MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် weekend planner ဖြစ်ပါတယ်။
လက်ရှိခေတ်စားနေတဲ့အစားအသောက်
လာမယ့်စက်တင်ဘာမှာဆိုရင်တရုတ်ရိုးရာလမုန့်ပွဲတော်ကျရောက်တော့မှာဖြစ်လို့ ဆိုင်တော်တော်များများမှာလမုန့်လက်ဆောင်တွေဝယ်လို့ရနေပါပြီ။ Melia Yangon, Pan Pacific နဲ့ Parkroyal တို့လို့ဟိုတယ်တွေမှာဆိုရင်လှပတဲ့ထုပ်ပိုးမှုတွေနဲ့အတူအထူးဈေးနှုန်းတွေနဲ့ရောင်းပေးနေတယ်။ Xiao Er Chinese Cuisine နဲ့ Phd.Cooking Myanmar တို့လို့ဆိုင်တွေကလည်းမှာယူလို့ရသလို City Mart နဲ့ Marketplace လိုဆိုင်တွေမှာလည်းဝယ်လို့ရပါတယ်။
လက်လွတ်မခံသင့်တဲ့ပရိုမိုးရှင်း
Melia Yangon ရဲ့ Come 3 Pay 2 ဘူဖေးတွေမှာဆိုရင် တယောက်ကို ၂၅ဒေါ်လာကျသင့်မှာဖြစ်ပြီး ၃ယောက်သွားတာနဲ့ ၂ယောက်စာပဲပေးရမှာပါ။ သောကြာနေ့မှာ dinner ရှိပြီး စနေနေ့မှာဆိုရင်တော့ lunch ကော dinner ကောရှိပါတယ်။ 09 940 407 700 နဲ့ 01 934 5000 တွေကိုဆက်သွယ်ပြီးအသေးစိတ်အချက်အလက်တွေမေးမြန်းနိုင်သလို ဘွတ်ကင်လည်းတင်နိုင်ပါတယ်။
သွားကြည့်သင့်တဲ့ဆိုင်
Rangoon Tea House ကအထူးအထွေမိတ်ဆက်ပေးစရာမလိုတဲ့ဆိုင်ပါ။ အခုဆိုရင် ဂျပန်စတိုင် bar snack တွေလည်းရနေပြီဖြစ်ပြီး rainy days promotion တွေလည်းရှိတာမို့မရောက်တာကြာရင်သွားလည်ကြည့်လိုက်ပါဦးနော်။
သွားသင့်တဲ့ပွဲ
အိမ်မှာ ၁၂နှစ်အောက်ကလေးရှိတဲ့သူဆိုရင်တော့ French Institute ရဲ့ Youth Workshop ကိုသွားသင့်တယ်ဗျ။ ဒီအပတ်မှာဆိုရင် Le Tableu လို့ခေါ်တဲ့ကာတွန်းရုပ်ရှင်ကိုကြည့်ပြီးကလေးတွေအချင်းချင်းသူတို့အမြင်တွေကိုဆွေးနွေးမှာပါ။ သူငယ်ချင်းသစ်လည်းတိုးသလို အတွေ့အကြုံသစ်တွေလည်းရနိုင်ပါတယ်။
(10:30am – 12:30am) 13 August | French Institute Myanmar
သွားသင့်တဲ့ပွဲ ၂
ဒါကတော့ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ရည်ရွယ်တဲ့သူတွေအတွက်ပါ။ Myanmar Product Promotion Fair ဟာပြည်တွင်းကလုပ်ငန်းရှင်တွေအချင်းချင်းတွေ့ဆုံပြီးအတွေ့အကြုံတွေဖလှယ်ဖို့ စားသုံးသူတွေနဲ့ထိတွေ့ဖို့ကျင်းပတာဖြစ်ပါတယ်။
(9am – 5pm) 19-21 August | Kantharyar Shopping Center