနာနဲ့ နှလုံး​​ရောဂါရှိသူ​တွေ၊ သွေးအားနည်းသူ​တွေနဲ့ လေသင်တုန်းဖြတ်​လေ့ရှိသူ​တွေက​တော့ သတိထားသင့်ပါတယ်။

၄။ ကာဗွန်မို​နောက်ဆိုဒ်အဆိပ်သင့်ခြင်းကို ဘယ်လိုကာကွယ်နိုင်မလဲ

သင့်ကားရဲ့ အိတ်​​ဇောကို အမြဲပြင်ဆင်စစ်​ဆေးပါ။ သင့်ကားရဲ့အ​သေးအမွှားထိခိုက်ပျက်စီးမှု​လေး​တွေကအစ ဂရုတစိုက်ပြင်ဆင်ပါ။ မြေ​အောက်ကားပါကင်​တွေမှာ ကားတံခါး​တွေကိုအလုံပိတ်ခဲ့ဖို့နဲ့ စက်ကိုရပ်ခဲ့ဖို့ မ​မေ့ပါနဲ့။ သင့်ကားမှာ ကာဗွန်မို​နောက်ဆိုဒ်တိုင်းကိရိယာတပ်ဆင်ထားပါ။

Wai Lin, Nine Thu Wun
Photo – Shutter Images

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here