Advertisement

MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် weekend planner ဖြစ်ပါတယ်။

သတိထားမိခဲ့တဲ့ဆိုင်အသစ်

ကန်တော်ကြီးဥယျာဉ်မှာမနက်လေ့ကျင့်ခန်းလုပ်ပြီးဗိုက်ဆာလာရင်စားဖို့ဆိုင်အသစ်လေးတွေ့ထားတယ်။ The Round House Royal Kandawgyi မှာ breakfast menu တော်တော်စုံပြီးလက်ဘက်ရည်ဆိုင်တွေမှာရတတ်တဲ့ရှမ်းခေါက်ဆွဲတို့ ပလာတာတို့လည်းရပါတယ်။ နေရာလေးကတော်တော်လှသလို ဆိုင်အတွင်းဘက်မှာပြင်ဆင်ထားတာတွေကလည်းဓာတ်ပုံရိုက်လို့ကောင်းတယ်။

ချက်ကြည့်မယ့်ဟင်း

ကန်တော်ကြီးထဲကချဉ်ငံစပ်ဆိုရင်မသိသူမရှိပါဘူး။ ဒီဆိုင်လေးကကြက်ကချင်ချက်ကိုအိမ်မှာပဲချက်စားလို့ရပြီနော်။ ချက်နည်းကိုဒီ link မှာကြည့်ပါ။

မရောက်တာကြာလို့ခြေဦးလှည့်ဖို့စီစဉ်နေတဲ့ဆိုင်

Burma Bistro ဟာမြန်မာအစားအစာတွေကိုပဲဆန်းသစ်တီထွင်တဲ့နေရာမှာနာမည်ကြီးပါတယ်။ အခုလည်းမိုးရာသီနဲ့လိုက်ဖက်တဲ့စွပ်ပြုတ် menu ကိုရနေပြီမို့သွားမြည်းကြည့်မယ်စိတ်ကူးတယ်။

သွားဖို့စီစဉ်ထားတဲ့ပွဲ

ခုတလောပန်းချီပြပွဲလေးတွေခပ်စိတ်စိတ်တွေ့လာရတယ်။ ၂၃ရက်နေ့မှာကျင်းပမယ့် July Art Group Show မှာတက်သစ်စပန်းချီဆရာတွေနဲ့ နာမည်ရပြီးပန်းချီဆရာ ၂၀ကျော်ရဲ့လက်ရာတွေကိုကြည့်ရှုနိုင်ပါတယ်။

(10am-6pm) 23-27 July | Neutral Art Gallery

အလည်သွားမယ့်နေရာ

Prudential အာမခံရဲ့ Good Vibe Tribe Festival မှာလေ့ကျင့်ခန်းတွေလုပ်မယ်၊ challenge တွေဝင်ပြိုင်ပြီးဆုလက်ဆောင်တွေယူကြမယ်။ Fitness trainer တွေနဲ့ ဆယ်လီတွေလည်းပါဝင်မှာဖြစ်ပြီး ဇူလိုင် ၃၀ကျရင် Novotel Hotel မှာကျင်းပသွားမှာမို့ အခုကတည်းက register တင်ထားတော့နော်။ ဒီ link မှာတင်ပါ။


Photo Credit: Burma Bistro Facebook

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here