Advertisement

MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် weekend planner ဖြစ်ပါတယ်။

သတိထားမိခဲ့တဲ့ပွဲ

Chatrium ရဲ့ပထမဆုံးသောဈေးပွဲတော်ကို Together for Community နဲ့ပူးပေါင်းပြီး သြဂုတ်လ ၂၁ ရက်နေ့မှာကျင်းပသွားမယ်လို့သိရပါတယ်။ လက်မှုပစ္စည်း၊ အဝတ်အထည်၊ လယ်ယာထွက်ကုန်၊ ပြည်တွင်းပြည်ပစားသောက်ကုန်တွေနဲ့ အိမ်တွင်းပစ္စည်းအလှဆင်ဆိုင်တွေစုစုပေါင်း ၄၀ပါဝင်မှာပါ။ ဒီ link မှာ register လုပ်ပေးပါ။

(10am – 4pm) 21 Aug | Chatrium Hotel Royal Lake Yangon

စမ်းလုပ်ကြည့်မယ့် recipe

မြန်မာ့ရိုးရာမုန့်ဆိုရင် Tint Tint မြန်မာမုန့်မျိုးစုံကိုမသိတဲ့သူတော်တော်ရှားပါတယ်။ အခုစနေနေ့မှာ Tint Tint ရဲ့ပဲ့ကိုင်ရှင် မရွှေရည်ဖြိုးကိုယ်တိုင်မြန်မာမုန့် ၃မျိုးလုပ်နည်းကိုသင်ပေးမယ့်သင်တန်းရှိပါတယ်။ Kokkoya Organics နဲ့ပူးတွဲကျင်းပတဲ့ဒီသင်တန်းဟာ မနက် ၁၀နာရီကနေ ၁နာရီအထိကြာမြင့်မှာဖြစ်ပြီး နေ့လယ်စာအပါအဝင် ကျပ် ၅၀၀၀၀ ကျသင့်မှာပါ။ ကိုယ်တိုင်လုပ်ထားတဲ့မုန့်လေးတွေအိမ်ပြန်ယူသွားချင်တယ်ဆိုရင် ဘူးလေးတဘူးလောက်ယူသွားနော်။ ဒီ link မှာ register လုပ်ပါ။

(10am – 1pm) 20 Aug | Kokkoya Organics

မရောက်တာကြာလို့ခြေဦးလှည့်မယ့်ဆိုင်

ရှမ်းရိုးရာဆိုတာတိုင်းရင်းသားစားသောက်ဆိုင်တွေထဲမှာထိပ်ဆုံးကနေရာယူထားတဲ့ဆိုင်တဆိုင်ပါ။ ၁၀စုနှစ်တခုနီးပါးသက်တမ်းရှိနေပြီဖြစ်ပြီး ဆိုင်ခွဲ ၂ခုနဲ့ပရိသတ်အခိုင်အမာရထားပါတယ်။ မရောက်တာကြာလို့ဒီပိတ်ရက်မှာသွားမယ်လို့စိတ်ကူးပါတယ်။

Foodie တွေလက်လွတ်မခံသင့်တဲ့ပွဲ

Novotel ဟိုတယ်က Le Cellier စားသောက်ဆိုင်မှာ fine dining ဆန်ဆန် a la carte ဟင်းပွဲတွေကို ၂နာရီတိတိကြိုက်သလောက်စားခွင့်ရမယ်ဆိုရင်ဘယ်လိုလဲ။ ဈေးကလည်းတယောက်ကိုမှ ကျပ် ၇၅၀၀၀ ပဲကျမှာနော်။ 09 4440 8888 2 ကိုဆက်သွယ်ပြီးအသေးစိတ်စုံစမ်းနိုင်ပါတယ်။

(12pm – 4pm) 20 Aug | Novotel Yangon Max

ခရီးတိုသွားသင့်တဲ့နေရာ

လှေလှော်တယ်ဆိုတာစိတ်အပန်းလည်းပြေသလိုသူငယ်ချင်းတွေနဲ့ရင်းနှီးမှုတိုးစေတဲ့အားကစားပါ။ မြန်မာ့ဂုဏ်ဆောင်ဧရာဝတီမြစ်ကြီးပေါ်မှာလှေလှော်နိုင်မယ့် ခရီးသွား package တွေကို One Myanmar မှာစုံစမ်းနိုင်ပါတယ်။


Cover photo credit: Shan Yoe Yar Facebook

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here