MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် Weekly Letter ဖြစ်ပါတယ်။
သွားစားဖြစ်ခဲ့တဲ့ဆိုင်အသစ်
ဖွင့်တာတလကျော်လောက်ပဲရှိသေးတဲ့ Lumbini Tea Room ကလတ်တလောရန်ကုန်မှာနာမည်ကြီးနေတဲ့ ဆိုင်တွေထဲကတခုပါ။ နန်းကြီးသုပ် ပလာတာတို့လိုပုံမှန်လက်ဘက်ရည်ဆိုင်တွေမှာရတတ်တဲ့ အစားအသောက်တွေကို ခေတ်မီတဲ့အပြင်အဆင်နဲ့တည်ခင်းပါတယ်။ ဒင်းဆမ်းအပါအဝင်မနက်စာတွေတော်တော်စုံပါတယ်။
Review ဖတ်ကြည့်ပါ https://www.myanmore.com/2022/05/hottest-breakfast-spot-in-town-lumbini-tea-room/
ခုတလောစားဖြစ်နေတာ
သရက်သီးပေါ့ဗျာ။ အက်မင်ကတော့တနေ့ကိုအနည်းဆုံး ၂လုံးလောက်စားဖြစ်နေတယ်။ မိုးရွာလို့အပြင်မထွက်ချင်ဘူးဆိုရင် online ကနေမှာလို့ရတဲ့ဆိုင်လေးတွေကိုဒီ link မှာဝင်ကြည့်လို့ရပါတယ်။
https://www.myanmore.com/2022/05/its-mango-season-shop-at-these-spots/
မရောက်တာကြာလို့ခြေဦးလှည့်ဖို့ပြင်နေတဲ့ဆိုင်
Café Salween ကမြန်မာ့ရိုးရာမုန့်ဟင်းခါးကိုပဲ ငါးကင် ပုစွန်ကင်တွေနဲ့တန်ဖိုးမြှင့်ထားတဲ့မုန့်ဟင်းခါးကို တပွဲ ၅၀၀၀ကျပ်နဲ့စရောင်းနေပါပြီ။ အက်မင်ကတော့အခုအပတ်ပိတ်ရက်မှာသွားမြည်းကြည့်ဖို့စဉ်းစားနေတယ်။
သွားချင်တဲ့ပွဲ
ပြည်တွင်းအဝတ်အထည်ဆိုင်ခန်း ၂၅ခုလောက်ပါဝင်မယ့် Junction City Youth Market ကတော့ဒီပိတ်ရက်အတွင်းသွားကြည့်သင့်တဲ့ပွဲလေးပါ။
10am – 8pm | 28-29 May
အလည်သွားမယ့်နေရာ
နေပြည်တော်က M Gallery ဟိုတယ်မှာ staycation နေမယ်ဆိုရင် suite room ကို free upgrade ရမှာနော်။ ဒီ promotion ကနောက်တပတ်လောက်နေရင်ပြီးတော့မှာဆိုတော့ မြန်မြန်နေရာဦးထားမှတော်ကာကျမယ်။ ဒီအပတ်ပိတ်ရက်မှာဆိုရင် pool party လည်းရှိပါတယ်။ https://www.facebook.com/mgallerynpt/
ခုတလောကြည့်ဖြစ်နေတဲ့ content
YouTube က video တွေထဲမှာတော့ breakdown video တွေကိုကြည့်ဖြစ်နေတယ်။ ဒီ video တွေမှာရုပ်ရှင်တွေကြော်ငြာတွေထဲကပြကွက်တွေကို သက်ဆိုင်ရာ expert တွေကကြည့်ပြီးလက်တွေ့ကျမကျ ရှင်းပြတယ်။ ဥပမာ အောက်က Vanity Fair ရဲ့ link မှာဆိုအစားအသောက်ရေးရာကျွမ်းကျင်သူက အစားအသောက်ကြော်ငြာတွေကိုကြည့်ပြီး ဘယ်လိုပြင်ရ ရိုက်ရတယ်ဆိုတာရှင်းပြထားပါတယ်။
https://www.youtube.com/watch?v=f2Y_hTFpJus
Crash Course ဆိုတဲ့ channel ကလည်းပညာရပ်အမျိုးမျိုးကိုစိတ်ဝင်စားစရာကောင်းအောင်သင်ပြပေးတတ်လို့ မကြာခဏဝင်ကြည့်ဖြစ်ပါတယ်။
https://www.youtube.com/c/crashcourse
နားထောင်ဖြစ်နေတဲ့သီချင်း
Bren Joy နဲ့ Pink Sweat$ တို့ရဲ့ Insecure ကတော့ on repeat ပါ။ https://youtu.be/5qGsG0EXzTQ
ကြည့်ဖြစ်တဲ့ဇာတ်လမ်းတွဲ
Netflix ရဲ့မှုခင်းစုံထောက်ဇာတ်လမ်းတွဲသစ် The Lincoln Lawyer ကတော့လတ်တလောကြည့်ပြီး အကြိုက်တွေ့တဲ့ဇာတ်လမ်းပါ။ ကြည့်ပြီးသွားတဲ့သူတွေအနေနဲ့ comment မှာထင်မြင်ချက်လေးတွေပေးဖို့ဖိတ်ခေါ်ပါတယ်။ Spoiler တော့မပါစေနဲ့နော်။