Advertisement

မြန်မာနိုင်ငံတော်အစိုးရက ခရီးသွားကဏ္ဍပြန်လည်ထူထောင်ရေးမဟာဗျူဟာလမ်းပြမြေပုံ ကိုထုတ်ပြန်လိုက်ပါတယ်။

Tourism Master Plan (2013-2020 ကိုအခြေခံတဲ့ဒီမဟာဗျူဟာဟာ Covid-19 ကပ်ရောဂါဖြစ်ပွားဆဲကာလမှာ ခရီးသွားလုပ်ငန်းကဏ္ဍကိုပြန်လည်ကုစားဖို့ UNWTO Global Guidelines to Restart Tourism ရဲ့လမ်းညွှန်ချက်တွေနဲ့အညီရေးဆွဲထားခြင်းဖြစ်ပါတယ်။

Tourism Master Plan ရဲ့ထောက်တိုင် ၆ရပ်ကိုကျယ်ပြန့်စွာအသုံးချရင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးကခရီးသွားကော်မတီတွေအနေနဲ့ ၎င်းတို့ရဲ့နယ်မြေဒေသနဲ့ကိုက်ညီတဲ့ခရီးသွားလုပ်ငန်းဆိုင်ရာစည်းမျဉ်းတွေရေးဆွဲရာမှာ အထောက်အကူပြုနိုင်ဖို့ရည်ရွယ်ပါတယ်။

ဒီမဟာဗျူဟာမှာအောက်ပါအချက်တွေပါဝင်ပါတယ်။

·         လည်ပတ်စရာဒေသသစ်များရှာဖွေရင်းဝင်ငွေအကန့်အသတ်ရှိတဲ့တိုင်းသူပြည်သားများလက်လှမ်းမီနိုင်မယ့်ခရီးသွားရပ်ဝန်းအကောင်အထည်ဖော်ရေး

·         ပြောင်းလဲမှုနှင့်လိုက်လျောညီထွေဖြစ်နိုင်မယ့်နည်းလမ်းများရှာဖွေရေး

မဟာဗျူဟာအကြောင်းရှင်းလင်းချက်

ကပ်ရောဂါဟာတိုင်းပြည်စီးပွားရေးကိုထိခိုက်စေရုံသာမကဘဲ ပြည်သူတွေရဲ့စားဝတ်နေရေးအပေါ်မှာပါ သက်ရောက်မှုရှိပါတယ်။ အစိုးရရဲ့အစီအမံတွေဟာကျန်းမာရေးကိုဦးစားပေးစဉ်းစားရင်း lockdown ကြောင့်လုပ်ငန်းတွေရပ်နားလိုက်ရတဲ့ လုပ်ငန်းရှင်တွေနဲ့ပြည်သူတွေရဲ့အကျပ်အတည်းကို သက်သာစေဖို့ရည်ရွယ်ပါတယ်။

ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်သောရည်မှန်းချက်

Covid-19 ကာလခရီးသွားလုပ်ငန်းကိုပြန်လည်ကုစားဖို့ UNWTO လမ်းညွှန်ချက်တွေနဲ့အညီ အောက်ပါရည်မှန်းချက်တွေကိုချမှတ်ထားပါတယ်။

လတ်တလောဦးစားပေး    

·         ခရီးသွားလုပ်ငန်းပြန်လည်စတင်နိုင်ရန်နှင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်တို့အတွက် စိတ်ချယုံကြည်မှုများပြန်လည်ဖြစ်ပေါ်လာစေရန်။

ကာလလတ်

·         ခရီးသွားဧည့်သည်များ၏ဝယ်လိုအားကိုပြန်လည်ပျိုးထောင်ရန်နှင့် ခရီးသွားရောင်းကုန်ကမ်းလှမ်းချက်များကိုမြှင့်တင်ရန်။ 

ကာလရှည်   

·         တာဝန်ယူမှုရှိပြီးရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းဖြစ်လာစေရန်။

မဟာဗျူဟာများနှင့် လုပ်ဆောင်ချက်များ

မဟာဗျူဟာမှာ လတ်တလောဦးစားပေး၊ ကာလလတ်နှင့် ကာလရှည်ရည်မှန်းချက်များ အထမြောက်အောင်မြင်စေရန် မဟာဗျူဟာများနှင့် အသေးစိတ် သတ်မှတ်ထားသော လုပ်ဆောင်ချက်များကိုထည့်သွင်းထားပါတယ်။ မဟာဗျူဟာ (၁၈) ချက်၊ အသေးစိတ် လုပ်ဆောင်ချက် (၈၀) ပါဝင်ပါတယ်။ အဆိုပါမဟာဗျူဟာတွေကိုဝန်ကြီးဌာန၏ ဌာနတွင်း အကောင်အထည်ဖော်ရမည့်အစီအစဉ်များ နှင့် ပူးတွဲဖော်ဆောင်ရမယ်လို့သိရပါတယ်။

ခရီးသွားလုပ်ငန်းပြန်လည်စတင်နိုင်ရေးနှင့်  မြှင့်တင်သွားနိုင်ရေး တို့အတွက် ယုံကြည်မှုများပြန်လည်ရရှိစေခြင်း။ (လတ်တလောဦးစားပေး)

၁။ မြန်မာနိုင်ငံအပေါ်စိတ်ချယုံကြည်မှုများဖြစ်ပေါ်လာစေရန် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်။

၂။  ခရီးသွားလုပ်ငန်းကဏ္ဍရှိ MSMEs များနှင့် လူတစ်ဦးတစ်ယောက်ချင်းစီကို စီးပွားရေးဆိုင်ရာအထောက်အပံ့များဆက်လက်ပေးသွားရန်။

၃။ အတွေ့အကြံအသစ်များရှာဖွေရေးအတွက် လှုံ့ဆော်မှုများ ဆောင်ရွက်ရန်။

၄။  ခရီးစဉ်ဒေသများအားအခြေအနေသစ်နှင့်အညီ လိုက်လျောညီထွေမှုရှိရေးဆောင်ရွက်ရန်။

၅။ အခင်းအကျင်းသစ်အတွက်အဆင်သင့်ဖြစ်နေစေဖို့ ဝန်ထမ်းများအားလေ့ကျင့်ပေးရန်။

ခရီးသွားဧည့်သည်များပြန်လည်လာရောက်ခြင်းနှင့် ခရီးသွားဝန်ဆောင်မှုများနှင့် ဆွဲဆောင်မှုများပိုမိုတိုးတက်လာစေခြင်း။ (ကာလလတ်ဦးစားပေး)

၆။ မြန်မာနိုင်ငံအားယုံကြည်စိတ်ချရသောခရီးစဉ်ဒေသတစ်ခုအဖြစ် တည်ထောင်ရန်။

၇။ နိုင်ငံတကာခရီးသွားများ၏ရင်ထဲ မြန်မာနိုင်ငံကို စွဲမြဲနေစေရေးဆောင်ရွက်ရန်။

၈။ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုများနှင့်ဆွဲဆောင်မှုများကို အမျိုးအစား ပြည့်စုံများပြားစေရန်နှင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ထားသောဒေသများရှိ ခရီးသွားဆွဲဆောင်မှုအရည်အသွေးများပိုမိုကောင်းမွန်စေရန်။

၉။ MSMEs များ ကို ဒစ်ဂျစ်တယ်နည်းစနစ်ဖြင့်လည်းကောင်း၊ခရီးသွားလုပ်ငန်းရင်းနှီးမြှုပ်နှံမှုများနှင့် နည်းပညာအထောက်အပံ့များပေးခြင်းဖြင့်လည်းကောင်း အကူအညီပေးရန်။

၁၀။ နိုင်ငံတော်အဆင့်ခရီးသွားလုပ်ငန်းအတွက် စံသတ်မှတ်ချက်များ ဆက်လက် ပြဌာန်းသွားရန်၊ လေ့လာသင်ယူမှုများလွယ်ကူမှုရှိစေရန်နှင့် ခရီးသွားလုပ်ငန်း အလုပ်အကိုင်အသစ်များဖန်တီးပေးရန်။

၁၁။ ခရီးစဉ်ဒေသများလူသိများလာစေရန် destination marketing organisation (DMO) များမှ စီမံခန့်ခွဲမှုမဟာဗျူဟာများနှင့် စံသတ်မှတ်ချက်များရေးဆွဲပြီးလမ်းညွှန်ချက်များ ချမှတ်သွားရန်။

ခိုင်မာသော၊ ဟန်ချက်ညီသော၊ တာဝန်သိတတ်သော၊ ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်း ကဏ္ဍတစ်ခုအားပျိုးထောင်ခြင်း။ (ကာလရှည်)

၁၂။ ခေတ်မီဆန်းသစ်သော ခရီးသွားလုပ်ငန်း ဂေဟစနစ် (Smart Tourism Ecosystem) နှင့် ဒီဂျစ်တယ် ခေံအဆောက်အအုံ တည်ဆောက်ရန်။

၁၃။ မြန်မာခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ ကိုဖွဲ့စည်းတည်ထောင်ရန်။

၁၄။ လူစွမ်းအားအရင်းအမြစ်တိုးတက်ရေးအတွက်အဆင့်မြင့်ပညာရေးသို့ သွားနိုင်မည့် လမ်းကြောင်းများတည်ဆောက်ခြင်း၊ အမျိုးသားအဆင့်လူ့စွမ်းအားအရင်းအမြစ် မဟာဗျူဟာကိုအဆင့်မြှင့်တင်ခြင်းများ လုပ်ဆောင်ရန်။

၁၅။ ခရီးသွားလုပ်ငန်းများအားလူသိများလာရေးကို တိုးမြှင့်လုပ်ဆောင်ရန်။

၁၆။ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုတွင် အားလုံးပါဝင်ဆောင်ရွက်နိုင်ခွင့်ရရှိရေးနှင့်  ခရီးသွားလုပ်ငန်းနှင့်ဆက်နွယ်သူများနှင့်တိုင်ပင်ဆောင်ရွက်ရန်။

၁၇။ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းနယ်ပယ်အား ပိုမိုကျယ်ပြန့်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန်။

၁၈။ သဘာဝနှင့်ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရန်နှင့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ်တွင် ဆိုးကျိုးသက်ရောက်မှုများမှကာကွယ်ရန်။

အသေးစိတ်ဖတ်ရှုရန်မဟာဗျူဟာအပြည့်အစုံကိုအောက်ပါ link မှာ download လုပ်ပါ။

MYANMAR-TOURISM-STRATEGIC-RECOVERY-ROADMAP-23.10.20 

ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက် – MOHT Facebook announcement

Interactive tool – https://workflowy.com/s/BApV.2TnyNK1OpW

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here