Advertisement

အ​ရှေ့ကမ္ဘာရဲ့ဗင်းနစ်လို့ တင်စားခဲ့ရတဲ့ဘန်​ကောက်မြို့ရှိရာ ထိုင်းနိုင်ငံကို ကမ္ဘာမှာ မသိတဲ့သူ နည်းပါတယ်။ ထိုင်းနိုင်ငံနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ အချက်​လေး​တွေကို ကြည့်လိုက်ရ​အောင်…

၁။ ထိုင်းနိုင်ငံရဲ့ဘုရင်စနစ်

ထိုင်းနိုင်ငံဟာ ဥ​ရောပလက်​အောက်ခံကိုလိုနီမဖြစ်ခဲ့တဲ့ တခုတည်း​သော အ​​ရှေ့​တောင်အာရှနိုင်ငံပါ။ ဒါကြောင့် အခုချိန်ထိ ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ရှိ​နေပါ​သေးတယ်။ ထိုင်းတော်ဝင်မိသားစုကို တိုင်းသူပြည်သားတွေက အလွန်အင်မတန် အ​လေးအမြတ်ထားကြပြီး တော်ဝင်မိသားစုဝင်တ​စ်ယောက်ကို စော်​ကားခြင်းဟာ နိုင်ငံ​တော်သစ္စာ​ဖောက်မှုကို ကျူးလွန်ခြင်းဖြစ်ပါတယ်။ နှစ်​ပေါင်း ၇၀​ကျော်ကြာ စိုးစံခဲ့တဲ့ ထိုင်းဘုရင်ဘူမိ​​ဘောဟာ ကမ္ဘာမှာ နန်းစံသက်အရှည်ကြာဆုံးဘုရင်ဖြစ်ပါတယ်။

၂။ ထိုင်းနိုင်ငံမှာရှိတဲ့ တိရစ္ဆာန်တွေရဲ့ အ​ကြောင်း

ကမ္ဘာ့ တိရစ္ဆာန်မျိုးစိတ်​တွေရဲ့ ဆယ်ပုံတပုံဟာ ထိုင်းနိုင်ငံမှာ ရှိပါတယ်။ ထိုင်းနိုင်ငံဟာ အ​မွှေးတိုတို၊ နားရွက်မည်းမည်း၊ မျက်လုံးပြာပြာ ယိုးဒယား​ကြောင်​တွေ နဂိုမူလ ပေါက်ဖွားရာ​ဒေသပါ။ တန်ဖိုးကြီးအန်ဖတ်ကို ထုတ်​ပေး​နေတဲ့ ဇီဝဇိုးငှက်​လေး​တွေ၊ ကုန်း​ပေါ်မှာ လမ်း​လျှောက်နိုင်တဲ့ ငါးမျိုးစိတ်၊ ၂ဂရမ်သာရှိတဲ့ ကမ္ဘာ့အ​သေးဆုံးဝက်နှာ​ခေါင်းလင်းနို့၊ ၇ပေရှည်တဲ့ ပုတ်သင်မျိုးတို့ဟာလည်း ထိုင်းနိုင်ငံမှာ ရှိပါတယ်။ ဟိုး​အောက်ဘက်ထိုင်းနိုင်ငံရဲ့ ပိုင်နက်ပင်လယ်ပြင်မှာလည်း ကမ္ဘာ့အကြီးဆုံး ဝေလငါးမျိုးစိတ်​တွေ ကျက်စားလျက်ရှိပါတယ်။

၃။ ထိုင်းနိုင်ငံရဲ့ မျောက်အစာကျွေးပွဲတော်

ထိုင်းနိုင်ငံ၊ လော့ဘူရီ​ဒေသမှာ မျောက်​အစာ​ကျွေးပွဲကို နှစ်စဉ်ကျင်းပ​လေ့ရှိပါတယ်။ မျောက်​တွေကို ထမင်း၊ ရာသီ​ပေါ်သီးနှံတွေ၊ အသုပ်မျိုးစုံ၊ အသား​ချောင်း​​အမျိုးမျိုး၊ ရေခဲမုန့် စတာ​တွေနဲ့ ကျွေး​မွေးတာပါ။ ဖူးခက်မှာ ကျင်းပမြဲ ဖြစ်တဲ့ ပွဲ​တော်မှာ စိတ်နှလုံးသန့်ရှင်း​အောင် မိမိရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို နေ့စဉ်သုံးပစ္စည်း​တွေနဲ့ ဖြတ်​တောက်၊ ဆုတ်ဖြဲခြင်း၊ မီးကျီးခဲ​တွေ​ပေါ်မှာ ခြေဗလာ​ဖြတ်​လျှောက်ခြင်း၊ အသားငါးစားသုံးမှုကို ရှောင်ကြဉ်ခြင်း​တွေကို ပြုလုပ်ကြပါတယ်။

၄။ ထိုင်းနိုင်ငံရဲ့ ကိန်းဂဏန်းတချို့

ထိုင်းနိုင်ငံဟာ ကမ္ဘာမှာ သစ်ခွအများဆုံးတင်ပို့တဲ့ နိုင်ငံပါ။  သစ်ခွမျိုးစိတ်​ပေါင်း ၁၅၀၀ကျော် စိုက်ပျိုးပြီး စိုက်ပျိုးမှုရဲ့ ၄၅ရာခိုင်နှုန်းကို ပြည်ပတင်ပို့ပြီး ကျန်တာ​တွေကို ပြည်တွင်း​စျေးကွက်မှာ ဖြန့်ချိပါတယ်။ ထိုင်းနိုင်ငံရဲ့ နံပါတ်တစ်ပို့ကုန်က​တော့ ဆန်စပါးပါ။ လူဦး​ရေ ၆၇သန်း​ကျော် မှီတင်းနေထိုင်ကြတဲ့ ထိုင်းနိုင်ငံမှာ ကျွန်း​ပေါင်း ၁၄၀၀ကျော်နဲ့ ဘုရား​ကျောင်း​ပေါင်း သုံး​သောင်းခွဲခန့်ရှိပါတယ်။ ထိုင်းနိုင်ငံကို နှစ်စဥ်ပြည်ပခရီးသွား ၆သန်း​ကျော် ဝင်​​ရောက်လျက်ရှိပါတယ်။

၅။ ထိုင်းနိုင်ငံရဲ့ ရိုးရာဓလေ့ထုံးတမ်းစဉ်လာ

ထိုင်းနိုင်ငံက ဗုဒ္ဓဘာသာ အမျိုးသားတိုင်းဟာ တစ်သက်မှာတစ်ခါ​တော့ သာသနာ့​ဘောင်ကို ဝင်​​ရောက်​​လေ့ရှိပါတယ်။ အာရှနိုင်ငံအများစုဟာ ခေါင်းကို အထွတ်အမြတ်ထားပြီး ခြေ​ထောက်ကို နိမ့်ကျတယ်လို့ ယူဆထားကြပါတယ်။ ထိုင်းနိုင်ငံမှာလည်း လူတ​စ်ယောက်ရဲ့ ဦး​ခေါင်းကို ထိ​တွေ့ကိုင်တွယ်ခြင်းဟာ ရိုင်းစိုင်းတဲ့ အပြုအမူဖြစ်ပြီး အများသူငါကြားနဲ့ ဘာသာရေးဆိုင်ရာ နေရာ​တွေမှာ ထိုင်ပြီဆိုရင် မိမိရဲ့ ခြေ​ထောက်ကို ပုဆစ်တုပ်ထား​လေ့ရှိကြပါတယ်။

၆။ ထိုင်းနိုင်ငံနဲ့ ပထမဆုံးတွေ

ထိုင်းနိုင်ငံဟာ ကမ္ဘာ့ပထမဆုံး ကိုယ်ချင်းဆက်အမွှာရဲ့ ဇာတိပါ။ အဆိုပါအမွှာကို ၁၈၁၁ခုနှစ်မှာ မွေးဖွားခဲ့တာပါ။ ၎င်းညီအကိုဟာ အိမ်​ထောင်ကိုယ်စီကျခဲ့ပြီး ကနဦးအစမှာ လေး​ယောက်အတူအိပ်စက်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ၎င်းတို့ရဲ့ ဇနီးနှစ်ဦး အဆင်မ​ပြေဖြစ်ပြီးတဲ့​နောက် အိမ်ခွဲ​နေခဲ့ကြပြီး ဇနီးတစ်ဦးဆီမှာ သုံးညကြာ အလှည့်ကျ နေထိုင်ခဲ့ကြပါတယ်။ နာမည်​ကျော် Red Bull အချိုရည်ကို စတင်ထုတ်လုပ်ခဲ့တာကလည်း ထိုင်းနိုင်ငံမှာပါပဲ။

Wai Lin, Nine Thuwun

Photo – Freepik

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here