မိုးရွာပေမယ့်အမိုးအကာရှိတာမို့ rooftop မှာထိုင်ရမှာမကြောက်ပါနဲ့နော်။ မိုးတိတ်သွားရင်လေပြေအေးအေးလေးကိုလည်းခံစားနိုင်ပါသေးတယ်။
Hti Cafe

ဒီထီးလှလှလေးတွေအများကြီးရှိတဲ့ဆိုင်ကအရမ်းပုံရိုက်လို့ကောင်းတယ်နော်။ အခုဆိုသူ့ main menu အပြင်မက္ကဆီကန်အစားအသောက်တွေပါရနေပါပြီ။ ကော့တေးတွေလည်းရပါတယ်။
အမှတ် ၅၁၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
09 88 77 88 391
4pm – 11pm
Natural Cascade Rooftop Kitchen

၉လွှာမှာရှိတဲ့ဒီဆိုင်လေးကတော့တရုတ်စာ ထိုင်းစာတွေရတယ်။ သူငယ်ချင်းတွေနဲ့သီးသီးသန့်သန့်လေးတွေ့ချင်ရင်လည်း VIP ခန်းတွေရှိတာမို့အဆင်ပြေပါတယ်။
အမှတ် ၇၁၇၊ သဒ္ဒါလမ်း၊ ၄ ရပ်ကွက်၊ တောင်ဥက္ကလာ၊ ရန်ကုန်
09 8911 27676
9am – 9pm
Roof Alchemy

Rooftop bar trend တွေထဲမှာထိပ်ဆုံးကပါခဲ့တဲ့ဒီဘားလေးကအခုနေရာအသစ်မှာလန်းနေဆဲပါပဲ။ ကော့တေးတွေကလည်းအရင်ကလိုဆန်းသစ်နေဆဲပဲ။ Bar snack တွေအပြင် foodie တွေအတွက်ထမင်းနဲ့ခေါက်ဆွဲလိုဟင်းပွဲတွေလည်းရှိပါတယ်။
ဆရာစံဟိုတယ်ခေါင်မိုး၊ ဆရာစံလမ်း၊ ဗဟန်း၊ ရန်ကုန်။
09 254 272 460
4pm – 11pm
Inya View Rooftop Bar

အင်းယားကန်ရှုခင်းကိုတဝကြီးကြည့်လို့ရတဲ့ဆိုင်ပါ။ ကော့တေးနဲ့ drinks တွေအပြင် ဥရောပနဲ့အာရှအစားအစာတွေရတယ်။
အမှတ် ၁၂၊ Inya View Hotel, ကန်ဘဲ့လမ်း ၅၁/၂ မိုင်၊ လှိုင်၊ ရန်ကုန်။
09 409 100 900, 09 409 100 800
11am – 10:30pm
360 Degree Bar

တရုတ်အစားအသောက်တွေအပြင်ရှားရှားပါးပါးအင်းလေးစာတွေပါရတဲ့ဆိုင်လေးပါ။ Live band လေးလည်းရှိတော့ အေးအေးဆေးဆေး chill လို့ကောင်းပါတယ်။
အမှတ် ၁၄၂/က၊ ဂန္ဒမာလမ်း၊ ဘလော့ ၈၊ မရမ်းကုန်း၊ ရန်ကုန်။
01 6555 17, 09 774 414499
7am – 7pm
DATE Bar

ဒိတ်ဘားမှာဒိတ်ပြီးပြီလား။ နာမည်နဲ့လိုက်အောင်ရိုမန်းတစ်ဖြစ်တဲ့နေရာလေးမို့ချစ်သူစုံတွဲလေးတွေအသွားများတယ်။ Menu ကတော့အရှေ့တိုင်းအနောက်တိုင်းအစားအစာတော်တော်စုံပါတယ်။
အမှတ် 146(G)၊ ရွှေနှင်းဆီလမ်း၊ ၉မိုင်၊ မရန်းကုန်း၊ ရန်ကုန်။
09 75 83 53 820
11am – 10pm
Yankin Heights

ကြမ်းပြင်ကနေမျက်နှာကျက်အထိမှန်ပြတင်းပေါက်တွေရှိတယ်။ လေညှင်းခံချင်တယ်ဆိုလည်း outdoor space လေးရှိတယ်။ ဥရောပအစားအသောက်တွေအဓိကရပါတယ်။
Floor R, ၂၉ အောင်ဇေယျလမ်း၊ ရန်ကင်း၊ ရန်ကုန်။
09 445 4444 28
10am – 10pm
Fratello Restaurant & Lounge

သူလည်း rooftop restaurant တွေထဲမှာတော်တော်စောပါတယ်။ ရွှေတိဂုံဘုရားနဲ့ ယုဒသန်ဘုရားကျောင်းကိုမြင်နိုင်တယ်။ အီတလီအစားအစာတွေအဓိကရပါတယ်။
အမှတ် ၅၈၇၊ ပြည်လမ်း၊ The Regency Offices၊ ကမာရွတ်၊ ရန်ကုန်။
09 952 011 666
3pm – 10pm