Advertisement

၂၀၂၁ခုနှစ်အတွက် AYA SOMPO Insurance (AYA SOMPO) နဲ့ Oway Pte Ltd တို့ပူးပေါင်းပြီး ပြည်တွင်းပြည်ပခရီးသွားလာရေးမှာလုံခြုံစိတ်ချမှုရှိစေဖို့ ခရီးသွားအာမခံတွေကိုမိတ်ဆက်ခဲ့ပါတယ်။

မြန်မာ့ပထမဆုံးအလုံးစုံခရီးသွားအာမခံတွေဖြစ်တဲ့ AYA Go နဲ့ AYA Joy ဟာလမ်းခရီးတလျှောက်ခရီးသည်တွေကြုံတွေ့ရနိုင်တဲ့စိန်ခေါ်မှုတွေကနေကာကွယ်ပေးသွားမှာဖြစ်ပါတယ်။

AYA Joy ကပြည်ပခရီးသွားတွေအတွက်ရည်ရွယ်ပြီး ခရီးဆောင်အိတ်ပျောက်ဆုံးခြင်း၊ လေယာဉ်နောက်ကျမှုကြောင့်ဖြစ်တတ်တဲ့ဆုံးရှုံးနစ်နာမှုများ၊ မတော်တဆမှုများ၊ ဆေးရုံတက်ကုသခြင်း၊ ဆေးကုသမှုနဲ့ပတ်သက်တဲ့ကုန်ကျစရိတ်များ၊ လမ်းခရီးမှာမတော်တဆမှုကြောင့်ထိခိုက်ဒဏ်ရာရခြင်း ပစ္စည်းဥစ္စာဆုံးရှုံးခြင်းများအတွက်အကျုံးဝင်ပါတယ်။

AYA Go ကတော့ပြည်တွင်းခရီးသွားများအတွက်ဖြစ်ပြီး ဆေးဝါးနဲ့ဆေးရုံတက်ကုသစရိတ်၊ လမ်းခရီးမှာမတော်တဆမှုကြောင့်ထိခိုက်ဒဏ်ရာရခြင်း ပစ္စည်းဥစ္စာဆုံးရှုံးခြင်း၊ သေဆုံးခြင်းများအတွက်အကျုံးဝင်ပါတယ်။ ဆန္ဒရှိတယ်ဆိုရင် ကလေးငယ်များပညာသင်ကြားရေးရန်ပုံငွေကိုလည်း AYA Go မှာရယူနိုင်ပါတယ်။

အသေးစိတ်အချက်အလက်တွေကိုအောက်ပါ link မှာလေ့လာနိုင်ပါတယ်။

AYA Go

AYA Joy

AYA SOMPO Insurance အကြောင်း

AYA SOMPO Insurance ဟာ AYA Myanmar General Insurance Co., Ltd. (AMGI) နဲ့ Sompo Japan Insurance Inc. တို့ရဲ့ joint venture company ဖြစ်ပါတယ်။ မြန်မာ့အာမခံလုပ်ငန်းမှာ ၅နှစ်ကြာအတွေ့အကြုံရှိခဲ့တဲ့ AMI နဲ့ ကမ္ဘာ့အာမခံလုပ်ငန်းမှာ နှစ်ပေါင်း ၁၅၀ကြာလုပ်ကိုင်နေတဲ့ SOMPO Insurance တို့လက်တွဲခဲ့တာအခုဆိုရင် ၂နှစ်ရှိပါပြီ။ အာမခံလုပ်ငန်းအပြင် မြန်မာပြည်သူတွေနောင်ရေးစိတ်အေးရစေမယ့်ဘဏ္ဍာရေးဝန်ဆောင်မှုတွေကိုပါပံ့ပိုးပေးလျက်ရှိပါတယ်။

AYA SOMPO ရဲ့ဝန်ဆောင်မှုတွေဟာ မြန်မာနိုင်ငံရဲ့မြို့ ၄၀အထိဖြန့်ကျက်ထားပြီး ဝန်ဆောင်မှုရယူထားသူ သောင်းနဲ့ချီရှိပါတယ်။ သုံးစွဲသူတွေအဆင်ပြေချောမွေ့စေဖို့ဒီဂျစ်တယ်နည်းပညာတွေနဲ့ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

AYA SOMPO ဟာ UN Global Compact အဖွဲ့ဝင်လည်းဖြစ်ပြီး ပြည်တွင်းဈေးကွက်ကိုကျွမ်းကျင်နှံ့စပ်မှုနဲ့ ကြွယ်ဝတဲ့နိုင်ငံတကာဈေးကွက်အတွေ့အကြုံ တွေပေါင်းစပ်ထားတဲ့လုပ်ငန်းလည်းဖြစ်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here