Advertisement

Country ဂီတဆိုတာ သာယာငြိမ့်ညောင်းပြီး အလွန်နားထောင်လို့ကောင်းတဲ့ ဂီတဖြစ်ပါတယ်။ Country ဂီတရဲ့ မူလဇစ်မြစ်က Blues နဲ့ Old Times Music ဖြစ်ပါတယ်။ အားလုံးကို ခြုံပြီး အမေရိကန်ကျေးလက်ဂီတလို့ပြောရင်ရပါတယ်။ Country သီချင်းဆိုရင် ခံစားချက်ကို ရိုးရိုးလေးနဲ့ အကောင်းဆုံးဖော်ပြနိုင်တဲ့ သီချင်းလို့ လူသိများပါတယ်။

Country ဂီတကို Acoustic ဂစ်တာ နဲ့ ဘင်ဂျိုသုံးပြီး ဖန်တီးကြပါတယ်။ တယော၊ ဘာဂျာတို့နဲ့လည်း တွဲဖက်ဖျော်ဖြေကြပါတယ်။ Country ဂီတကို ​ရှေးယခင်တုန်းကတော့ hillbilly ဂီတလို့ ခေါ်ပါတယ်။ Country ဂီတဟာ ၁၉၉၀ ဝန်းကျင်တွေတုန်းက အမေရိကန်နိုင်ငံရဲ့ လူကြိုက်အများဆုံးဂီတဖြစ်ခဲ့ပါတယ်။ အမေရိကန်မှာတော့ Country ဂီတကို မနက်ခင်းတွေမှာ နားထောင်လေ့ရှိပါတယ်။

Country ဂီတ မူလပေါက်ဖွားရာနေရာက အမေရိကန်တောင်ပိုင်းဒေသဖြစ်ပါတယ်။ ၁၉၂၀ ဝန်းကျင်တွေတုန်းက အမေရိကန် တောင်ပိုင်းဂီတဆိုပြီး ကမ္ဘာကျော်ခဲ့ပါတယ်။ Country ဂီတစတင်ရာ နေရာကို Tennessee ပြည်နယ်က Bristol မြို့အဖြစ် အမေရိကန်လွှတ်တော်က သတ်မှတ်ပေးခဲ့ပါတယ်။ Bristol မြို့မှာ Country ပြတိုက်ရှိပါတယ်။ .

Country ဂီတရဲ့ ပထမမျိုးဆက်ကို ၁၉၂၀- ၁၉၃၀ မှာ စတင်ခဲ့ပါတယ်။ အဲဒီ့ကာလတုန်းက Jimmie Rodgers, Cliff Carlisle တို့နာမည်ကြီးပါတယ်။ ဒုတိယမျိုးဆက်ကို ၁၉၃၀-၁၉၄၀ ကြားသတ်မှတ်ထားပါတယ်။ ဒုတိယမျိုးဆက်မှာ အကလေးတွေပါလာပါပြီ။ တချို့က Country နဲ့ Jazz ဂီတကို ပေါင်းစပ်ပြီး သီဆိုကြပါတယ်။ တတိယမျိုးဆက်ကတော့ ၁၉၄၀- ၁၉၅၀ ကြားဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်နဲ့ တိုက်ဆိုင်နေတဲ့ ကာလဖြစ်ပါတယ်။ ခရစ်ယန် ဘုရားသီချင်းအများစုကို Country ဂီတနဲ့သီဆိုကြပါတယ်။ တတိယမျိုးဆက်မှာ Country Rock ဂီတအမျိုးအစားပေါ်လာပါတယ်။ နာမည်ကျော် ပရက်စလေရဲ့ အစက Country Rock လို့ပြောရင်ရပါတယ်။

၁၉၇၀-၁၉၈၀ ကြား စတုတ္ထမျိုးဆက်မှာ John Denver ရဲ့ Country Pop, Soft Rock သီချင်းတွေ ခေတ်စားပါတယ်။ ပဥ္စမမျိုးဆက် ၁၉၉၀ ကာလကတော့ Country ဂီတရဲ့အအောင်မြင်ဆုံးကာလ လို့ပြောရင်ရပါတယ်။ Dixie Chicks ကတော့ ပဥ္စမမျိုးဆက်ရဲ့အအောင်မြင်ဆုံး Country Band ပါ။ Alan Jackson လည်း နာမည်ကြီးပါတယ်။

နောက်ဆုံးမျိုးဆက်မှာတော့ Country မျိုးကွဲတွေ အများကြီးပေါ်ထွန်းလာခဲ့ပါတယ်။ Rock ဂီတရဲ့ လွှမ်းမိုးမှုခံရပေမယ့် Lady Antebellum, Florida Georgia Line, Carrie Underwood and Taylor Swift တို့လို Country အဆိုတော်တွေ ပေါ်ထွန်းခါပါတယ်။ သူတို့ထဲမှာ အသံချိုချိုလေးနဲ့ စွဲဆောင်မှုရှိတဲ့ Taylor Swift ကနာမည်ကျော်ကြားပါတယ်။ Country Rap ဆိုတဲ့ ဂီတအမျိုးအစားလည်း ပေါ်ထွန်းခဲ့ပါသေးတယ်။ Country Rock အမျိုးအစားဖြစ်တဲ့ Eagles ရဲ့ Hotel California သီချင်းကလည်း ကမ္ဘာကျော်ခဲ့ပါတယ်။ ကနေဒါသူ Shania Twain ကလည်း အဲဒီခေတ်ကာလက အောင်မြင်တဲ့ အမျိုးသမီး Country အဆိုတော်ဖြစ်ခဲ့ပါတယ်။ အမေရိကန်ပြီးရင် ကနေဒါက Country ဂီတအရူးသွပ်ဆုံးနိုင်ငံဖြစ်ပါတယ်။

ခေတ်ကာလတွေဘယ်လိုပြောင်းပြောင်း Country သီချင်းလေးတွေ..Cowboy ဝတ်စုံလေးတွေကတော့ အမြဲရှင်သန်နေဆဲဖြစ်ပါတယ်။

Wai Lin

Photo – Wikipedia

Ref – Country History

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here