Civil disobedience campaign ကြာလာတာနဲ့အမျှ အလုပ်မသွားတဲ့ဝန်ထမ်းတွေနေရေးစားရေးကျပ်တည်းလာမှာပါပဲ။ အဲ့ဒီတော့ငွေအားဖြစ်ဖြစ် လူအားဖြစ်ဖြစ်ကူညီလို့ရမယ့် ပရဟိတအဖွဲ့အစည်းတွေကိုစာရင်းလုပ်ပြီး မျှဝေပေးလိုက်ပါတယ်။

အသိပေးချက် – MYANMORE+ ဟာအောက်ပါအဖွဲ့အစည်းများနှင့်ဆက်နွယ်ပတ်သက်ခြင်းမရှိပါဘူး။ Facebook မှာတွေ့တဲ့လူမှုအဖွဲ့အစည်းတွေအကြောင်းမျှဝေပေးခြင်းသာဖြစ်ပါတယ်။

21 Savage MM

ပြည်သူ့ပေး charity campaign ကနေ CDC လုပ်နေတဲ့ပြည်သူ့ဝန်ထမ်းတွေကိုကူညီနေပါတယ်။ လှူဒါန်းချင်တယ်ဆိုရင် chat box ကဆက်သွယ်ပါ။
https://www.facebook.com/21savagemm/

We support heroes

သူတို့ကိုတော့နေရေးထိုင်ရေးအခက်အခဲဖြစ်သွားတဲ့ဝန်ထမ်းတွေအတွက် နေစရာအိမ်ငှားပေးတာမျိုးတွေ၊ အိမ်ငှားခဈေးလျှော့ပေးတာမျိုးတွေနဲ့ကူညီပေးလို့ရပါတယ်။ လတ်တလောအလှူငွေလက်မခံသေးပါဘူး။
https://www.facebook.com/We-Support-Heroes-177800567082406/

Htwe Lynn Ko and Chit Thu Wai (Public Figures)

ကိုလင်းလင်းနဲ့မချစ်သုဝေတိုကလည်းအကူအညီတွေပေးနေပါတယ်။ သူတို့ကတဆင့် We Support Heroes ကိုဆက်သွယ်နိုင်ပါတယ်။

Get Well Soon Myanmar Platform (FB Group)

လောလောဆယ်တော့ group request pending ဖြစ်နေတုန်းမို့ information တွေသေချာမသိသေးပါဘူး။ နောက်ထပ်ဆက်သွယ်လို့ရမယ့်အဖွဲ့အစည်းတွေကိုထပ်ဖော်ပြပေးပါ့မယ်။ စာဖတ်ပရိသတ်တွေသိတဲ့အဖွဲ့အစည်းတွေရှိရင်လည်း comment မှာဝေမျှပေးစေလိုပါတယ်။

Artwork credit: Moe Thandar Aung

LEAVE A REPLY

Please enter your comment!
Please enter your name here