Advertisement

MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် weekend planner ဖြစ်ပါတယ်။

သတိထားမိခဲ့တဲ့ဆိုင်အသစ်

French Institute မှာ Pann Chan လို့အမည်ပေးထားတဲ့ကော်ဖီဆိုင်လေးအသစ်ဖွင့်တာသတိထားမိတယ်။ Community event လေးတွေလုပ်လေ့ရှိပြီးမနက်ဖြန်ဆိုရင် indie band General Tiger Gun ရဲ့အယ်ဘမ်သစ်မိတ်ဆက်ပွဲရှိပါတယ်။

မြည်းကြည့်ချင်တဲ့အစားအစာ

ဟင်းနုနွယ်နဲ့လုပ်ထားတဲ့ဆီချက်ခေါက်ဆွဲစားဖူးကြလား။ Admin တို့လည်းမစားဖူးလို့မြည်းကြည့်မယ်စိတ်ကူးနေတာ။ သက်သတ်လွတ်ခေါက်ဆွဲဖြစ်ပြီး တပွဲကို ၂၅၀၀ကျပ်ပါ။ Organic Valley page ကနေမှာနိုင်ပါတယ်။

Credit: Organic Valley Facebook

သွားဖို့စီစဉ်ထားတဲ့ပွဲ

LGBTQ+ ဖြစ်တည်မှုအကြောင်းခြယ်မှုန်းတင်ပြထားတဲ့ Unapologetically Queer ပန်းချီပြပွဲဟာ ဇူလိုင် ၁၀ရက်နေ့ကျရင်ပြီးမှာဖြစ်ပါတယ်။ အဲ့ဒီနေ့ညနေ ၃နာရီမှာ ပြပွဲမှာပါဝင်တဲ့ပန်းချီဆရာတွေနဲ့ curator ကြားက talk session လေးရှိပါတယ်။

3pm – 5pm | Myanm/art

မရောက်တာကြာလို့ခြေဦးလှည့်ဖို့စီစဉ်နေတဲ့ဆိုင်

Cafe Deja Brew ဆိုတာ retro ဆန်ဆန်ကော်ဖီဆိုင်လေးတွေထဲမှာအစောဆုံးလို့ပြောရမယ်။ ၂၀၁၉ နှစ်စလောက်ကဖွင့်လှစ်ခဲ့တာဖြစ်ပြီးတနှစ်လောက်အကြာမှာပဲဆိုင်ခွဲဖွင့်နိုင်ခဲ့တဲ့အထိကိုအောင်မြင်တယ်။ မရောက်တာကြာလို့ဒီအပတ်ပိတ်ရက်သွားရင် open toast လေးတွေမြည်းကြည့်မယ်လို့စိတ်ကူးပါတယ်။

Credit: Cafe Deja Brew Facebook

အလည်သွားမယ့်နေရာ

Kokkoya ခြံဟာမြို့လယ်ကောင်နဲ့နီးတဲ့အော်ဂဲနစ်စိုက်ပျိုးခြံလေးပါ။ သက်သတ်လွတ်အစားအသောက်တွေရတဲ့ကော်ဖီဆိုင်လေးလည်းရှိတဲ့အပြင် ခြံထဲမှာလမ်းလျှောက်ရင်းအပန်းဖြေလို့လည်းရပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here