(၁) ဟစ်ဟော့ဂီတဟာ ၁၉၇၀ပြည့်လွန်နှစ်များဆီက နယူးယောက်မြို့ရဲ့ အိမ်တွင်းပါတီပွဲတွေမှာ စတင်သန္ဓေတည်လာခဲ့တာပါ။ Music Composer (MC) တွေဟာ DJ တီးလုံးသံစဥ်တွေအတိုင်း RAP စာသားတွေ စပ်ဆိုခဲ့ရာမှ ဟစ်ဟော့ဂီတ အစပြုခဲ့တာဖြစ်ပါတယ်။
(၂) RAP ဆိုတာ Rhythm And Poetry အတိုချုံးထားတာဖြစ်ပြီး စည်းချက်ညီစွာစပ်ဆိုခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ DJရဲ့ အရှည်ကောက်ကတော့ Disc Jockey ပါ။ ဟစ်ဟော့ဆိုတဲ့ ဝေါဟာရကိုတော့ Keith Cowboy ဆိုသူက ၁၉၇၅ ဝန်းကျင်မှာ တီထွင်ခဲ့တာဖြစ်ပါတယ်။
(၃) RAPဟာ ဟစ်ဟော့ရဲ့တစ်စိတ်တစ်ပိုင်းပါ။ ဟစ်ဟော့မှာ စာသားတွေစပ်ဆိုခြင်း (rapping)၊ DJပွတ်ခြင်း (DJing)၊ ရောသမမွှေခြင်း (turntables)၊ တီးလုံးတွေဖန်တီးခြင်း (beatmaking)၊ ဘရိတ်ဒန့်ကခြင်း (breakdancing) နဲ့ နံရံပန်းချီဆွဲခြင်း (Graffiti) စတာတွေ ပါဝင်ပါတယ်။ နောက်ပိုင်းမှာ နှုတ်ထွက်သံစဥ်လို့ခေါ်တဲ့ beatbox ဟာလည်း ဟစ်ဟော့ဂီတအမျိုးအစားထဲမှာ ပါဝင်လာခဲ့ပါတယ်။
(၄) ဟစ်ဟော့ဟာ သာယာနာပျော်ဖွယ်တေးသွားတွေထက် ကာရန်ညီညွတ်စည်းချက်ကျမှုကို အသားပေးထားတာပါ။ စာသားမပါတဲ့ တီးလုံးသက်သက် ဟစ်ဟော့ (beatbox)လည်း ရှိပါသေးတယ်။
(၅) ဂျမေကာနွယ်ဖွား DJ Kool Herc ဟာ Rap ဂီတကို တီထွင်ဖန်တီးခဲ့သူပါ။ လက်တင်အမေရိကလို့အသိများတဲ့ အလယ်ပိုင်းအမေရိကနိုင်ငံသားတွေနဲ့ အာဖရိကန်နွယ်ဖွားတွေသာ ဟစ်ဟော့လောကမှာ အများဆုံးနေရာယူထားပါတယ်။ Rap ဂီတဟာ သူတို့လို အနှိမ်ခံကျောမွဲလူတန်းစားတွေအတွက် စိတ်ထွက်ပေါက်တခု ဖြစ်ခဲ့ပါတယ်။

(၆)Rap ဂီတမှာ လူမျိုးရေးခွဲခြားမှုတွေ၊ မမျှတမှုတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ အကြမ်းဖက်ခံရမှုတွေအပေါ် မကျေနပ်တဲ့ ပေါက်ကွဲသံစဥ်တွေ အများဆုံးပါဝင်နေပါတယ်။ ဟစ်ဟော့ဟာ လက်တွေ့ဘဝနဲ့ နီးစပ်လွန်းလှပါတယ်။
(၇) ၁၉၇၃-၈၄ ကာလမှာ ခေတ်ဟောင်းဟစ်ဟော့ ထွန်းကားခဲ့ပြီး အဲဒီ့နောက်မှာတော့ ခေတ်သစ်ဟစ်ဟော့ အစပြုခဲ့ပါတော့တယ်။ ၁၉၈၀ ဝန်းကျင်မှာ Run-DMC အဖွဲ့ နာမည်ကျော်ခဲ့ပါသေးတယ်။ ဟစ်ဟော့ကို စတင်လူကြိုက်များ ရေပန်းစားလာချိန်ကတော့ ၁၉၉၀ ကျော်မှပါ။ ၂၀၁၇ ခုနှစ်အရောက်မှာတော့ ဟစ်ဟော့ဟာ လူကြိုက်အများဆုံးဂီတဖြစ်လာခဲ့ပါတယ်။
(၈) အခုဆိုရင် ဟစ်ဟော့ယဥ်ကျေးမှုဟာ တကမ္ဘာလုံးမှာ ပျံ့နှံ့ကူးစက်နေပါပြီ။ ဂျပန်၊ အီဂျစ်နဲ့ ဖိလစ်ပိုင်တို့မှာ ဟစ်ဟော့လွှမ်းမိုးမှုဟာ အတော်လေးကြီးမားပါတယ်။ ၂၀၃၀မှာ ဟစ်ဟော့လောကရဲ့ အမြတ်အစွန်းဟာ ဒေါ်လာ ၁၃၁ ဘီလျံအထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
(၉) DJ Kool Herc, Afrika Bambaataa နဲ့ Grandmaster Flash တို့ဟာ ဟစ်ဟော့ခေတ်ဦးမှာ နာမည်ကျော် Rapper တွေပါ။ The Mercedes Ladies ဆိုတဲ့ ပထမဆုံးအမျိုးသမီးဟစ်ဟော့အဖွဲ့ကို ၁၉၇၇ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး သူတို့တွေဟာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေနဲ့ အခက်အခဲပေါင်း မြောက်မြားစွာကို တွေ့ကြုံခံစားခဲ့ရပါတယ်။ အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းနဲ့ အနောက်ဘက်ကမ်းရိုးတန်း ရပ်ပါတွေရဲ့ အားပြိုင်မှုတွေကလည်း ပြင်းထန်ခဲ့ပါသေးတယ်။
(၁၀) လူမည်းတွေ အဓိကကြီးစိုးတဲ့ ဟစ်ဟော့လောကမှာ Eminem နဲ့ the Beastie Boys တို့လို လူဖြူအနည်းငယ်သာ အောင်မြင်ခဲ့ပါတယ်။
(၁၁) Rolling Stone မဂ္ဂဇင်းကသတ်မှတ်တဲ့ အနုပညာလောကရဲ့ ဥသျှောင် ၁၀၀ စာရင်းမှာ Jay-Z, Dr. Dre, Eminem, Run-DMC နဲ့ Tupac Shakur တို့လို ဟစ်ဟော့ပညာရှင်တွေ ပါဝင်ခဲ့ပါတယ်။
(၁၂) အချမ်းသာဆုံးအမျိုးသမီး Rapper Nicki Minjacရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာသန်း ၈၀ကျော် ရှိပါတယ်။ကျွန်တော်တို့မြန်မာပြည်မှာလည်း မျိုးကျော့မြိုင်၊ အက်ဆစ်အဖွဲ့ကစလို့ ယနေ့ လွှမ်းပိုင်၊ X-box တို့အထိ နာမည်ကျော် Rapper တွေ အများကြီးပေါ်ထွက်ခဲ့ပါပြီ။ Underground ဟစ်ဟော့လောကဟာလည်း လူငယ်တွေကြားမှာ နာမည်ကျော်ပါတယ်။
Wai Lin, Nine Thuwun
Source – Wiki