Advertisement

MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် Weekly Letter ဖြစ်ပါတယ်။

ဆိုင်အသစ်

Ice N Chill ဆိုတဲ့ဆိုင်လေးမှာ private room ငှားပြီးသူငယ်ချင်းတွေနဲ့အတူတူအချိန်ဖြုန်းဖို့ပဲဖြစ်ဖြစ် အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ် အဆင်ပြေတယ်။ အခန်းငှားခတွေကလည်းတော်တော်သက်သာပါတယ်။

အိမ်မှာချက်စားမယ့်ဟင်း

ကရင်ရိုးရာတာလပေါ့ဟင်းလေးကတော့ဒီအပတ်ချက်စားဖို့စီစဉ်နေတဲ့ဟင်းပါ။ မိုးအေးအေးမှာပူပူစပ်စပ်နဲ့ စားလို့လည်းကောင်းသလို လုပ်ရတာလည်းလွယ်တယ်နော်။ ဟင်းချက်နည်းကိုဒီ link မှာကြည့်ပါ။

မရောက်တာကြာလို့ခြေဦးလှည့်ဖို့ပြင်နေတဲ့ဆိုင်

Prime Grill ကဒီအပတ်စနေနေ့ကျရင် ၆နာရီကနေ ၉နာရီအထိဘူဖေးညစာတည်ခင်းဖို့ရှိပါတယ်။ တယောက် ကျပ် ၁၅၀၀၀ နဲ့မြေထဲပင်လယ်အစားအစာတဒါဇင်ကျော်ကိုစားရမှာဆိုတော့တော်တော့်ကိုတန်တယ်။ ဘွတ်ကင်လုပ်ထားမှစိတ်ချရမယ်နော်။

သွားချင်တဲ့ပွဲ

ခုလာမယ့်တနင်္ဂနွေနေ့အဖေများနေ့မှာ Novotel Yangon Max မှာလုပ်မယ့် Father’s Day brunch နဲ့ market ကိုသွားကြည့်မလို့စဉ်းစားထားတယ်။ Market မှာဆိုင်ပေါင်း ၃၀လောက်ပါမှာဆိုတော့အတွေ့အကြုံအသစ်တွေရမယ်ထင်ပါတယ်။ အသေးစိတ်ကိုဒီ link မှာကြည့်ပါ။

19 Jun | Farmer’s Market Time: 11am to 4pm
Brunch Time: 12pm to 3pm | Novotel Yangon Max

ခုတလောကြည့်ဖြစ်နေတဲ့ content

YouTube ပေါ်က Listeners’ Heaven channel လေးကမြန်မာဝတ္ထုအများကြီးကိုအသံထွက်ဖတ်ပြထားတဲ့အတွက် မျက်လုံးညောင်းလို့စာမဖတ်ချင်တဲ့အချိန်တွေမှာနားထောင်ဖို့အဆင်ပြေတယ်။ Admin ကတော့စာမဖတ်ချင်ရင် သူ့ channel လေးဖွင့်ပြီးနားထောင်နေလိုက်တာပဲ။

ကြည့်ဖြစ်တဲ့ဇာတ်လမ်းတွဲ

Disney+ ရဲ့နောက်ဆုံးထွက် Ms Marvel ပါ။ အမေရိကမှာနေတဲ့မွတ်ဆလင်အသိုင်းအဝိုင်းအကြောင်းသိရသလို အရမ်းလူငယ်ဆန်ပြီးကြည့်လို့ကောင်းပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here