အပူပိုင်းဒေသတွေမှာ အုန်းသီးကို ပုံစံအမျိုးမျိုးနဲ့ စားသုံးလာခဲ့ကြတာဟာ နှစ်ပေါင်း ၅ထောင်နီးပါး ရှိခဲ့ပါပြီ။
အုန်းသီးဟာ အားကစားသမားတွေအတွက် အထူးကောင်းမွန်ပြီး ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် နှလုံး၊ ကျောက်ကပ်နဲ့ ဆီးအိတ် ကျန်းမာရေးတွေကိုလည်း ကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်ကြီးထွားမှုကို အထောက်အကူပြုပြီး အရွယ်တင် နုပျိုစေပါတယ်။
အုန်းသီးမှာ အခြားကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေလည်း အများကြီး ရှိပါတယ်။ အဲဒီထဲက အဓိကအချက် ၇ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ကောင်းမွန်တဲ့ အဆီဓာတ်ကို ထောက်ပံ့ပေးနိုင်တယ်
လူတွေက အအေးခံထားတဲ့ ပြည့်ဝစားအုန်းဆီဟာ သူတို့ရဲ့ကျန်းမာရေးအတွက် မသင့်တော်ဘူးလို့ထင်နေကြပါတယ်။ဒါပေမယ့် သဘာဝအတိုင်း ထုတ်ယူထားတဲ့ အုန်းဆီကတော့ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဆီဓာတ်ကို ထောက်ပံ့ပေးနိုင်ပါတယ်။ သန့်စင်အုန်းဆီကတော့ စားသုံးဖို့ သင့်လျော်ပါတယ်။
၂။ ဝိတ်ကျချင်ရင် အုန်းသီးစားပါ
အုန်းသီးမှာပါဝင်တဲ့ အက်ဆစ်ဓါတ်ဟာ လူ့ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေကို ချိန်ညှိပေးနိုင်ပါတယ်။ အစာခြေလမ်းကြောင်းနဲ့ ကိုယ်တွင်းအဆိပ်အတောက်တွေကိုလည်း သန့်စင်ပေးနိုင်ပါတယ်။ အုန်းသီးကို စားသောက်ဖွယ်အမျိုးမျိုး ပြုလုပ်ပြီး စားသုံးနိုင်ပါတယ်။ အုန်းဆီကိုလည်း ဟင်းချက်ရာမှာ အသုံးပြုနိုင်ပါတယ်။ အုန်းဆီမှာ ကယ်လိုရီနဲ့ ကိုလက်စထရော ပါဝင်မှု မမြင့်မားတဲ့အတွက် ကျန်းမာရေးအတွက် အထူးသင့်လျော်ပါတယ်။
၃။ အုန်းရည်က ရေဓာတ်ကြွယ်ဝတယ်
အုန်းသီးနုနုလေးတွေထဲက အုန်းရည်ဟာ ခန္ဓာ ကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို လုံလောက်စွာဖြည့်တင်းပေးနိုင်ပါတယ်။ အုန်းရည်က အာရုံကြောတွေနဲ့ ကြွက်သားတွေအတွက်လည်း အထူးကောင်းမွန်ပါတယ်။
၄။ အုန်းဆီက အရွယ်တင်နုပျိုစေတယ်
အုန်းဆီဟာ အိုမင်းရင့်ရော်မှုဖြစ်စဉ်ကို နှေးကွေးစေပြီး နေလောင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အုန်းဆီသာ အရွယ်တင်နုပျိုစေဖို့ ဆေးစွမ်းတလက်ပါပဲ။ ရေမချိုးခင် အုန်းဆီကို လိမ်းရင် ပိုပြီး အကျိုးအာနိသင်ရှိပါတယ်။
၅။ အုန်းဆီက ဘက်တီးရီးယား၊ ပိုးမွှားတွေကို သေစေနိုင်တယ်
အုန်းဆီဟာ ဘက်တီးရီးယား၊ ပိုးမွှားတွေကို သေစေနိုင်သလို မှိုစွဲကပ်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
၆။ အုန်းသီးက အရိုးနဲ့သွားတွေကို သန်မာစေတယ်
အုန်းသီးမှာ အရိုးနဲ့သွားကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ မဂ္ဂနီဆီယမ်နဲ့ ထုံးဓာတ်တွေ ပြည့်ဝစွာ ပါဝင်ပါတယ်။ အုန်းသီးကို ပုံမှန်စားသုံးပေးမယ်ဆိုရင် အရိုးကျိုး၊ အက်တာတွေ၊ အရိုးကိုက်ခဲနာကျင်တာတွေကနေ ကင်းဝေးစေမှာပါ။ နွားနို့နဲ့ ဓာတ်မတည့်သူတွေအနေနဲ့လည်း အုန်းသီးကို နွားနို့အစားထိုး စားသုံးနိုင်ပါတယ်။
၇။ အုန်းဆီဟာ ဦးရေကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်
အုန်းဆီမှာ မှိုနဲ့ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်တဲ့ အာနိသင်ရှိတဲ့အတွက် သင့်ဆံသားကျန်းမာရေးကို ထိခိုက်စေတဲ့ ဗောက်နဲ့ သန်းတွေကို သေစေနိုင်ပါတယ်။
Wai Lin