MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် Weekly Letter ဖြစ်ပါတယ်။
ဆိုင်အသစ်
ဒီလ ၁ရက်နေ့ကမှ grand opening လုပ်တဲ့ GOAT Bar ကတော့ admin တို့တောင်မရောက်ဖူးသေးပါဘူး။ Menu တောင်းကြည့်တော့ ပုံမှန် bar snack တွေအပြင် ဒီမောဆိုဝက်သားကင်၊ ရခိုင်ကြက်အာပူဟင်းရည် စတဲ့တိုင်းရင်းသားအစားအစာတွေပါရတာတွေ့ရတယ်။ ရောက်ပြီးသွားတဲ့သူတွေလည်း ကိုယ့်အမြင်ကို comment မှာပြောပြသွားဦးနော်။
ခုတလောစားဖြစ်နေတာ
မိုးအေးအေးလေးနဲ့အလိုက်ဆုံးအစားအစာကတော့ ရခိုင်မုန့်တီပဲဗျ။ မင်းလမ်းနဲ့သာလီစွမှာပဲစားဖြစ်တာများတယ်။ Admin တို့စားဖြစ်ခဲ့တဲ့မုန့်တီဆိုင်တွေအကြောင်း ဒီ link မှာကြည့်နိုင်ပါတယ်။
မရောက်တာကြာလို့ခြေဦးလှည့်ဖို့ပြင်နေတဲ့ဆိုင်
Melia Hotel က high tea ကိုအထူးတလည်မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ အခုဆို ဂျပန်အစားအသောက်တွေနဲ့အပြောင်းအလဲလုပ်ထားတဲ့ Tokyo High Tea ကိုဇွန်လ ၁၂ရက်နေ့ကစပြီး ရနိုင်ပြီလို့သိရတယ်။ Live ramen station လည်းပါဦးမယ့်အပြင် ၂ယောက်စာကိုမှ ၂၅ဒေါ်လာပဲကျသင့်မှာမို့ သွားစားဖို့စဉ်းစားနေပါတယ်။
သွားချင်တဲ့ပွဲ
နောက်အပတ်ထဲ Novotel Yangon Max မှာလုပ်မယ့် ထိုင်းကုန်စည်ပြပွဲကတော့ လတ်တလောစိတ်ဝင်စားနေတဲ့ပွဲပေါ့။ ဒါဇင်နဲ့ချီတဲ့ထိုင်းထုတ်ကုန်တွေအပြင် lucky draw တွေ အဆိုအကဖျော်ဖြေပွဲတွေပါပါမှာမို့သွားကြည့်သင့်ပါတယ်။
16-19 Jun (10am-7pm) | Novotel Yangon Max
ခုတလောကြည့်ဖြစ်နေတဲ့ content
အထွေထွေဗဟုသုတတွေကြည့်ရတာကြိုက်တဲ့ admin အတွက်တော့ TED-Ed YouTube channel ကမကြည့်မဖြစ်ပဲ။ ၅မိနစ်ဝန်းကျင်လောက်ပဲကြာတဲ့ animated video လေးတွေမှာခက်ခဲတဲ့အကြောင်းအရာတွေအကြောင်း အကျဉ်းချုပ်ပြီးရှင်းပြပေးထားတယ်။ Animation တွေကလည်းလှပပြီးချစ်စရာကောင်းလို့ကြည့်ရတာပျင်းစရာကောင်းသွားမှာမဟုတ်ပါဘူး။ Video အားလုံးအင်္ဂလိပ်စာတန်းပါပြီး တချို့ဆိုမြန်မာစာတန်းပါပါပါတယ်။
နားထောင်ဖြစ်နေတဲ့သီချင်း
Aviation ရဲ့ You Were My Everything က ၂၀၀၀ခုနှစ်ဝန်းကျင်လောက်မှာတော်တော်ခေတ်စားတဲ့သီချင်းဗျ။ အဲ့ဒီခေတ်ကအင်တာနက်ဆိုင်တွေ ဂိမ်းဆိုင်တွေထိုင်ဖူးတဲ့သူတော်တော်များများသိတယ်။ အခုတလော nostalgic feeling ဖြစ်နေတာနဲ့ ဒီသီချင်းလေးကိုပြန်နားထောင်ဖြစ်နေတယ်။
ကြည့်ဖြစ်တဲ့ဇာတ်လမ်းတွဲ
ပထမဦးဆုံး episode ၃ခုထွက်ပြီးသွားတဲ့ The Boys Season 3 ပါ။ အခုမှအစဆိုပေမယ့်အရင် season တွေထက်ပိုကြမ်းပိုရမ်းနေပြီ။ Admin အကြိုက် Jensen Ackles လည်းပါတာမို့အရင် season တွေထက်ပိုပြီးစိတ်ဝင်စားနေပါတယ်။