MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် weekend planner ဖြစ်ပါတယ်။
သတိထားမိခဲ့တဲ့ဆိုင်
တိုင်းရင်းသားစားသောက်ဆိုင်ရဲ့ ကျပ် ၇၀၀၀ တန်ဘူဖေးမနက်စာဟာ ရန်ကုန်ရဲ့အတန်ဆုံးနဲ့အမြိန်ဆုံးဘူဖေးတွေထဲကတခုပါ။ အရင်ကစနေ တနင်္ဂနွေမှာသာရပေမယ့် အခုအပတ်ကစပြီး ဗုဒ္ဓဟူးတရက်ပါထပ်တိုးပေးလိုက်ပါပြီ။ မနက် ၇နာရီကနေ ၁၁နာရီထိရပါတယ်။
ချက်ကြည့်မယ့်ဟင်း
ခိုင်ခိုင်ကျော်မြန်မာထမင်းဆိုင်ရဲ့ပင်လယ်စာဟင်းကိုချက်ကြည့်မယ်စိတ်ကူးပါတယ်။ အမယ်များပြီးပြင်ဆင်ချိန်ကြာပေမယ့်စိတ်ရှည်ရှည်ချက်ရင်အရမ်းအရသာရှိတဲ့ဟင်းမို့စမ်းချက်ကြည့်ပါနော်။
မရောက်တာကြာလို့ခြေဦးလှည့်ဖို့စီစဉ်နေတဲ့ဆိုင်
Toast & Melt ဟာဆိုင်ခဏပိတ်သွားပြီး အခုနေရာအသစ်မှာမီနူးအသစ်နဲ့ပြန်လာပါပြီ။ Admin တို့စားနေကျနဲ့မတူတဲ့ဆင်းဒွစ်ချ်မီနူးအသစ်ကိုမြည်းကြည့်မယ်စိတ်ကူးပါတယ်။
သွားဖို့စီစဉ်ထားတဲ့ပွ
The Community နဲ့ Prevent Plastics Myanmar တို့ပူးပေါင်းကျင်းပတဲ့အထည်လုပ်ငန်းတွေမှာပလတ်စတစ်အသုံးပြုမှုအကြောင်းအသိပညာပေးဆွေးနွေးပွဲလေးကိုသွားကြည့်မယ်စိတ်ကူးပါတယ်။
29-31 Jul (10am-6:30pm) | KanTharYar Shopping Centre
အလည်သွားမယ့်နေရာ
Care ဆိုတဲ့ပွဲလေးက activity လေးတွေလုပ်ရင်းမိတ်ဆွေသစ်တွေရှာဖို့၊ ကိုယ့်သူငယ်ချင်းအချင်းချင်းကြားခင်မင်မှုတွေတိုးစေဖို့၊ ကိုယ့်ခံစားချက်တွေကိုရင်ဖွင့်ဖို့ရည်ရွယ်တဲ့ပွဲလေးပါ။ အပင်စိုက်ကြမယ်၊ VR game တွေဆော့မယ်၊ တားရော့ဗေဒင်ဖတ်ကြမယ်။
28 Jul-1 Aug (10am-5pm) | Goethe-Institut Myanmar
Photo credit: Khaing Khaing Kyaw