MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် weekend planner ဖြစ်ပါတယ်။
သတိထားမိခဲ့တဲ့ဆိုင်
Goethe Institute ထဲက Goethe Cafe ဟာ ၂နှစ်ကျော်လောက်ပိတ်သွားခဲ့ပြီး ဒီလမှာပြန်ဖွင့်ပါပြီ။ တနင်္လာနေ့ကနေစနေနေ့အထိ မနက် ၉နာရီကနေ ၆နာရီအတွင်းဖွင့်လှစ်ထားပါတယ်။
လက်လွတ်မခံသင့်တဲ့ပရိုမိုးရှင်း
အင်းယားလိတ်ဟိုတယ်ရဲ့ Sunday Brunch ဟာလူကြီးတယောက်ကို ၃၄ဒေါ်လာ၊ ကလေးတယောက် ၁၇ဒေါ်လာသာကျသင့်မှာဖြစ်ပြီး ပင်လယ်စာ၊ ဆူရှီနဲ့ ဝက်ကလေးကင်အပါအဝင်ကမ္ဘာတဝှမ်းကအစားအသောက်တွေကို ၃နာရီအတွင်းအဝစားနိုင်မှာပါ။ Sparkling wine နဲ့ beverage တွေပါတဲ့အပြင် အခမဲ့ရေကူးခွင့်လည်းပါပြီးဆိုတော့ဘာလိုသေးလဲပေါ့။ 09942842866 (သို့) 09942942866 ကိုဆက်သွယ်ပြီးဘွတ်ကင်တင်နိုင်ပါတယ်။
11:30am – 2:30pm | 28 Aug
မရောက်တာကြာလို့ခြေဦးလှည့်မယ့်ဆိုင်
Cafe Sule ရဲ့ သောကြာနေ့ပင်လယ်စာညစာကိုမြည်းကြည့်ပြီးပြီလား။ လူကြီးတယောက် ၃၈ဒေါ်လာ၊ ကလေးတယောက် ၁၉ဒေါ်လာကျသင့်မယ့်ဒီညစာဟာ ဂဏန်း၊ ရေဘဝဲ၊ ပုစွန်တွေအပြင် ဆယ်မွန်ဆာရှိမိပါပါဦးမှာပါ။ အချိန်ကလည်း ၄နာရီတောင်ပေးထားတာမို့မိတ်ဆွေတွေနဲ့စကားပြောရင်း အေးအေးဆေးဆေးသုံးဆောင်နိုင်ပါတယ်။ 01 824 2828 (သို့) 09 78796 0666 ကိုဆက်သွယ်ပြီးဘွတ်ကင်တင်လိုက်ပါ။
5pm – 9pm | 26 Aug
ဗဟုသုတရစရာ webinar
Doh Eain က Go Green Yangon လို့ခေါ်တဲ့ webinar တခုကို ၂၇ရက်နေ့မှာစီစဉ်ထားပါတယ်။ ဒီ webinar မှာဆိုရင် Sein Mya Living Lifestyle၊ Kokkoya Organics နဲ့ Thant Myanmar တို့ကမြို့ပြအပင်စိုက်ပျိုးနည်းနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုမျှဝေပေးသွားမှာပါ။ အသေးစိတ်ကိုဒီ link မှာလေ့လာပါ။ ဒီ link မှာ register တင်နိုင်ပါတယ်။
(5pm – 7pm) 27 Aug | Webinar (Zoom Platform)
အလည်သွားမယ့်နေရာ
Tree Land ဟာရန်ကုန်နဲ့အနီးအနားမှာပဲအသစ်ဖွင့်လှစ်လိုက်တဲ့အပန်းဖြေနေရာလေးတခုပါ။ ဧက ၄၀ကျယ်ပြီး ရေကန်လေးတခုလည်းရှိပါသေးတယ်။ ဝင်ကြေး တယောက် ၁၀၀၀ကျပ်ကျသင့်မှာဖြစ်ပြီး အနားယူဖို့တဲလေးတွေကို ကျပ် ၁၀၀၀၀ နဲ့ငှားနိုင်ပါတယ်။ စားသောက်ဆိုင်လေးတဆိုင်လည်းရှိပါတယ်။ ညအိပ်နေလို့မရပေမယ့် နေ့ချင်းပြန်ခရီးတိုလေးထွက်ဖို့သင့်လျော်တဲ့နေရာလေးပါ။ ရန်ကုန်နဲ့အနီးတဝိုက်ကအပန်းဖြေစခန်းလေးတွေအကြောင်းသိချင်သေးရင် ဒီ link မှာဖတ်ရှုနိုင်ပါတယ်။
ရန်ကုန်-ပဲခူးလမ်းဟောင်း၊ တောင်ကြီးကွေ့ကျေးရွာ၊ အင်းတကော်၊ ပဲခူး။
09 88223 1212 (ဘွတ်ကင်တရက်ကြိုတင်ပါ)
Cover photo credit: Tree Land Facebook