Advertisement

ဗောက်ထတယ်ဆိုတာ ဦးရေပြားပေါ်မှာ ဆဲလ်သေတွေ များပြားစုပုံနေတာကို ခေါ်တာပါ။ ခြောက်သွေ့ယားယံမှုကို ခံစားရနိုင်ပြီး ဗောက်ဖတ်တွေ သင့်ခေါင်းပေါ်မှာ ရှိနေခြင်းက သင့်ဆံပင်ကို ကြည့်ရဆိုးစေပါတယ်။ ဗောက်ထခြင်းကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

၁။ တစ်ခါတလေမှ ခေါင်းလျှော်ခြင်း ‌သို့ နေ့စဉ်ရက်ဆက် ခေါင်းလျှော်ခြင်းကို ရှောင်ပါ။

သင့်ရဲ့ခေါင်းကို တစ်ခါတလေမှ လျှော်မယ်ဆိုရင် ဦးရေပြားကထွက်တဲ့ အဆီတွေနဲ့ ချွေးတွေဟာ ရောနှောသွားနိုင်ပြီးသင့်ရဲ့ခေါင်းဟာ ဆဲလ်သေ‌ဗောက်တို့ ပျော်စံရာ ရိပ်မြုံဂေဟာကြီး တခု ဖြစ်လာမှာပါ။ နေ့စဉ်ရက်ဆက်ခေါင်းလျှော်မယ်ဆိုရင်လည်း ဦးရေပြားအစိုဓာတ်ကို ထိန်းသိမ်းပေးနေတဲ့ အဆီတွေကို ဖယ်ရှားဖြစ်သလိုဖြစ်နေတဲ့အတွက် ခြောက်သွေ့ယားယံလာမှုနဲ့ အတူ ဗောက်တွေဖြစ်ပေါ်လာမှာပါ။ ၂ရက်ခြား၊ ၃ရက်ခြား တခါ ခေါင်းလျှော်တာဟာ အသင့်တော်ဆုံးပါပဲ။

၂။ ခေါင်းလျှော်ပုံ မှန်ကန်ပါစေ။

ခေါင်းလျှော်တဲ့အခါမှာ သင့်ဆံသား၊ ဦးရေပြားနဲ့ ကိုက်ညီမယ့် ခေါင်းလျှော်ရည်ကို မှန်ကန်စွာ ရွေးချယ်အသုံးပြုဖို့ လိုပါတယ်။ ဘာအာမခံချက်မှမရှိတဲ့ ခေါင်းလျှော်ရည်တွေကို မသုံးမိဖို့က အရေးအကြီးဆုံးပါပဲ။ ခေါင်းလျှော်ပြီးတဲ့အခါမှာလည်း သေချာရေဆေးချဖို့ လိုပါသေးတယ်။

၃။ ဦးရေပြားအစိုဓာတ်ကို ထိန်းသိမ်းထားပါ။

ခေါင်းလျှော်ပြီးတိုင်း hair conditioner သုံးပေးပါ။ ဒါဟာ သင့်ဦးရေပြားအတွက် လိုအပ်တဲ့ အဆီတွေကို ဖြည့်တင်းပေးနိုင်ပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး သင့်ဆံသားကိုလည်း သန်စွမ်းတောက်ပစေနိုင်မှာပါ။ ရှောက်သီး၊ ကြက်ဥအနှစ်၊ ဒိန်ချဉ်၊ ပျားရည် စတာတွေကို သုံးပြီး အိမ်တွင်းနည်းလမ်းတွေနဲ့လည်း ဦးရေပြားအစိုဓာတ်ကို ထိန်းသိမ်းနိုင်ပါသေးတယ်။

၄။ မကြာခဏ ဆံပင်အလှပြင်ခြင်းကို ရှောင်ပါ။

ဆံပင်အလှပြင်ရာမှာ သုံးတဲ့ ဖယောင်း၊ ဂျယ်၊ ဆံပင်မှုတ်ဆေးတွေကို အမြဲလိုလို သုံးနေမယ်ဆိုရင် သင့်ဦးရေပြားမှာ အဆီတွေနဲ့ အညစ်အကြေးတွေ စုပုံလာပါလိမ့်မယ်။ သင့်ဆံသားကို ပျက်စီးစေနိုင်ရုံသာမက ခြောက်သွေ့ယားယံခြင်းကိုပါ အမြဲလိုလို ခံစားရနိုင်ပါတယ်။

၅။ စားသောက်မှုပုံစံမှန်ကန်ပါစေ။

သကြားပါဝင်မှုများတဲ့ အစားအစာတွေကို အလွန်အမင်း စားသုံးခြင်းက သွေးတွင်းသကြားဓာတ်ပမာဏကို မြင့်တက်စေနိုင်ပြီး သင့်ဦးရေပြားမှာ မလိုအပ်တဲ့အဆီတွေပါ ထွက်ရှိလာမှာပါ။ ဒါပေမယ့် အစာအာဟာရမျှတအောင် စားသုံးဖို့ လိုအပ်ပြီး ဇင့်ဓာတ်နဲ့ ဗိုက်တာမင်ဘီ ကြွယ်ဝတဲ့အစားအသောက်တွေကို အဓိက စားသုံးသင့်ပါတယ်။ ‌သင့်ရဲ့ခေါင်းကို နှိပ်နယ်ပေးခြင်း၊ ဆံပင်ကို ပုံမှန် ဖြီးသင်ပေးခြင်း၊ ဦးရေပြားမှာ နေကာခရင်လိမ်းပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။ သင့်ရဲ့ စိတ်အခြေနေကလည်း ကိုယ်တွင်းဖြစ်စဉ်အပေါ်မှာ သက်ရောက်မှုရှိတဲ့အတွက် စိတ်ပိုင်းဆိုင်ရာအရ ကျန်းမာအောင် နေထိုင်ဖို့လည်း လိုအပ်ပါတယ်။

Wai Lin, Nine Thuwun
Photo – Shutter

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here