Advertisement

MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် Weekly Letter ဖြစ်ပါတယ်။

သတိထားမိခဲ့တဲ့ဆိုင်အသစ်

တလအတွင်းစားသောက်ဆိုင် ၅ဆိုင်အသစ်ဖွင့်တာသတိထားမိပါတယ်။ အသေးစိတ်ကိုဒီ link မှာကြည့်ပေးပါ။

စားဖြစ်နေတဲ့အစားအစာ

ခုတလောတော့ဆူရှီဓာတ်ကျနေတယ်။ ဂျပန်အစားအသောက်တွေကအဆီပါဝင်မှုနည်းတာမို့ဆီများတာသိပ်မကြိုက်တဲ့ admin ကတော့ကြိုက်တယ်။ Myanmore ဝိုင်းတော်သားတယောက်ရေးထားတဲ့ ဆူရှီဆိုင်ရဗျူးလေးကိုဒီ link မှာဖတ်လို့ရပါတယ်။

မရောက်တာကြာလို့ခြေဦးလှည့်ဖို့စီစဉ်နေတဲ့ဆိုင်

O’Thentic ဆိုတဲ့ပြင်သစ်ဆိုင်လေးကရန်ကုန်ကရှားရှားပါးပါးပြင်သစ်စားသောက်ဆိုင်တွေထဲမှာနာမည်ရနေတဲ့ဆိုင်ပေါ့။ ပြင်သစ်စာမို့ဈေးကြီးမှာပဲလို့မထင်လိုက်နဲ့နော်။ ကျပ်တသောင်းဝန်းကျင်နဲ့စားလို့ရတဲ့ဟင်းပွဲတွေမှအများကြီးပဲ။ ၆နှစ်ကျော်သက်တမ်းရှိနေပြီဖြစ်တဲ့ဆိုင်မို့ရန်ကုန်ကစားသုံးသူတွေအကြိုက်တွေ့နေတယ်ဆိုတာကတော့ငြင်းလို့မရပါဘူး။

သွားဖို့စီစဉ်ထားတဲ့ပွဲ

The Warehouse မှာဝိုင်အသစ် ၄မျိုးကို ၄ခွက်စာ ကျပ် ၂၀၀၀၀ နဲ့မြည်းစမ်းကြည့်လို့ရမယ့်ပွဲလေးရှိပါတယ်။ အမြည်းလိုရင် CIAO ရဲ့ cold cut နဲ့ cheese တွေကိုလည်းဝယ်ယူသုံးဆောင်လို့ရတော့ဘာလိုသေးလဲပေါ့။

1 July (6pm – 9pm) | The Warehouse Myanmar

အလည်သွားမယ့်နေရာ

Admin ကတော့အခုပိတ်ရက် staycation လုပ်ဖို့စီစဉ်ထားတယ်။ Awei Metta ရဲ့ ၂ယောက်စာ Staycation Package ဟာ masage၊ ဘီယာနဲ့ high tea set တွေပါပါလို့တော်တော်တန်ပါတယ်။ ဇူလိုင်တလလုံးရှိမှာဖြစ်ပြီး အသေးစိတ်ကိုဒီ link မှာကြည့်ပါ။

ကြည့်ဖြစ်တဲ့ဇာတ်လမ်းတွဲ

ကျနော်တို့ရဲ့ကလေးဘဝကိုရယ်မောပျော်ရွှင်အောင်လုပ်ခဲ့ပေးတဲ့ Rowan Atkinson ဟာ Man Vs Bee ဆိုတဲ့ဇာတ်လမ်းတွဲလေးနဲ့ ကျနော်တို့ကိုထပ်မံရယ်မောစေပြန်ပါပြီ။ တပိုင်းကို မိနစ် ၂၀၀န်းကျင်လောက်ပဲရှိလို့ကြည့်ရတာသိပ်အားမရသလိုဖြစ်တာကလွဲရင်တော်တော်သဘောကျတဲ့စီးရီးပါ။ Netflix မှာကြည့်လို့ရပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here