ဒီအပတ်ပိတ်ရက်ကလစာထုတ်ရက်နဲ့လည်းတိုက်ဆိုင်နေတာမို့ ဘော်ဒါတွေနဲ့ပဲဖြစ်ဖြစ် တယောက်တည်းပဲဖြစ်ဖြစ် chill လို့ကောင်းမယ့်ဆိုင်အသစ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ TGIF!
1. Coffee Sine – ကော်ဖီဆိုင်

ကော်ဖီဆိုင်လို့ပဲရိုးရိုးလေးနာမည်ပေးထားတဲ့ဒီဆိုင်လေးကဒီအပတ်ကမှစဖွင့်တာပါ။ အတွင်းခန်းမှာလည်းထိုင်လို့ရသလို အပြင်ဘက်မှာလည်းခုံလေးတွေရှိတယ်။ ကော်ဖီနဲ့ soft drink တွေရပြီးဈေးနှုန်းကတော့ ကျပ် ၂၅၀၀-၃၀၀၀ ဝန်းကျင်ရှိပါတယ်။ စားစရာတွေထဲမှာတော့လက်ဖက်သုပ်ကနေ croissant အထိရတာမို့တော်တော်စုံတယ်ပြောရမယ်။ ဆိုင်လေးက retro ဆန်ဆန်ဆင်ထားတာမို့ဓာတ်ပုံရိုက်ရင်တော်တော်လှမယ့်နေရာလေးပါ။
အမှတ် ၁၃၄၊ ၃၉လမ်းအောက်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
09 950 434 444
9am to 7pm (တနင်္လာနေ့ပိတ်ပါတယ်)