MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် Weekly Letter ဖြစ်ပါတယ်။
သတိထားမိခဲ့တဲ့ဆိုင်အသစ်
Hti Café ကတော့ရန်ကုန်မြို့မှာမကြာခင်ကပဲဖွင့်လှစ်ခဲ့တဲ့ rooftop café ပါ။ Event တွေမကြာခဏလုပ်လို့ လူသိများတယ်။ လွန်ခဲ့တဲ့ ၂ပတ်ကပဲ Sharky ရဲ့ The Wingery နဲ့ pop up event လုပ်လိုက်သေးတယ်။ အခုလည်း burger tasting event လုပ်လိုက်ပြန်ပါပြီ။ ဒီနေ့ညနေ ၄နာရီကစပြီး ဘာဂါအသစ် ၄မျိုးထဲက ၁မျိုးကို fre သုံးဆောင်နိုင်ပါပြီ။ ပွဲအသေးစိတ်ကိုဒီမှာကြည့်ပါ။
https://fb.me/e/3bQfYFPCA
စားဖြစ်နေတဲ့အစားအစာ
ဒူးရင်းသီးကတော့ခုတလောအစားဖြစ်ဆုံးပဲ။ ဈေးတွေလည်းအရင်ကလောက်မများတော့ဘူးလေ။ ကိုယ်တိုင်မဝတ်တတ်တဲ့သူတွေအတွက် Wake N’ Bake ကခွဲပြီးသားဒူးရင်းသီးတွေကို ၁ဘူး ၁၀၀၀၀ကျပ်နဲ့ ရောင်းပေးနေပါတယ်။ Admin တို့တွေ့တာကိုပြောပြခြင်းသာဖြစ်ပြီး Wake N’ Bake နဲ့တစုံတရာပတ်သက်ခြင်းမရှိပါဘူးနော်။
https://www.facebook.com/wakenbake.ygn.mm/
မရောက်တာကြာလို့ခြေဦးလှည့်ဖို့စီစဉ်နေတဲ့ဆိုင်
The Heaven Bistro ဟာဖွင့်တာ ၃နှစ်ကျော်လောက်ရှိနေပြီဖြစ်ပြီးပရိသတ်အခိုင်အမာရလာတာတွေ့ရတယ်။ အရှေ့တိုင်းနဲ့အနောက်တိုင်းကနာမည်ကြီးအစားအသောက်မျိုးစုံကိုရောင်းချပေးနေလို့ တကြိမ်သွားတိုင်း ကိုယ့်အကြိုက်ဖြစ်မယ့်အစားအစာတခုမဟုတ်တခုတော့တွေ့မှာပါ။
https://www.facebook.com/theheavenbistro/
သွားဖို့စီစဉ်ထားတဲ့ပွဲ
Pride Month အထိမ်းအမှတ်အနေနဲ့နေရာအစုံမှာတပတ်တာကျင်းပမယ့် LGBTIQ+ Week Myanmar မှာ workshop တွေ ရုပ်ရှင်ပြပွဲတွေ အတွေ့အကြုံဖလှယ်ပွဲတွေအပြင် သည်းခံမှုနဲ့မတူကွဲပြားမှုတွေအကြောင်း ကလေးငယ်တွေကိုပညာပေးဟောပြောပွဲတွေပါဝင်ပါတယ်။ အသေးစိတ်အချက်အလက်ကိုအောက်ပါ link မှာကြည့်ပါ။
6-12 Jun | https://fb.me/e/1xQ1AWspH
အလည်သွားမယ့်နေရာ
Admin ကတော့အခုပိတ်ရက် trekking လုပ်မယ်လို့စဉ်းစားနေတယ်။ Back to Nature Myanmar ရဲ့အစီအစဉ်နဲ့တိုက်ကြီးမြို့နယ်အတွင်း trekking ခရီးစဉ်မှာပါဝင်မယ်လို့စိတ်ကူးပါတယ်။ အတွေ့အကြုံနုသေးတဲ့ ဝါသနာရှင်တွေအတွက်လည်းသင့်တော်တာမို့အသေးစိတ်အချက်အလက်တွေကိုအောက်ပါ link မှာကြည့်ပါ။
https://fb.me/e/4yMMLAjzq
ခုတလောကြည့်ဖြစ်နေတဲ့ content
YouTube ပေါ်က Mahogany session ဆိုတာနာမည်ကြီးသီချင်းတွေကိုပဲအဆိုတော်တွေကိုယ်တိုင်က acoustic arrangement နဲ့ပြန်ဆိုတဲ့ channel ပါ။ မိုးအေးအေးနဲ့သီချင်းအေးအေးလေးတွေကိုနားထောင်ချင်သူတွေအတွက်တော့အကြိုက်ပေါ့ဗျာ။
https://www.youtube.com/c/MahoganySessions
ကြည့်ဖြစ်တဲ့ဇာတ်လမ်းတွဲ
Stranger Things season 4 vol 1 ကတော့ season 1 ပြီးရင်အကောင်းဆုံးလို့ပြောရမယ်။ Season 3 ကိုသိပ်စိတ်တိုင်းမကျခဲ့ပေမယ့်လည်း season 4 ကတော့တော်တော်အားရစရာကောင်းတယ်။ Will နဲ့ Mike တို့က screen time သိပ်မရခဲ့လို့ဇူလိုင်မှာထွက်မယ့် vol 2 မှာ screen time ပိုရပါစေလို့ဆုတောင်းပါတယ်။