Advertisement

အကြောင်းကြောင်းကြောင့်လေယာဉ်စီးပြီးခရီးသွားရမယ့်သူတွေ Covid-19 ကကာကွယ်နိုင်ဖို့ Financial Times ကဆောင်းပါးတပုဒ်ကိုကိုးကားဖော်ပြအပ်ပါတယ်။

အမေရိကန်နိုင်ငံ Harvard TH Chan School of Public Health ရဲ့လေ့လာတွေ့ရှိချက်တွေအရ လေယာဉ်တွေပေါ်မှာသုံးတဲ့ HEPA လေသန့်စင်စနစ်တွေဟာ ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေကို ၉၉ ဒသမ ၉၇ရာခိုင်နှုန်းလောက်အထိစစ်ထုတ်ပေးနိုင်ကြောင်းသိရပါတယ်။

ဒီစနစ်ဟာလေယာဉ်စီးခရီးသည်တယောက်ယောက်ကနှာချေချောင်းဆိုးလိုက်တဲ့အခါထွက်လာတဲ့ အမှုန်အမွှားတွေကို ၂မိနစ်ကနေ ၅မိနစ်အတွင်းအပြင်ကိုစစ်ထုတ်ပေးနိုင်ပါတယ်။ ပုံမှန်အချိန်မှာဆိုဒီအမှုန်အမွှားတွေဟာလေထုထဲ ၆နာရီလောက်အထိရှိနေနိုင်တာပါ။

ဒါဆိုရင်ကိုဗစ်ရောဂါကနေအပြည့်အဝကာကွယ်ပေးနိုင်ပြီလား။

အဖြေကတော့ no ပါ။ လေသန့်စင်စနစ်ကထိရောက်တာမှန်ပေမယ့် ခရီးသည်တွေအနေနဲ့ နှာခေါင်းစည်းတပ်တာမျိုး၊ နှာချေချောင်းဆိုးတဲ့အခါနှာခေါင်းနဲ့ပါးစပ်ကိုတခုခုနဲ့ကာထားတာမျိုးတွေ လုပ်ပေးဖို့လိုပါသေးတယ်။

Harvard ကပညာရှင်တွေဟာလေယာဉ်ပေါ်ကတဆင့်ကိုဗစ်ကူးစက်မှုတွေကိုလေ့လာကြည့်ရာမှာ ၂၀၂၀ခုနှစ် မတ်လလောက်က လန်ဒန်ကနေ ဟနွိုင်းကိုသွားတဲ့လေယာဉ်တစီးပေါ်မှာစီးနင်းလိုက်ပါလာသူ ဗီယက်နမ်အမျိုးသမီးကတဆင့်တခြားခရီးသည်တွေကို ရောဂါကူးစက်မှုဖြစ်ပွားခဲ့ကြောင်းတွေ့ရှိခဲ့ရပါတယ်။

Business Class ကစီးနင်းလာတဲ့ဒီအမျိုးသမီးအပါအဝင်ခရီးသည် ၁၅ယောက် Covid-19 ကူးစက်ခြင်းခံခဲ့ရပါတယ်။ ဒီထဲက ခရီးသည် ၁၁ယောက်ဟာအဲ့ဒီအမျိုးသမီးနဲ့ ၂ခုံဝန်းကျင်မှာထိုင်ခဲ့တာပါ။ ဒီလေယာဉ်မှာလူတိုင်းနှာခေါင်းစည်းတပ်ဆင်ဖို့ထိထိရောက်ရောက်တိုက်တွန်းတာမျိုးမလုပ်ခဲ့ကြောင်း တွေ့ခဲ့ရပါတယ်။

အိုင်ယာလန်မှာလွန်ခဲ့တဲ့နွေရာသီကဖြစ်ပွားခဲ့တဲ့ကူးစက်မှုကလည်းသတိပြုစရာပါ။ ၇နာရီကြာခဲ့တဲ့အဲ့ဒီခရီးစဉ်မှာလိုက်ပါခဲ့သူ ၁၃ယောက်ရောဂါပိုးကူးစက်ခံခဲ့ရပါတယ်။ ဒီထဲမှာ ၄ယောက်လောက်ကလေယာဉ်ပေါ်မှာစီးနင်းလိုက်ပါရင်းကူးစက်ခံရတာလို့စစ်ဆေးတွေ့ရှိခဲ့တယ်။

ဒီလေယာဉ်ရဲ့ခုံ ၁၇ရာခိုင်နှုန်းပဲလူပြည့်ခဲ့ပေမယ့် ရောဂါကူးစက်ခံခဲ့ရတာကိုကြည့်ခြင်းအားဖြင့် လေယာဉ်တွေပေါ်မှာလူဦးရေလျှော့ပြီးတင်လည်း Covid-19 ဘေးကအပြည့်အဝမကာကွယ်ပေးနိုင်တာကို တွေ့ရပါတယ်။

ဒါကြောင့်မို့လေယာဉ်မတက်ခင်၊ လေယာဉ်စီးစဉ်၊ လေယာဉ်ပေါ်ကဆင်းချိန်တွေမှာ နှာခေါင်းစည်းကိုသေသေချာချာဝတ်ထားဖို့လိုအပ်တယ်လို့ Harvard ပညာရှင်တွေကအကြံပေးပါတယ်။

နှာခေါင်းစည်းတပ်ဆင်တဲ့နေရာမှာလည်းနှာခေါင်းကိုလုံအောင်တပ်ဖို့၊ အစားစားဖို့ချွတ်ထားပြီးရင် အသစ်လဲလှယ်ဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျား။

Ref: https://www.ft.com/content/0c2b6fdb-d2dd-428d-8ec2-7d8b99e8da1f?shareType=nongift

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here