MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် weekend planner ဖြစ်ပါတယ်။
မြည်းကြည့်ချင်တဲ့အစားအစာ
Peanut butter နဲ့ jelly သုပ်ထားတဲ့ပေါင်မုန့်လေးဆိုရင်အဆာပြေပဲစားစား၊ ညနေခင်းကော်ဖီနဲ့ပဲသောက်သောက် အဆင်ပြေပါတယ်နော်။ နိုင်ငံခြားက peanut butter တွေဝယ်စားမယ့်အစား ပြည်တွင်းဖြစ်ထုတ်ကုန်တွေနဲ့ပဲထုတ်လုပ်ထားတဲ့ NUT Butter ကိုမြည်းစမ်းကြည့်မယ်စိတ်ကူးပါတယ်။ အခုလာမယ့်စနေနေ့ကျရင် NUT Butter က The Central မှာဈေးရောင်းပွဲလုပ်မှာလို့သိရပါတယ်။
မရောက်တာကြာလို့ခြေဦးလှည့်ဖို့စီစဉ်နေတဲ့ဆိုင်
၃လပိတ်ပြီးတဲ့နောက်မှာတော့ The Bind Tiger ပြန်လာပါပြီ။ ဘားမန်နေဂျာအသစ်ဖြစ်တဲ့ Lal Muan Puia ဟာဒီအပတ်သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ လာတဲ့ဧည့်သည်တွေကို သူ့ရဲ့ဆုရကော့တေးဖြစ်တဲ့ Kalay Pop cocktail ကိုတယောက်တခွက်အခမဲ့တိုက်မှာမို့လက်မလွတ်စေနဲ့နော်။
သွားဖို့စီစဉ်ထားတဲ့ပွဲ
Myanmar Women Entrepreneurs Network နဲ့ Junction Square တို့ပူးပေါင်းကျင်းပမယ့် Made in Myanmar ကုန်စည်ပြပွဲဟာပြည်တွင်းထုတ်ကုန်တွေနဲ့တနိုင်တပိုင်လုပ်ငန်းရှင်တွေရဲ့အကြောင်းလေ့လာခွင့်ရမယ့်ပွဲပါ။
(9am-7pm) 15-17 July | (Promotion Area, Ground Floor) Junction Square
အလည်သွားမယ့်နေရာ
နောက်အပတ်အာဇာနည်နေ့ပိတ်ရက်မှာ Sanctuary Ananda ကရန်ကုန်မြစ်အတွင်း ၃နာရီကြာလှေစီးခရီးလေးစီစဉ်ထားပါတယ်။ တယောက်ကို ဒေါ်လာ ၄၀တည်းနဲ့ free flow ဝိုင်နဲ့ tapa တွေစားကြမယ်။ DJ Barefoot ရဲ့တေးသွားတွေနဲ့စီးမျောကြမယ်။ လိုက်မယ်ဆိုညနေ ၄နာရီအရောက်သွားဖို့လိုပါတယ်။ အသေးစိတ်ကိုဒီ link မှာကြည့်ပါ။
ကြည့်ဖြစ်တဲ့ရုပ်ရှင်
ခုတလော Facebook မှာလူပြောများနေတဲ့ Incantation ကြည့်ဖြစ်တယ်ဗျ။ ထိတ်လန့်စရာဇာတ်လမ်းနဲ့ found footage ပုံစံတင်ဆက်မှုတွေကြောင့်ဆွဲဆောင်မှုရှိတယ်။ Jumpscare တွေအသုံးများပြီး plot hole တွေရှိပေမယ့် entertaining တော့ဖြစ်ပါတယ်။